သီတင်းကျွတ်လပြည့်နေ့မှာ ဒိဝါတပတိဂါထာတော်ကြီးအား (၁၀၈)ခေါက်ရွတ်ဖတ်ပူဇော်ပါ

 



သီတင်းကျွတ်လပြည့်နေ့မှာ ဒိဝါတပတိဂါထာတော်ကြီးအား (၁၀၈)ခေါက်ရွတ်ဖတ်ပူဇော်ပါ

သီတင်းကျွတ်လပြည့်
အဘိဓမ္မာအခါတော်နေ့သည်နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
မိမိတို့လစဉ်လပြည့်တိုင်းလပြည့်တိုင်းပြုလုပ်နေကြဖြစ်သောဒိဝါတပတိဂါထာတော်ကြီးအား(၁၀၈)ခေါက်ရွတ်ဖတ်ပူဇော်ပုတီးစိပ်ကြရမှာဖြစ်ပါတယ်။
စီးပွားလာဘ်လာဘများတိုးတက်ပေါများစေသော
ဒိဝါတပတိ ဂါထာတော်ကြီးဟာ နေလ ဂါထာလို့
သိကြပါတယ်။စီးပွားလာဘ်တွေဝင်တဲ့ဂါထာတော်မြတ်ဖြစ်ပါတယ်။
ဒိဝါတပတိ ဂါထာတော်ကြီး
ဒိဝါ တပတိ အာဒိစ္စော
ရတ်တိမာဘာတိ စန္ဒိမာ
သန္နဒ္ဓေါ ခတ္တိယော တပတိ
ဈာယီ တပတိ ဗြာဟ္မဏော
အထ သဗ္ဗ မဟောရတ္တိံ
ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တဇေ သမ်ပန်နံ
ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ
နမက္ကာရာ နုဘာဝနေ
သဗ္ဗေ ပူရေန္တု သငျ်ကပ်ပါ
(မှန်ကန်တိကျစွာ အသံထွက်/
ဒိဝါတပတိ အာဒိတ်စော၊
ရတ်တိမာ ဘာတိ စန်ဒိမာ။
သန်နတ်ဓော ခတ်တိယော တပတိ၊
ဈာယီ တပတိ ဗြာန်မဏော။
အထ သတ်ဗ မဟောရတ်တိန်၊ ဗုတ်ဓော တပတိ တေဇသာ။
တာဒိသံ တေဇသန်ပန်နံ၊
ဗုတ်ဓံ ဝန်ဒါမိ အာဒရံ။
နမကျကာရာ နုဘာဝနေ၊
သတ်ဗေ ပူရင်တု သင်ကပ်ပါ။
( အနကျအဓိပ်ပါယျ )
နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။
လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။
ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ဝတ်ဆင်မှသာ တင့်တယ်ပေ၏။
ရဟန္တာအရှင်မြတ်တို့သည် ဈာန်ဝင်စားမှသာ တင့်တယ်၏။
မြတ်စွာဘုရားသော်ကား
နေ့ညပတ်လုံး အခါခပ်သိမ်း တန်ခိုးတော်ဖြင့်
တင့်တယ်ပေသည်တကား။
ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏အရှင်ဘုရား။
ဤသို့ ရှိခိုးရသော
အကျိုးအားကြောင့်
ကြံကြံသမျှတောင့်တအရာရာ အဖြာဖြာတို့သည်
လျင်မြန်စွာ ပြည့်စုံပါစေသတည်း။
အမြဲရွတ်ဖတ်ပူဇော်ကြပါ
ဧကန်အကျိုးထူးပါမည်။


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ