မကောင်းသော အန္တရာယ်မှ ကင်းလွတ်စေရန်
မကောင်းသော အန္တရာယ်မှ ကင်းလွတ်စေရန်
လင်ဗန်းထဲတွင် ဆန်ထဲ၍ ဆန်ပေါ်တွင် (အတွင်းမှစ၍ စ ဓ ဗ ဝ) အက္ခရာ စမကို လက်ယာရစ်ရေးရမည်။ ပုံတွင်ပြထားသည့်အတိုင်း ရေးရမည်။ ထိုသို့ရေးဆွဲပြီးပါက ဘုရားရှိခိုး ငါးပါးသီလခံ (သံ ဂုံ ပ မ) ပွင့်တော်မူပြီးသော ဘုရားလေးဆူကိုရည်မှတ်ပြီး အိမ်ဘုရားမှာကပ်လှူပါ။ သို့မဟုတ် အိမ်ခေါင်းရင်ဘုရားကျောင်းဆောင်အနီး သန့်ပြန့်သောနေရာတွင် ခုံခင်း၍ ကပ်လှူပါ။
ထိုဆန်မန်းကို ရှစ်ရက်တိတိကပ်လှူထားပါ။ ရှစ်ရက်ပြည့်ပါက ဆန်မန်းအား အိမ်ခြံပတ်ပတ်လည်ကို ကျဲပက်ပါ။ မည်သူမဆို မည်သည့်နေ့ မည်သည့်အချိန်မဆို ပြုလုပ်လို့ ရပါသည်။
မှတ်ချက် ။ ။ ဆန်နို့ဆီဗူး ၁ လုံး၊ ၃ လုံး၊ ၅ လုံး သို့မဟုတ် ဆန်တစ်ပြည် လင်ဗန်းထဲဖြန့်ခင်းပါ။
မိမိကောင်းမှုအကြောင်းပြု တောင်းဆုပြည့်ပါစေ။
Comments
Post a Comment