မိသားစုတွေ အိမ်ပူ အိမ်ဆူဖြစ်နေလား
မိသားစုတွေ အိမ်ပူ အိမ်ဆူဖြစ်နေလား
မိသားစုတွေ အိမ်ပူ အိမ်ဆူဖြစ်နေလား။ ဤနည်းလေးပြုလုပ်ကြည့်ပါ၊ ကုသိုလ်လဲရ စိတ်လဲအေးချမ်းရတာပေါ့။ မိသားစုဝင်တွေ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းမဆိုင်ချင်အောင် စကားတွေများ ကတောက်ကစတွေ ဖြစ်နေရင် မြတ်စွာဘုရားကို ဆီထမင်းနှင့် ကောင်းချင်းပေါင်း (ကောက်ညှင်းပေါင်း) ကပ်လှူပြီး သတ္တဝါတွေနဲ့ အဘကို မေတ္တာပို့ ဆုတောင်းပြီး. အဘဘိုးမင်းခေါင်ကိုလဲ ဆီထမင်းနဲ့ ကောင်းချင်းပေါင်း (ကောက်ညှင်းပေါင်း)ကပ်ပြီး အဘဘိုးမင်းခေါင်ဘုရား သမီး/သား ဘာနေ့သမီးဘယ်သူက ကပ်လှူပါတယ်။ အိမ်မှာလဲ မိသားစုဝင်တွေတစ်ယောက်နဲ့တစ်ယောက် အဆင်မပြေကြဘူး တစ်ယောက်တစ်ပေါက်နဲ့ ဖြစ်နေပါဘုရား။ ယခုကဲသို့ မြတ်စွာဘုရားနဲ့ အဘကို ဆီထမင်းနဲ့ ကောင်းချင်းပေါင်း (ကောက်ညှင်းပေါင်း) ကပ်လှူရတဲ့ ကုသိုလ်အကျိုးကြောင့် တစ်မိသားစုလုံး ကောင်းချင်းမင်္ဂလာအပေါင်းနှင့်ပြည့်စုံ၍ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေထိုင်ရပါလို့၏လို့ဆုတောင်ပြီး အဘ သမီးဘာနေ့သမီး မိသားစုဝင် ၅ယောက် အားလုံးကို အဘဆီအပ်ပါတယ်ဘုရား။ အဘ မေတ္တာကိုခံယူပါတယ်။ တစ်မိသားစုလုံးချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေရပါလို၏လို့ ထပ်မံဆုတောင်းပါ။ (မိမိ မိသားစု ဦးရေ ထည့်ပြောပါ)။ ဆုတောင်းပါ။ မိသားစုတွေက တစ်ယောက်နဲ့ တစ်ယောက်စကားပြောရင် မေတ္တာနဲ့ပြောပါ။ နားလည်မူရှိရပါမယ်။ စကားလုမပြောပါနဲ့။ မလိုအပ်ရင် မပြောပါနဲ့။ မေတ္တာခြုံပြီး မိသားစုတွေ အေးချမ်းကြပါစေ။ ကုသိုလ်ထပ်တူရပါစေ။

Comments
Post a Comment