" ကမ္ဘာတစ်သိန်း အပါယ်မလားသောကုသိုလ် " ပန်းစေတီ နဝင်းစေတည်နည်း
" ကမ္ဘာတစ်သိန်း အပါယ်မလားသောကုသိုလ် "
၁။ ဓာတုစေတီ(ဓာတ်တော်)
၂။ ဥဒ္ဒိဿကစေတီ(ဆင်းတုရုပ်ပွားတော်)
၃။ ပရိဘောဂစေတီ(မြတ်စွာဘုရား၏ အသုံးအဆောင်)
၄။ ဓမ္မစေတီ( တရားတော်၊ဓမ္မစာပေ)
၅။ ပါဒေစေတီ(မြတ်စွာဘုရား၏ခြေတော်ရာ)
ဤစေတီ ၅မျိုးကို ပူဇော်သူသည် သက်တော်ထင်ရှားဘုရားကို ပူဇော်ရသကဲ့သို့ စိတ်ထားတူပါက ကုသိုလ်ရတာချင်း အကျိုးပေးတာချင်း တူပါသည်။🙏
လွန်ခဲ့သော ကမ္ဘာတစ်သိန်းက အတ္ထဒဿီမြတ်စွာဘုရား ပွင့်ချိန်တွင် အမျိုးကောင်းသား တယောက်သည် ဇရပ်ထဲတွင် ပန်းစေတီပြုလုပ်၍ ပူဇော်ရသည့်အကျိုးကြောင့် ကမ္ဘာ ၁သိန်းပတ်လုံး အပါယ်မလားဘဲ လူ့ပြည် နတ်ပြည်တို့၌သာ ကျင်လည်ရ၍ ဂေါတမ မြတ်စွာဘုရား လက်ထက်တွင် ပုပ္ဖထူပိယ အမည်ဖြင့် ရဟန္တာအဖြစ် ရောက်ရပါသည် ။ (ပုပ္ဖ=ပန်း +ထူပိယ=စေတီ) 🙏
ကျေးဇူးရှင် ဗန်းမော်ဆရာတော်ဘုရားကြီး တရားတော်မှ ကောက်နှုတ်ဖော်ပြပါသည်။
ပန်းစေတီ နဝင်းစေတည်နည်း
ပန်းစေတီ နဝင်းစေတည်လှူခြင်းအားဖြင့် စီးပွားရေး ကျန်းမာရေး ပညာရေး ရာထူး အလုပ်အကိုင် ပေါင်းသင်းဆက်ဆံရေး နာမည်ဂုဏ်သတင်းကောင်းခြင်း စသောအကျိုးများရရှိစေပါတယ်၊၊
ပန်းစေတီလှူနည်း
♥♥♥♥♥♥
ပန်းစေတီဆို အခုတော်တော်များများမြင်ရတွေ့ရတာက ပန်းတွေကြီးပဲလှူထားတာတွေ့မြင်ရပါတယ်၊၊အမှန်က အဲ့လိုမဟုတ်ပါဘူး ပန်းစေတီကို မုခ်လေးမမုခ် (အရှေ့အနောက် တောင်မြောက်ဆိုပြီး)စိတ်ထဲကနေ
မှတ်သားထားပါ အဲ့ဒီမုခ်လေး မုခ်မှာ
ကိုယ့်အတွက် ဇေယျပန်း တစ်ညွန့်ဆီ ထိုးစိုက်ရပါမယ်၊၊
ဇေယျဓါတ်ပန်း
———–
တနင်္ဂနွေသားသမီးများ — မေမြို့ပန်း /ပျဉ်းမညွန့်
တနလာၤသားသမီးများ —- သီဟိုဠ်ညွန့်
အင်္ဂါသားသမီးများ —–ဒန်း/ထန်းညွန့်
ဗုဒ္ဓဟူး/ရာဟု သားသမီးများ– အုန်းညွန့်
ကြာသပတေးသားသမီးများ — ကံကော်/ကြံ
သောကြာသားသမီးများ —- ဇီး
စနေသားသမီးများ —— ဝါး /ရွက်လှ
နေ့သားသမီးမိမိတို့ ဇေယျဓါတ်ပန်းကို ထိုးစိုက်ရပါမယ်၊၊
ပြီးရင် မိမိတို့တည်ထားသော ပန်းစေတီ နဝင်းစေတီကို
နမောတဿ ၃ကြိမ် ရွတ်ဆို ပြီး
အောက်ပါဂါထာကို မိမိတို့သက်စေ့ သို့မဟုတ် ၁၀၈ခေါက်ရွတ်ဆိုပူဇော်ရပါမယ်၊၊
ပန်းမညှိုးမချင်းအသစ်မလဲမခြင်း ပန်းစေတီတည်ထားသမျှ ကာလပတ်လုံးရွတ်ဆိုရပါမယ်၊၊
အနန္တ မဟာဓမ္မရာဇာ
ကကုသန် ကောဏဂုံ ကဿပ ဂေါတမ
အစိန္တေယျ အစိန္တေယျ
ဗုဒ္ဓံ ၊ဓမ္မံ ၊ သံဃံ
အဟံ နမာမိ စေတိယံ ဒေမိ၊၊
ဒါဆိုရင် ပန်းစေတီတည်နည်းပြည့်စုံသလောက်ဖြစ်သွားပါပြီ၊၊
ကျန်တာကတော့နေ့ပါ ဘယ်နေ့ကိုရွေးရမလည်းဆိုရင် ကြာသပတေးနေ့မှာ စတင်တည်ထားရပါမယ်၊၊
တိထီ မြေခံတွေနားလည်ရင်တော့ ပိုကောင်းတာပေါ့၊၊
တိထီမြေခံ အညံ့နည်းတာက ကြာသပတေးနေ့မို့ ထို့နေ့ကိုရွေးချယ်ပေးထားတာပါ၊၊
နဝင်းစေတီတည်နည်း
—————
ဒါကတော့ ပညာခဏ်းလေးဖော်ပြပေးတာပါ လှူလိုကလှူနိုင်ပါတယ်၊၊ပန်စေတီတည်ဖို့ အခက်အခဲရှိသူတွေအတွက်ပါ၊၊
လင်ပန်းတစ်ချပ်ပေါမှာ ရွှေဆိုင်း ၄ပြားခင်းထားပါ၊၊
ထိုရွှေပြားပေါ် ဆီဆားနယ်ထားတဲ့လက်ဖက်အသားကို စေတီပုံဖြစ်အောင်ပုံပါ၊၊ထိပ်ချွန်ချွန်လေးပေါ့၊၊
အဲ့ လက်ဖက်စေတီပေါ်မှာ ရွှေပန်း တစ်ပွင့်စီတင်ပြီး
ဘုရားစင်မှာတင်လှူပါ နဝင်းစေတီတည်ပြီးပါပြီ၊၊
လင်+ပန်း
၄. + ၅. > ၉
ရွှေပြား
၄. + ၅. > ၉
လက်ဖက်
၄ + ၅. > ၉
ရွှေပန်း
၄+ ၅. > ၉
အဲ့လိုလှူပြီးအထက်ပါဂါထာရွတ်ဆိုပါ၊၊
အကျိုးကျေးဇူးကတော့ လှူကြည့်ပါ သိပါလိမ့်မယ်၊၊
လိုရာဆန္ဒ အဝဝ ပြည့်စုံကြပြီး သာသနာကို ထောက်ပံ့လှူဒါန်းနိုင်ကြပါစေ၊၊
Comments
Post a Comment