သင့်အား မုချ ကြီးပွားချမ်းသာကြွယ်စေမည့် ရတနာသေတ္တာ လုပ်နည်း

 

သင့်အား မုချ ကြီးပွားချမ်းသာကြွယ်စေမည့် ရတနာသေတ္တာ လုပ်နည်း


မဟာဘုတ်နှင့် ရတနာသေတ္တာ လုပ်နည်းပါ။ အရမ်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အရမ်းလည်း ကောင်းပါတယ်။ လူတိုင်းလည်း လုပ်ထားသင့်ပါတယ်။ ကျွန်တော်တို့ မဟာဘုတ်ပညာမှာ ဌာနအားဖြင့် (၇)ဌာန ရှိတယ်။ အောက်မှာ ပုတိရယ် ဘင်္ဂရယ် မရဏရယ် အပေါ်မှာက အထွန်းရယ် သိုက်ရယ် ရာဇရယ် အဓိပတိရယ် ဆိုပြီး နေရာ (၇)ဌာနရှိတယ်။ အဲဒီ (၇)ဌာနမှာက သူ့နေရာနှင့် သူ အဓိပ္ပါယ်တွေ ရှိနေတယ်။

အဲဒီ (၇)ဌာနထဲမှာ အရမ်း စိတ်ဝင်စားစရာ ကောင်းတဲ့ နေရာ တစ်ခု ရှိတယ်။ အလယ်က သိုက်ဆိုတဲ့ နေရာလေးပဲ။ သိုက်ဆိုတဲ့ သဘောက လုံခြုံတဲ့ ၊ စေ့စပ်တဲ့ အကာအကွယ် ဖြစ်စေတဲ့ သဘောရှိတယ်။ ပုံလေးကို ကြည့်လိုက်ပါလား။ သူက ဒီပြင့် နေရာတွေနဲ့ မတူဘူးလေ။ အလယ်မှာ သူ့ကို လေးဘက်လေးတန် ကာရံထားတယ်။ သူ့နေရာကလေးက ဘယ်လောက် လုံခြုံနေသလဲ။

အခု ကျွန်တော်တို့ ဘဝမှာ ကိုယ်တိုင်ကြိုးစားရှာဖွေလို့ ရရှိထားတဲ့ ပစ္စည်း ဥစ္စာ ဓနငွေကြေးတွေကို လုံလုံခြုံခြုံ ဖြစ်အောင် သိမ်းဆည်းထားဖို့ အတွက် ဂမ္ဘီရနည်းနဲ့ သေတ္တာလေး တစ်လုံးလောက် စီရင်ထားရင် ကောင်းမယ်။ အဲဒီသေတ္တာလေးထဲကို မိမိနေ့စဉ် လစဉ် ဝင်သမျှ ငွေကြေးတွေကို ထည့်ထားပေါ့။ သေတ္တာလေး ကိုတော့ ရတနာသေတ္တာ ဆိုတဲ့အတိုင်း ရွှေချထားတာ ကောင်းတယ်။ တတ်နိုင်တဲ့ လူတွေကတော့ ကျောက်တွေ ဘာတွေ စီထားလို့ရတာပေါ့။

အဲဒီသေတ္တာ ပေါ်မှာတော့ (ကိုယ့်နာမည်၏ ရတနာသေတ္တာ)အထဲမှာတော့ အောက်ခံအဖြစ် ကတ္တီပါစတွေ ပိုးအစတွေကို အခံအဖြစ် ထည့်လို့ရပါတယ်။ နေ့စဉ် ရေမွှေးတွေ ဘာတွေ ဆွတ်ဖြန်းပေးပါ။ အပြင်ဘက်မှာတော့ ရွှေရောင် သော့ခလောက်လေး ခပ်ထားရမယ်။

တစ်ချို့ ပုတီးစိပ်တာတွေ ဘာတွေ ဝါသနာပါတဲ့လူတွေကတော့ ကိုယ့်ရဲ့ ရတနာသေတ္တာလေးကို ရှေ့မှာ ချပြီး ပုတီးစိပ်လို့ ရပါတယ်။ အမွှေတိုင်တွေ ထွန်းချင်ရင်လည်း ထွန်းလို့ ရပါတယ်။ အရေးကြီးတာက ကိုယ်ဆီကို အကြောင်းအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ ငွေတွေကို အဲဒီသေတ္တာထဲကို အရင်ထည့်ရမယ်။ သေတ္တာလေး ပြည့်လျှံလာလို့ တစ်နေရာမှာ သိမ်းထား ချင်တယ်ဆိုရင်တော့ သိမ်းထားလို့ရပါတယ်။

မဟာဘုတ် အကြွင်းကို သိရပြီ ဆိုရင်တော့ အောက်မှာ ဘာကြွင်းရင် ဘာသားနှင့် လုပ်ရမယ်ဆိုတာကို ကျွန်တော် ရေးပေး လိုက်ပါတယ်။

မဟာဘုတ် (၁) ကြွင်းသူများ - ဇီးသားနှင့် လုပ်ပါ။
မဟာဘုတ် (၂) ကြွင်းသူများ - လင်းလွန်းသားနှင့် လုပ်ပါ။
မဟာဘုတ် (၃) ကြွင်းသူများ - ပျဉ်းမသားနှင့် လုပ်ပါ။
မဟာဘုတ် (၄) ကြွင်းသူများ - သီး သို့မဟုတ် သီဟိုလ်သားနှင့် လုပ်ပါ။
မဟာဘုတ် (၅) ကြွင်းသူများ - ထိန်သား သို့မဟုတ် ဒါန်းသားနှင့် လုပ်ပါ။
မဟာဘုတ် (၆) ကြွင်းသူများ - အင်သား သို့မဟုတ် အင်ကြင်းသားနှင့် လုပ်ပါ။
မဟာဘုတ် (ဝ) ကြွင်းသူများ - ကံကော် သားနှင့် လုပ်ပါ။

မိတ်ဆွေ သင်ဟာ ငွေကြေး အနည်းငယ် တတ်နိုင်သော သူ ဖြစ်တယ် ဆိုရင်တော့ ပန်းပုဆိုင်ကို သွားလိုက်ပါ။ သင်လိုချင်သော အသားနှင့် သေတ္တာတစ်လုံးကို စိတ်တိုင်းကျ လုပ်ဆောင်ခိုင်းလို့ ရပါတယ်။ အလျားအနံကတော့ သင်စိတ်ကြိုက် လုပ်ဆောင်နိုင်ပါတယ်။ ပိုက်ဆံ တတ်နိုင်ရင် တတ်နိုင်သလောက် သင်စိတ်ကြိုက် ဆောင်ရွက်ခိုင်းလို့ ရပါတယ်။ ရန်ကုန်က မိတ်ဆွေများ ရွေတိဂုံဘုရား မြောက်ဘက် မုဒ်မှာ ပန်းပုဆိုင်များ တန်းစီ ရှိနေပါတယ်။ တစ်ခုပဲ တိုက်တွန်းချင်ပါတယ်။ လုပ်ကြည့်ပါ။ နောင် နှစ်ပေါင်းများစွာ ကြာလေ ဒီနည်းက သင့်အတွက် အကျိုးရှိလေ ဖြစ်ကြောင်း သင်သိလာပါလိမ့်မည်။ အဲဒီ အချိန်ကြမှ ကျွန်ုပ်အား ကျေးဇူးတင်ပါလေ..။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ