အဘအောင်မင်းခေါင်၏ လက်ခတ်သံ တဘောင်

 

`အဘအောင်မင်းခေါင်၏ လက်ခတ်သံ တဘောင်´

ဘုရားငုတ်တို ရောင်တော်လွှတ်မှ..၊
ပုံတော်ဆင် ဝတ်ကြပါစို့ မောင်တို့ရေ ..၊
အောက်ပြည်ကို လှေတော်ထိုး..၊
ဘိုး..မှာခဲ့တယ် ။
လက်ခတ်သံ..လက်ခတ်သံ ..
ဝိဇ္ဇာ လက်ခတ်သံ..၊
လက်ခတ်သံ ကျွန်းဖိုသား..၊
သောင်း..ဇဗ္ဗူမှ ကြားသလေဗျား ။
ရွှေချည်..ငွေချည်..တန်းပါလို့..
ယက္ကန်းရွှေစင် ဓါတ်ရွှေစင် ..၊
ဘယ်သူ..ဘယ်ဝါ..ဝင်ပါမှ..သူ့ချည်ထွေး ..၊
ရှင်းနိုင်ပါ့မလေး..ရှင်းနိုင်မှအေး..ရှင်းနိုင်မှငြိမ်း ။
ယက္ကန်းစင် အကွက်ဆန်းထွင်..၊
တို့မောင်ကြီး ကိုညိုထွားတို့ ဆင်မြန်းဖို့ပင်..။
ဓါတ်လမ်းစဥ်နှင့် ယက္ကန်းစင်..၊
ဝိဇ္ဇာအရှင်..ခတ်ပါမှ..၊
တို့ပြည်ရွှာ..ဘယာခပ်သိမ်း..၊
ငြိမ်းမယ်ကွဲ့ လေး ။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ