လာဘ်လာဘအလုပ်အကိုင်ပိတ်ဆို့နေတဲ့မိတ်ဆွေများအတွက်
လာဘ်လာဘအလုပ်အကိုင်ပိတ်ဆို့နေတဲ့မိတ်ဆွေများအတွက်
မိမိမွေးနေ့ ၉ နာရီ
တွင် ကြွေပုဂံပြားထဲတွင် လက်ဖက် ၉ ပုံ ပုံပါ။
အလယ်တွင်
မိမိဓာတ်ပုံကိုထားပါ ထိုဓာတ်ပုံအပေါ်သော့ခလောက်တစ်လုံးကို ပုံပါအတိုင်းဖွင့်၍
တင်ပြီးရင် ထို သောခလောက် ပေါ်မှာ မီးထွန်း၍ အဘ ဘိုးဘိုးအောင်အားတိုင်တည်၍
လှူဒါန်းပြီး ဆုတောင်းပေးပါ။
မကြာခဏ ပြုလုပ်ပေးပါ။
ပိတ်ဆို့နေတဲ့
လာဘ်လာဘတွေ၊ အလုပ်ကိစ္စတွေ ပွင့်လန်းလာပါလိုက်မည် မိတ်ဆွေ။ တစ်ခါလုပ်ရင် ၉ ရက်
အနည်းဆုံးပြုလုပ်ပါ။
အဖမ်းခံရခြင်း
အမှုပြသာနာကြုံရတဲ့အခါမှာလည်း ပြုလုပ်လို့ရပါတယ်။
ကွာတာက
ပိတ်ဆို့နေတာတွေပြုလုပ်တဲ့အခါမှာ လက်ဖက်ခြောက်သွားရင်လဲပေးရပါတယ်။
အမှုကိစ္စအတွက်ပြုလုပ်တဲ့အခါမှာတော့
မိမိအမှုကိစ္စမပြီးမချင်း လက်ဖက်ကိုမရုတ်ရပါဘူး။
ဖယောင်းတိုင်အရောင်အနေနဲ့
အလုပ်ကိစ္စပိတ်ဆို့တဲ့အခါ အဆင်ပြေတဲ့အရောင်အသုံးပြုနိုင်ပြီးတော့
ငွေကြေးကိစ္စပိတ်ဆို့နေတာတွေပွင့်ဖို့အတွက်ဆို အစိမ်းရောင်သုံးပါ။
အမှုကိစ္စအတွက်ဆို
အနီရောင်သုံးပါ။
(၇) ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာ၍ လိုရာဆန္ဒတွေပြည့်ဝပါစေ
Comments
Post a Comment