ထီဆုကြီးမပေါက်ခင် မြင်မ က် သော ထီအိပ်မ က်ကြီး ၁၀ ပါး
ထီဆုကြီးမပေါက်ခင် မြင်မ က် သော ထီအိပ်မ က်ကြီး ၁၀ ပါး
(၁) တကိုယ်လုံး မစင်တွေပေကျံခြင်း ( သို့မဟုတ်) မစင်တွင်းထဲ ပြုတ်ကျခြင်း။
(၂) ကျေးငှက်တိရစ္ဆာန်အားလုံး ဆွတ်ဆွတ်ဖြူနေခြင်း။ ထိုအထဲမှ ငှက်ဖြူတစ်ကောင်သည် မိမိ၏ ခေါင်း၊ ခြေ ၊လက်၊ ပခုံးစသည်တစ်ခုခုတွင် လာနားခြင်း။
(၃) မိမိခန္ဓာကိုယ်မှ လောက်ကောင်များထွက်လာခြင်း၊ ထိုလောက်ကောင် များကို စားနေမိခြင်း။
(၄) သေပြီးသူတို့ ရှင်သန်ထလာခြင်း၊မိမိအား စားဖွယ်တစ်ခုခု လာပေးခြင်း။
(၅) ကောင်းကင်က နတ်သားတို့က စည် ၊ဗုံ စသည့်တူရိယာတို့တီးခတ် သည်ကို မြင်ခြင်း ကြားခြင်း။
(၆) ကောင်းကင်ပျံစျာန်ရ ရဟန်းကိုဖူးတွေ့ရခြင်း ၊ ထိုရဟန်းမှ မိမိအား ဗျာဒိတ်စကား မြွက်ကြားခြင်း။
(၇) မိမိရောက်ရာအရပ်မှ ပန်း သစ်သီး အပွင့် စသည်တို့မှာမိမိမျက်စိရှေ့ တွင်ပင် ဖူးပွင့်လာခြင်း။
(၈) ရတနာဆင်ဖြူတော်ကို မြင်မက်ခြင်း ( သို့မဟုတ်) စီးခွင့်ရခြင်း။
(၉) အလွန်ထိန်လင်းသော ရတနာ (သို့မဟုတ်) ပြဒါးရှင်လုံးကဲ့သို့သိဒ္ဓိရှိ ပစ္စည်းတစ်ခုခု လက်ထဲရောက်လာခြင်း။
(၁၀) ကြီးမားသောနဂါး ပါးစပ်ထဲ ဝင်သွားရသည်ဟု မက်ခြင်း။
ဤသည်တို့မှာ သူဌေးလောင်းတို့ ကြိုတင်မ က် လေ့ရှိသော ထီအိပ်မက် (၁၀) ပါးပင် ဖြစ်ပေသည်။(၁၀) ချက်စလုံး အိပ်မ က် မ က်ရမည်ဟု မဆိုလိုပါ။
အဘဆရာကြီးမင်းသိင်္ခပြောပြတဲ့ပထမကျော်ဆရာကြီးဦးစိန်ခန့်ရဲ့ ထီအိပ်မ က်(၁၀)ပါး
(၁) အိပ်မက်မြင်မက်ရာတွင် ဝတ်ဖြူစင်ကြယ်နှင့် လူပုဂ္ဂိုလ်ကြီးဖြစ်စေ၊ လူသူတော်ကြီးဖြစ်စေ၊ ရသေ့ရဟန်း တစ်ဦးဦးဖြစ်စေ ကြွရောက်ပြီးလျှင် တရားကိုသာ အားထုတ်ပါဟု မိန့်ဆိုခဲ့သည် ဖြစ်စေ၊ သို့မဟုတ် မည်သည့်ကိစ္စကို ဆောင်ရွက်၍ မည်သို့ပြုလုပ်ပါဟု မှာကြားခဲ့သည်ဖြစ်စေ၊ အိပ်မက်တွင် မြင်မက်ရပါက နတ်ကြီးဝိဇ္ဇာကြီးများနှှင့်တွေ့ရသော အိပ်မ က်ဖြစ်သည်။ ထီပေါက် မည့် အိပ်မ က်ဖြစ်သည်။
(၂) ရွံဖွယ်အတိဖြစ်သော မစင်များကို ပိုးလောက်တို့နှင့် တကွ မြိန်ရှက်စွာ သုံးဆောင်ရသည်ဟု မြင်မ က် သည်ဖြစ်စေ၊ ပိုးလောက်တို့နှင့် အတိပြီးသော အစာအာဟာရတစ်ခုခုကို မြိန်ရှက်စွာစားရသည်ဟု မြင်မ က် သည်ဖြစ်စေ၊ မိမိကိုယ်၌ မစင်လိမ်းကျံခြင်း ၊ မစင်တွင်းကြီးထဲသို့ ကျရောက်ရခြင်း၊ လူတစ်ဦးတစ်ယောက်က မစင်များကို ထုတ်၍ ပေးသည်ဟု မြင်မက်ရခြင်း ၊ ပိုးလောက်တို့သည် မိမိကိုယ်၌ အထပ်ထပ် ကပ်ရောက်သည်ဟု မြင်မ က်ခြင်းတို့သည် ထီပေါက်တတ်သော အိပ်မ က် များဟု ဆိုလိုသည်။
(၃) နေ၊လ၊ ကြယ် တို့ကို မိမိကိုယ်တိုင် ဆွတ်၍ လက်တွင်းသို့ရောက်သည်ဟုမြင်မက်သည်ဖြစ်စေ၊ ဝတ်ဖြူစင်ကြယ်စွာနှင့် ပုဂ္ဂိုလ်ကြီးတစ်ဦးဦး ဆွတ်၍ပေးသည်ဟု မြင်မက်သည်ဖြစ်စေ၊ နေ၊ လ၊ ကြယ်၊ နက္ခတ်တို့သည် ကြွေ၍ မိမိအိမ်သို့ ကျသည်ဟု မြင်မ က်သည် ဖြစ်စေ ထီပေါက်နိုင်သော အိပ်မ က် ဟုဆိုလိုသည်။
(၄) မြွေပွေး ၊ မြွေဟောက် စသော တိရတ္ဆန်များသည် တစ်ခုသော တောင်ပို့တွင်ဖြစ်စေ၊ ကုန်းမြင့်ပေါ်တွင်ဖြစ်စေ တည်ရှိနေ၍ ၎င်းမြွေများကို မိမိကိုယ်တိုင် နှိမ်နင်း၍ အတွင်းရှိ ပစ္စည်းများကို သုံးဆောင် ခံစားရသည်ဟု မြင် မ က်ခဲ့သော် ထီပေါက်မည့် အိပ်မ က် ဖြစ်သည်။
(၅) အဘိုးအနဂ္ဃထိုက်တန်လှသော ရွှေကြက်ဥကိုဖြစ်စေ၊ တစ်စုံတစ်ခုသော ဝတ္ထုတစ်ခုခုကိုဖြစ်စေ၊ ဝတ်ဖြူစင်ကြယ်စွာရှိသော ပုဂ္ဂိုလ်တစ်ယောက်က လာရောက်၍ ပေးသည်ဟု မြင်မ က် ခြင်းတို့သည် ထီပေါက်မည့် အိပ်မ က် ဖြစ်သည်။
(၆) နွားကိုစီး၍ မြို့ရွာသို့ လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်း ၊ လူစည်ကားသော အရပ်တွင် မိမိက နွားကိုစီး၍ လူအပေါင်းတို့နှင့် လှည့်လည်ရသည်ဟု မြင်မ က် သော်လည်းကောင်း၊ နွားကိုစီး၍ ထင်ရှားကျော်စောသည် ကို မြင်မက်ခဲ့သော် ထီပေါက်တတ်သော အိပ်မ က် များဖြစ်သည်။
(၇) ဝတ်ဖြူစင်ကြယ်နှင့် လူပုဂ္ဂိုလ်ကြီးထံမှ လည်းကောင်း၊ ရသေ့ရဟန်းများထံမှလည်းကောင်း၊ မွန်မြတ်သော သစ်သီးတစ်ခုခုကို ရသည်ဟုမြငေေေသည်ဖြစ်စေ ၊ သစ်ပင်တစ်ပင်ပေါ်မှ သစ်သီးအများရှိသည့်အနက် ထိုသစ်သီးတို့ကို ဆွတ်ယူနိုင်ရန် ခဲယဉ်းသော ကိစ္စတစ်ခုခုကို မိမိကိုယ်စွမ်းနှင့် ဆွတ်ယူ၍ စားရသည်ဟု မြင်မက်သည်ဖြစ်စေ ၊ အခြားအကူအညီ တစ်ခုခုတို့ကြောင့် ဆွတ်ခူး၍ ရသည်ဟု မြင်မ က်ခဲ့သော် ထီပေါက်တတ်သည်။
(၈) လူသေကောင်၏ အသားကို စားရသည်ဟု မြင်မက်သော်လည်းကောင်း ၊ လူသေကောင်၌ ပိုးလောက်တို့ဖြင့် ပြည့်နှက်လျက် ထိုအသားကို မြိန်ရှက်စွာ စားရသည်ဟု မြင်မက်သော်လည်းကောင်း ၊ လူ၏ အချင်း ၊ လူ၏ အူတို့ကို စားရသည်ဟု မြင်မက်သော် ထီပေါက် မည့် အိပ်မ က်ဖြစ်သည်။
(၉) အဖိုးအနဂ္ဃထိုက်တန်လှစွာသော ပတ္တမြားရတနာကို ဖြစ်စေ၊ ပုလဲလုံးကိုဖြစ်စေ၊ မွန်မြတ်သော ဝတ္ထုပစ္စည်းတစ်ခုခုကိုဖြစ်စေ၊ ဝတ်ဖြူစင်ကြယ်နှင့် ပုဂ္ဂိုလ်ကြီးတစ်ဦးက ယူဆောင်လာပြီး ၎င်းပစ္စည်းသည် သင့်အဖို့အကျိုးခံစားပါလော့ဟု ပြောဆို၍ ပျောက်ကွယ်သွားသည်ဟု မြင်မ က်ခဲ့သော် ထီပေါက်တတ်၏။
(၁၀)လူ၏ ရင်ကိုခွဲ၍ သွေးကိုသောက်ရခြင်း၊ သွေးကို ရေချိုးရခြင်း၊ ဥအမျိုးမျိုးကို စားသုံးရခြင်း ၊ ငါးအမျိုးမျိုးကို ဖမ်းရခြင်း စသော အိပ်မ က် မျိုးသည်လည်း ထီပေါက်နိုင်သော နိမိတ်ပြအိပ်မ က်ဟု ဆိုသည်။ ကျက်သရေမင်္ဂလာရှိသော ရွှေဥဒေါင်းငှက်သည် အရပ်တစ်ခုမှ ပျံသန်း၍လာပြီးလျှင် မိမိ၏ဦေးခါင်းပေါ်သို့ မစင်စွန့်သည်ဟု မြင်မ က်သော်လည်းကောင်း။ တစ်ခုခုသော ငှက်သတ္တဝါသည် အစာကိုချီ၍ ပျံသန်းလာရာ ထိုအစာကို မိမိလက်ဝယ်သို့ရသည်ဟု မြင်မက်သော်လည်းကောင်း ထိုသို့အိပ်မ က် တို့သည် ထီပေါက်မည့်အိပ်မ က် ဖြစ်သည်။
Comments
Post a Comment