ထီကံထူးနိုင်သည့်နေ့သားများ
ထီကံထူးနိုင်သည့်နေ့သားများ
ဂဏန်းဗေဒင်ပညာအရ မိမိ မွေးဖွားတဲ့ရက်ဟာ စိတ်နေစိတ်ထား၊ စရိုက်သဘာဝကိုသာမက ကံစမ်းရာမှာလည်း သက်ရောက်မှု ရှိနေတာ ဖြစ်လို့ ဂဏန်းဗေဒင်ကို အသုံးပြုပြီး ဘယ်လို ကံစမ်းကြည့်နိုင်မလဲဆိုတာ ဗဟုသုတ အဖြစ် ဖော်ပြလိုက်ရပါတယ်။
၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်မှာ မွေးဖွားသူများ
မွေးရာပါစိတ်စွမ်းအားတွေ ပါလာကြပြီး စီးပွားရေးဆန်ဆန်လည်း တွက်တတ်လို့ ကံစမ်းတာတွေမှာ ပွပေါက်တိုး ကံကောင်းတတ်ပါတယ်။ ဒါပေမယ့် အရှုံးကို လက်သင့်မခံဘဲ ရှုံးမဲမဲတတ်တာကိုတော့ သတိထားသင့်ပါတယ်။
၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက်မှာ မွေးဖွားသူများ
ခံစားမှု အားကောင်းသူတွေ ဖြစ်ပြီး ကြိုမြင်နိုင်စွမ်းလည်း ရှိတတ်လို့ ရေရှည်ထက် ရေတိုကံစမ်းတာလေးတွေမှာ ထူးခြားအောင်မြင်တတ်ပါတယ်။ စိတ်လှုပ်ရှားလွန်းတာနဲ့ ခံစားချက် ကြီးလွန်းတာကြောင့် အရှုံးပြတတ်ပါတယ်။
၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက်မှာ မွေးဖွားသူများ
ဘယ်လို ကံစမ်းပွဲမျိုးမဆို အလေးအနက်ထား စိတ်နှစ်ပြီး ပါဝင်တတ်ကြပြီး စည်းနဲ့ကမ်းနဲ့လည်း ထိန်းလုပ်နိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့် လူအများရှေ့မှာ လူသိထင်ရှား ရှုံးပြီဆို ပေါက်ကွဲပြီး အမှားတွေကို လုပ်မိတတ်ပါတယ်။
၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက်မှာ မွေးဖွားသူများ
တစ်ချက်ကောင်း ပွပေါက်တိုးတတ်ကြသူတွေ ဖြစ်ပေမယ့် ကံစမ်းတာကို ရေရှည်လုပ်လာရင်တော့ အရှုံးနဲ့ချည်း ရင်ဆိုင်ရတတ်ပါတယ်။ ကံစမ်း၊ ဉာဏ်စမ်းအလုပ်တွေကို ရေရှည် မလုပ်ကိုင်သင့်တဲ့လူစားမျိုးတွေ ဖြစ်ပါတယ်
၅ ၊ ၁၄ ၊ ၂၃ ရက်မှာ မွေးဖွားသူများ
မကြာခဏ အသေးအဖွဲကံကောင်းမှုလေးတွေ ကြုံတတ်သူမျိုး ဖြစ်ပါတယ်။ ကံစမ်းပြီဆိုရင် သူတကာထက် ပိုပြီး ကံကောင်းတတ်ပြီး လာဘ်မြင်သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အလွန်အကျွံ မစွဲဖို့ကိုတော့ သတိပြုပေးပါ။
၆ ၊ ၁၅ ၊ ၂၄ ရက်မှာ မွေးဖွားသူများ
ကံစမ်းဉာဏ်စမ်းတွေမှာ ကံပါသူများ ဖြစ်ပြီး ရည်ရွယ်ချက်ကြီးနဲ့ ဝင်ကစားတာထက် ကြုံရင်ကြုံသလို လမ်းကြုံ သဘော ပါဝင်ကံစမ်းရင် ပိုအဆင်ပြေတတ်ပါတယ်။ အကျိုးမပေးတော့ဘူးဆို တိခနဲ ရပ်ဖို့လည်း လိုပါလိမ့်မယ်။
၇ ၊ ၁၆ ၊ ၂၅ ရက်မှာ မွေးဖွားသူများ
စိတ်ထဲ ထင်ရင် မှန်နေတတ်သူမျိုး ဖြစ်လို့ ကံစမ်းတာတွေမှာလည်း အစွမ်းပြ ၊ ကံကောင်းတတ်သူ ဖြစ်ပါတယ်။ တွက်ချက်ခန့်မှန်းတာထက် စိတ်ထဲကအထင်အမြင်က ပိုမှန်တတ်ပါတယ်။ စိတ်ကူးယဉ်တာကိုတော့ လျှော့ပါ။
၈ ၊ ၁၇ ၊၂၆ ရက်မှာ မွေးဖွားသူများ
ကိုယ်လုပ်မှ ကိုယ်ရ ဆိုတဲ့လက်တွေ့သဘောတရားကို ရင်ဝယ်ပိုက်ထားကြလို့ ကံစမ်းဉာဏ်စမ်းတွေမှာ သိပ်ပြီး စိတ်မဝင်စားတတ်ကြပါဘူး။ မမြင်ရတဲ့ ကံတရားထက် စိတ်ချလုံခြုံမှုနဲ့ စုဆောင်းဖို့ကိုသာ အလေးထားပါတယ်။
၉ ၊ ၁၈ ၊ ၂၇ ရက်မှာ မွေးဖွားသူများ
စွန့်စားရတာ၊ ပြိုင်ဆိုင်ရတာ စိတ်အားသန်သူ ဖြစ်လို့ ကံစမ်းတာရော လောင်းကစားမှာပါ သည်းကြီးမည်းကြီးကို ပါဝင်တတ်ပါတယ်။ အရှုံးအမြတ်အတက်အကျ မြန်ဆန်သူ ဖြစ်ပြီး စိတ်ထိန်းနိုင်ဖို့ကိုတော့ ကြိုးစားရပါလိမ့်မယ်
Comments
Post a Comment