သီတင်းကျွတ်လပြည့်နေ့တွင် လကြတ်မည်ဖြစ်ပြီး အခါမကောင်းသောကြောင့် ရှောင်သင့်တာတွေ
သီတင်းကျွတ်လပြည့်နေ့တွင် လကြတ်မည်ဖြစ်ပြီး အခါမကောင်းသောကြောင့် ရှောင်သင့်တာတွေ
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊သတင်းကျွတ်လပြည့်နေ့ ၊တနင်္ဂနွေနေ့ နံနက် ၁၂နာရီ ၃၁ မိနစ်ကနေ ၂နာရီ ၅၄ မိနစ်အတွင်း အမြင့်ဆုံးရောက်ရှိ လကြတ်မည်ဖြစ်ပါတယ်။
သီတင်းကျွတ်လပြည့်နေ့မှာ နံနက် ၈နာရီ ၀၇ မိနစ်ကနေ ည ၁၂ နာရီ အတွင်း အချိန်ထိ အခါမကောင်းပါ၊ သေစေတတ်သော ကာလဒဏ္ဏယုဂ် ရတဲ့ အခါဖြစ်ပါတယ်။
လကြတ်ခြင်းဟာ ကောင်းကျိုးသက်ရောက်မှုထက် ဆိုးကျိုးသက်ရောက်မှုကို ဖြစ်စေတတ်သလို လကြတ် အရောင်ပေါ်မူတည်ပြီး နိမိတ်ဟောကျမ်းထုတ်ကြတာတွေလည်း ရှိပါတယ်။
လကြတ်ခြင်းအရောင်မှာ အနီရောင်၊ ကြေးနီရောင်၊ အနီဖျော့ အဆင်းရှိလျှင်
စစ်ဘေး၊မီးဘေး, ငတ်မွတ်ဘေး, ရောဂါဘေး၊ နာဖျားဆင်းရဲဘေး၊ မိုးကြိုးလောင်မီးဘေး၊ မီးနှင့်စပ်သည့် အလုပ်သည်တို့ ထိခိုက်ခြင်းများ ကြုံရပါမယ်။ မိုးသည်းထန်စွာရွာခြင်း နှင့် သားငှက်တို့ပျက်စီးခြင်းလည်း ကြုံရပါမယ်။
ဒါ့အပြင် အထူးသတိပေးချင်တာကတော့ လကြတ်ခြင်းကို တနင်္လာသားသမီးများ လုံး၀ မကြည့်သင့်ပါ။
ဒါ့အပြင် ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇ နှင့်စားပြီး အကြွင်း ၅ ရသူများ၊
အကြွင်း ၄ ရသူများ၊အကြွင်း ၃ ရသူများနဲ့ အကြွင်း ၇ ရသူများ လကြတ်ခြင်းကို မကြည့်သင့်ပါ။
ကြည့်မိလျှင် ကံအားနည်းသွားတတ်ပါတယ်။ ငွေကြေးဆိုင်ရာကိစ္စများတွင် ပြဿနာကြုံရခြင်း၊ လာဘ်ပိတ်ခြင်း၊ ကျန်းမာရေး ကျဆင်းခြင်း၊ ငွေလိမ်ခံရခြင်း၊စိတ်ကူးအကြံအစည်ပျက်တတ်ခြင်း၊ စိတ်ကူး ဆုံးဖြတ်ချက်များ အမှားများ ပြုလုပ်မိခြင်း စတာတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် မကြည့်မိစေဖို့ မေတ္တာနဲ့ တိုက်တွန်းပါတယ်။
အဲဒီနေ့မှာ
ဘုရားရှိခိုးခြင်း၊ သီလယူခြင်း၊ မေတ္တာဘာ၀နာ ပွားခြင်း ဖြင့်သာ နေထိုင်သင့်ပါတယ်နော်။
ချစ်သောသူများအားလုံး ဘေးကင်းလိုရာပြည့်ကြပါစေ။
Comments
Post a Comment