မြန်မာနိုင်ငံတွင် ယနေ့ည သန်းခေါင်ယံအချိန် ကြယ်မိုးအများဆုံးရွာသွန်းမည့်ဖြစ်စဉ်ကို တွေ့မြင်နိုင်မည်

 

မြန်မာနိုင်ငံတွင် ယနေ့ည သန်းခေါင်ယံအချိန် ကြယ်မိုးအများဆုံးရွာသွန်းမည့်ဖြစ်စဉ်ကို တွေ့မြင်နိုင်မည်

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ယခုနှစ်၏ ကြယ်မိုးအများဆုံး ရွာသွန်းသည့်ဖြစ်စဉ်ကို အချိန်ကွဲပြားပြီးတွေ့မြင်ရမည်ဖြစ်ကြောင်း နိုင်ငံတကာမှ နက္ခတ္ထဗေဒအဖွဲ့အစည်းများက ပြောဆိုထားသည်။

 

မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် ယနေ့ ညသန်းခေါင်ယံမှစ၍ ဒီဇင်ဘာ ၁၅ ရက် နေမထွက်မီ အချိန်အထိ ထိုဖြစ်စဉ်ကို မြင်တွေ့နိုင်မည်ဖြစ်သည်ဟု ဆိုသည်။

 

Geminids Meteor Shower အမည်ရှိ အဆိုပါ ကြယ်မိုးရွာသွန်းခြင်းသည် မိမိတို့၏ ကမ္ဘာဂြိုဟ်နှင့် အလားတူ နေကို သတ်မှတ်လမ်းကြောင်းတစ်ရပ်ဖြင့် လှည့်ပတ်နေသည့် 3200 Phaethon ဥက္ကာပျံမှ အကြွင်းအကျန်များ ကမ္ဘာ့လေထု အစွန်ပိုင်းအလွှာသို့ ဖြတ်သန်းပွတ်တိုက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

 

အဆိုပါ ဖြစ်စဉ်တစ်ရပ်လုံး၏ Peak Time ခေါ် အများဆုံးကျဆင်းချိန်သည် ယနေ့ညသန်းခေါင်ယံ အချိန်တွင်ဖြစ်ပြီး ပျမ်းမျှ တစ်နာရီတွင် ကျဆင်းသည့် ကြယ်မိုးပေါင်း ၁၂၀ မှ ၁၅၀ ကြားအထိ မြင့်တက်တည်ရှိနိုင်ကြောင်း ပညာရှင်များ၏ ခန့်မှန်းချက်အရ သိရသည်။

 

၎င်းကြယ်မိုးရွာသည့် ဖြစ်စဉ်ကို ကမ္ဘာ့နိုင်ငံအားလုံးနီးပါး မြင်တွေ့ရနိုင်ဖွယ်ရှိပြီး မြို့ပြအလင်းရောင်နှင့် ကင်းဝေး၍ ကောင်းကင်မြင်ကွင်း အပြည့်မြင်ရသည့် နေရာများတွင် အရှေ့ဘက်သို့ စောင့်ကြည့်ပါက ထင်ထင်ရှားရှား တွေ့မြင်ရနိုင်သည်။


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ