အကျိုးပေးသောလုပ်ငန်းတွက်စစ်နည်း
အကျိုးပေးသောလုပ်ငန်းတွက်စစ်နည်း
-----------------------------------------
လွယ်ကူစွာဖြင့် မိမိတို့ဘ၀အကျိုးပေးလုပ်ငန်း တွက်စစ်နိုင်သော ရှေးမြန်မာ့လက် ဆန်း ဗေဒင်နည်းပညာတစ်ခုကို ဖော်ပြပေးလိုက်ပါသည်။ ရှေးခေတ်ပညာရှင်ကြီးအချို့သည် ဤနည်းဖြင့် လူတစ်ဦးတစ်ယောက်၏ အကျိုးပေးအလိုက် ငယ်စဉ်ကာလမှ စတင်တွက် ချက်ပြီး မြေတောင်မြှောက်ပေးလေ့ရှိကြောင်းလည်း မှတ်သားရဖူးသည်။
“မင်း ကုန် မတ် ဌေး လက် ရုံး ဒွေး ” ဟူသော အုပ်စု (၇) စုကို မှတ်သား ဦးစွာ မှတ်သားထားရပါမည်။ မိမိတို့ မြန်မာမွေးသက္ကရာဇ်ကို (၇)ဖြင့်စားပြီး အကြွင်းကို မှတ်သားထားပါ။ မိမိ မွေးနေ့နှင့် ကြွင်းသော အကြွင်းအလိုက် မည်သည့်အုပ်စု ဖြစ်ကြောင်းကို ကြည့်ယုံဖြင့် မိမိအကျိုးပေးလုပ်ငန်းကို သိနိုင်ပါပြီ။ လွယ်ကူစွာ နားလည် စေရန် ဇယားဖြင့် ဖော်ပြပေးလိုက်ပါသည်။ (ပုံတွင်ကြည့်ပါ)
အပေါ်အလျားလိုက်သည် “မင်း ကုန် မတ် ဌေး လက် ရုံး ဒွေး ” ဟူသော အုပ်စု (၇) စုဖြစ်ပြီး ဘေးဒေါင်လိုက်သည် တနင်္ဂနွေ အစ ၊ စနေအဆုံး ၇ -နေ့သားသမီးဖြစ်သည်။ နေ့သား လိုက် ၇ဖြင့်စား၍ရသော အကြွင်းအလိုက် ဂဏန်းအရ မည်သည့်အုပ်စုတွင် ပါ၀င်ပတ် သက်နေသည်ကို ကြည့်ပြီး သိနိုင်ပါသည်။
ဥပမာ-
***မိမိသည် တနင်္လာသားသမီး ဆိုပါက မိမိမြန်မာမွေးသက္ကရာဇ် ကို (၇)ဖြင့်စား က (၃)ကြွင်းသည်ဆိုပါစို့ ။တနင်္လာသားသမီးနှင့် အတန်းလိုက်တွင် (၃)ကိုတွေ့ရမမည်။ အပေါ်ဆုံး အုပ်စုတန်းကိုကြည့်သော် “ဌေး” အုပ်စုတွင်ကျရောက်မည်ဖြစ်သည်။ မိမိအကျိုးပေးလုပ်ငန်းကို ဌေး အုပ်စုတွင် ဖတ်ရန်ဖြစ်ပါသည်။
***မိမိသည် သောကြာသားသမီးဖြစ်ပီး မိမိမြန်မာမွေးသက္ကရာဇ်ကို (၇)ဖြင့်စားက (၄)ကြွင်းမည်ဖြစ်သည်။ ထို့ကြောင့် သောကြာသားသမီးနှင့်အတန်းလိုက်ကိုကြည့် ၍ (၄)နေရာကိုထောက်ပီး အပေါ်တန်းကို ကြည့်လျှင် “ကုန်” အုပ်စုတွင် ကျရောက်သော ကြောင့် ကုန် အုပ်စုနှင့်ပက်သက်သော လုပ်ငန်းဖြစ်သည်။
လုပ်ငန်း (၇)အုပ်စုအလိုက် အကျိုးပေးလုပ်ငန်းများ၏ အဓိပ္ပါယ်
========================================
“မင်း” - အုပ်စုတွင်ရောက်သောသူများသည် အုပ်ချုပ် စီမံခန့်ခွဲရသောလုပ်ငန်းများ၊ အစိုးရဆိုင်ရာ မင်းမှုထမ်းလုပ်ငန်း၊ ပုဂ္ဂလိက၀န်ထမ်း၊ မန်နေဂျာ ၊ ရဟန်းသံဃာ ၊ ဟောပြောမှုပြုရသူများ၊ အတတ်ပညာ၊ ကိုယ်ကျင့်တရား ၊ သိက္ခာတို့ကို အခြေခံ၍ စီမံဦးစီးရသောလုပ်ငန်းများအကျိုးပေးသည်။
“ကုန်” - အုပ်စုတွင်ရောက်သောသူများသည်သည် ကုန်သွယ်ရေးရာ စျေးကွက်စီးပွားရေး၊ အရောင်း၀ယ်လုပ် ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ လက်လီလက်ကား လုပ်ငန်းများ၊ စတိုးဆိုင်များ၊ ကုန်စည် ရောင်း၀ယ်ဖောက်ကားခြင်း၊ သွင်းကုန်ထုန်ကုန်လုပ်ငန်း စသည့်စီးပွားရေးနှင့် ကုန်သည် လုပ်ငန်းများအကျိုးပေးသည်။
“မတ်” - အုပ်စုတွင်ရောက်သောသူများသည် အကြံပေးသောသူများ ၊ ကျောင်းဆရာ၊ ရှေ့နေရှေ့ရပ်၊ ဗေဒင်ဆရာ၊ လုပ်ငန်း အတိုင်ပင်ခံ၊ အကြံပေး၊ စကားပြောလုပ်ငန်းနှင့် အတတ်ပညာပူးတွဲ၍ သူတပါးနှင့် အတိုင်ပင်ခံသော လုပ်ငန်းများ အကျိုးပေးသည်။
“ဌေး” -အုပ်စုတွင်ရောက်သောသူများသည် ငွေနှင့်ရင်း၍ လုပ်ကိုင်သော လုပ်ငန်းများ၊ ငွေကြေးနှင့် အလုပ်လုပ်၍ ငွေရှာသောသူများ၊ ငွေရင်းနှီးမြုပ်နှံ၍ လုပ်ငန်းလုပ်သော စတော့ရှယ်ယာကဲ့သို့ ယခု ကာလလုပ်ငန်း၊ အပေါင်ခံလုပ်ငန်း၊ ငွေစုငွေချေးလုပ်ငန်း၊ ချမ်းသာမှုကို စွန့်ခွာပြီး ငွေနှင့်ရင်း၍ ဆောင်ရွက်သူများစသော လုပ်ငန်းများ အကျိုးပေးသည်။
“လက်” - လက်မှုပညာ၊ အနုပညာ၊ လက်နှင့်ပြုလုပ်ဆန်းသစ်သော ပန်းချီ၊ ပန်းပု၊ အစရှိ သောပန်းလုပ်ငန်းများ ၊ အနုပညာဆန်သော ပန်းထိမ်လုပ်ငန်း၊ တည်ဆောက်ရေးလုပ် ငန်း၊ အလှဆင်မှုလုပ်ငန်း၊ အစရှိသော လက်မှု အတတ်ကျွမ်းကျင်မှုနှင့် အသေးစိတ် အနုစိတ် လုပ်ရသော လုပ်ငန်းများကို အကျိုးပေးသည်။
“ရုံး” - ကိုယ်နှင့် ရုန်းကန်၍ လုပ်ရသော လက်ရုံး လုပ်ငန်းများကို ဆိုလိုသည်။ ကိုယ် ကာယအလှ ၊ ကိုယ်ကာယလေ့ကျင့်မှုလုပ်ငန်း၊ အားကစားကို အခြေခံလုပ်ငန်း၊ ယဉ် ကားမောင်းနှင်မှု၊ စိုက်ပျိုးမွေးမြူရေး၊ လွှတိုက်၊ လှေထိုးစသည့် ကိုယ်ကာယ စွမ်းရည် နှင့် ပင်ပန်းခံနိုင်မှု စွမ်းအားကို အခြေတည်သော လုပ်ငန်းများ ၊ ရုပ်ရည်ရူပကာယကို အခြေတည်သော ပညာရှင်များလုပ်ငန်းများ အကျိုးပေးသည်။
“ဒွေး” -အုပ်စုတွင်ရောက်သောသူများသည် ဒွေးရောယှက်တင် အများနှင့် ယှဉ်ပြီး လုပ်ရသောလုပ်ငန်းများ ၊ ကာလအလိုက်၊ အနေအထားအလိုက် အကျိုးပေးသောလုပ်ငန်းများကို ရွေးပြီး ငွေကြေးမြုပ်နှံ၍ လုပ် သောလုပ်ငန်းများ၊ ပွဲစားလုပ်ငန်း၊ ၀ယ်ရောင်းလုပ်ငန်းများ အကျိုးပေးသည်။
ဤလုပ်ငန်းအုပ်စု(၇)မျိုးသည် အခြေခံကို တင်ပြထားသည်ဖြစ်ရာ ပရိယာယ်အလိုက် အလုပ် အနေထားများကို လက်ရှိ ခေတ်ကာလအလိုက် ရှိသော လုပ်ငန်းများနှင့်ယှဉ်၍ အုပ်စု တူဖွဲ့ရနိုင်သည်။
ဤအတိုင်း လက်တွေ့ ကိုယ်တိုင်လည်း တွက်စစ်နိုင်သည်။ တစ်ပါးသူအားလည်း တွက်စစ် အကြံပြုပေးနိုင်ပါသည်။
Comments
Post a Comment