တန်ခူးလပြည့်နေ့ ယတြာ
တန်ခူးလပြည့်နေ့ ယတြာ
ဒီနေ့ ၄-၄-၂၀၂၃ ဟာ တန်ခူးလပြည့်နေ့ဖြစ်ပါတယ်။ ကြုံတောင့်ကြုံခဲ နက္ခတ်လဲအလွန်ကောင်းမွန်သောကြောင့် အဲလိုနေ့လေးမှာ မနက် ၅ နာရီကနေ ၁၁ နာရီအတွင်း
မြတ်စွာဘုရားရှင်အား
သောက်တော်ရေတခွက် ကပ်လှူပေးပါ။ ပန်းပွင့် ၁၁ ပွင့် ဆက်ကပ်လှူဒါန်းပေးပါ။ မည်သည့်ပန်းမဆို ကပ်လှူလို့ရပါတယ်။ ဆီမီး ၁၁ တိုင်၊ အမွှေးတိုင် ၁၁ တိုင် ထွန်းညှိ ပူဇော်ကာ
" အရဟံ သိဒ္ဓိ ဘဂဝါ အောင် " ပုတီး ၁ ပတ် စိပ်ပြီး မိမိလိုရာဆု ကို လေးလေးနက်နက်ဆုတောင်းပါ။
ဆီမီး ပူဇော်ဖို့
အမွှေးတိုင်ထွန်းဖို့အဆင်မပြေသူတွေ အနံ့မခံနိုင်သူတွေက ဆီမီးနဲ့ အမွှေးတိုင်မထွန်းပါနဲ့။
မနက်ဘက်အဆင်မပြေသူများ ညဘက် ၈ နာရီမှ ၁၁ နာရီ အတွင်းတွင်ပြုလုပ်နိုင်ပါတယ်။
ပုတီးစိပ်ဖို့ရာ
အဆင်မပြေသူများကတော့ မိမိတတ်နိုင်သလောက် ဒါနလေးတွေပြုပေးကြပါ။
ပံ့သကူလေးတွေ
ပစ်ပေးကြပါ။ မိမိတတ်နိုင်သလောက် ပေးကမ်းစွန့်ကြဲကြပါ။ မေတ္တာသုတ်
ကိုရွတ်နိုင်သူကရွတ်ကြပါ။ ( အခေါက်အရေအတွက်သတ်မှတ်မထားပါ) မရွတ်နိုင်သူ/မရွတ်တတ်သူက မနက်အိပ်ယာနိုး (သို့) ညအိပ်ရာဝင်ဖွင့်ပေးပါ။
တန်ခူးလပြည့်နေ့
မင်္ဂလာအခါတော်နေ့ လိုရာဆန္ဒများပြည့်ဝစေရန်
ဒိဝါတပတိဂါထာတော်ကို ၂၇ ခေါက် ရွတ်ဖတ်ကြရန်လည်း
တိုက်တွန်းပါတယ်။
ကောင်းတာလုပ်သမျှ
ကောင်းတာတွေပဲ ဖြစ်လာမှာပါ။
Comments
Post a Comment