အကျိုးပေးမြန်သည့်ကြံတိုင်းအောင်ဆောင်တိုင်းမြောက်သည့်ယတြာ

 

အကျိုးပေးမြန်သည့်ကြံတိုင်းအောင်ဆောင်တိုင်းမြောက်သည့်ယတြာ

(၇)ရက်သားသမီးမည်သူမဆိုကြံတိုင်းအောင်ဆောင်တိုင်းမြောက်စေဖို့ ကံများလာဘ်များ မကြာချက်ချင်းပွင့်စေဖို့ ကြံတိုင်းအောင်ဆောင်တိုင်းမြောက်သည့်ယတြာလေးအားမျှဝေပေးလိုက်ပါတယ်

ယတြာပြုလုပ်ရန်

ဖန်ခွက်တစ်ခွက်ထဲသို့ရေထည့်ပါ။ပြီးလျှင် အောင်သပြေ ၅ ညွန့် ၊ ကြံတစ်ချောင်း(၃ဆစ် ၊ ၅ဆစ် ၊ ၇ဆဈ မိမိအဆင်ပြေရာ) ထည့်ပြီး ဘုရားကျောင်းဆောင် ၊ မိမိအလုပ်စားပွဲ ၊ ဆိုင်ကောင်တာ စသဖြင့်မိမိအဆင်ပြေရာနေရာတွင် တင်ထားနိုင်ပါတယ်။

ယတြာပြုလုပ်နေစဉ် ထိုဖန်ခွက်အား လက်နှစ်ဖက်ဖြင့်ထိ၍ "ဘုန်းတော်အနန္တ ၊ ကံတော်အနန္တ ၊ ဥာဏ်တော်အနန္တ ၊ တန်ခိုးတော်အနန္တ ၊ ပါရမီတော်အနန္တ တို့နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်အားဦးထိပ်ထား၍ ဤနေ့၊ဤချိန် မှ စ၍ ဘုရားတပည့်တော်အား ပြောသမျှ၊ဆိုသမျှ၊လုပ်သမျှ၊ကိုင်သမျှ၊အကြံအစည်မှန်သမျှအားလုံး အစစအရာရာ အဆင်ပြေအောင်မြင်ရပါစေဘုရား၊ရောင်းပန်းသာလို့ဝယ်ပန်းလှပါစေ ၊ ကံများလာဘ်များလဲ ပွင့်ပါစေ ဘုရား ဆိုပြီးလေးလေးနက်နက်ဆုတောင်းပါ။
( ဖြစ်ချင်တာကိုလေးနက်စွာဆုတောင်းလဲရပါတယ်)

ဤယတြာအားပြုလုပ်ဆောင်ရွက်မည်ဆိုပါက မည်သည့်နေ့ရက် မဆို
နံနက် ၆နာရီမှ နံနက် ၁၀ နာရီ၄၅မိနစ်အတွင်း ဆောင်ရွက်ပါ။

ယုံကြည်စွာပြုလုပ်သူတိုင်းအကျိုးထူးပါမည်။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ