" အရဟံ သိဒ္ဓိ ဘဂဝါ အောင် " ကျေးဇူးရှင် သစ်တံခါးဆရာတော်ကြီးမှ မိန့်တော်မူသော ပုတီးအဓိဋ္ဌာန်



 " အရဟံ သိဒ္ဓိ ဘဂဝါ အောင် "

" ကျေးဇူးရှင် သစ်တံခါးဆရာတော်ကြီးမှ မိန့်တော်မူသော
ပုတီးအဓိဋ္ဌာန် "
အရဟံ .... လူမင်း၊နတ်မင်း၊ဗြဟ္မာမင်းတို့၏ ဝပ်စင်းကော်ရော် ပူဇော်ထူးခံတော်မူထိုက်သော မြတ်စွာဘုရား🙏
သိဒ္ဓိ...... မိမိ ဖြစ်ချင်တာ အောင်မြင်ချင်တာ ကိစ္စပြီးလိုတာ သိဒ္ဓိ ဟုခေါ်ပါသည်🙏
ဘဂဝါ ... ဘုန်းတော် ကံတော် ဉာဏ်တော်တန်ခိုးတော် အနန္တ ကြီးမြတ်၍ လောကသုံးပါး၏ လူ နတ် ချီးမြှောက် လှုဒါန်း ပူဇော်ခြင်း ခံထိုက်သော မြတ်စွာဘုရား🙏
‌အောင် ... လောကီရော လောကုတ္တရာရော အောင်မြင်တာ🙏
‌ပုတီးစိတ်နည်း _
" အရဟံ သိဒ္ဓိ ဘဂဝါ အောင် "
တစ်နေ့ ၁၀၈ လုံးပုတီး ၁၀ ပါတ် x ၃ ကြိမ် = ၃၀ ပါတ်
၃၂၄၀ ဂုဏ်တော် ပွားရပါသည်။
၁၀၈ ရက် အဓိဌာန်
၁၀၈ x ၃၂၄၀ = ဂုဏ်တော်ပေါင်း ၃၄၉၉၂၀ ကြိမ်
နေ့စဉ် အာစိဏ္ကံမပျက် အားထုတ်ပါ ။
၁၀၈ ရက် အဓိဌာန်ပြည့် လျှင် ထိုက်သင့်ရာအကျိုးထူးရမည်။
နံပါတ် ၁ ဂုဏ်တော်ဖြစ်၍ ထိပ်ဆုံး နံပါတ် ၁ ရောက်စေလို သော ဆရာတော်ကြီး၏မေတ္တာ၊စေတနာကို ယုံကြည်မှု
အပြည့်ဖြင့်အားထုတ်ကြည့်ပါ။ မုချအကျိုးထူးပါမည်။ လက်တွေ့ အားထုတ်ကြည့်ပါ။
တကယ်ဖြစ်ချင် တကယ်လုပ်
အဟုတ်ဖြစ်ရမည်။


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ