လာဘ်ရွှင်ပြီး အကြွေးငွေကြေး ကြေစေသော ပုတီးစိပ်နည်း

 

လာဘ်ရွှင်ပြီး အကြွေးငွေကြေး ကြေစေသော ပုတီးစိပ်နည်း

ငွေအရမ်းဝင်တဲ့အတွက်ကြောင့် အကြွေးကြေလိုသူများ ဂရုတစိုက်စိပ်ပေးပါ ကံအကျိုးပေးကြောင့်တော့ ကွာပါလိမ့်မယ်။

ပုတီးစစိပ်ရမယ့်ရက်ကအရေးကြီးပါတယ်။ သင့်မွေးနေ့မှရေတွက်ရင် ၃ရက်မြောက်ရက်မှာ မိမိရရပုတီး စပြီးစိပ်နိုင်ဖို့လိုပါတယ်။

 ဥပမာ - သင်က အင်္ဂါဆို ကြာဿပတေးနေ့မှာ စပြီးစိပ်ပါ။

- ၁၀ရက်ကြာ ပုတီးစိပ်ပါ။

- ပုတီးအပတ်အရေ ၃ပတ်ကနေ ၁၀ပတ်အထိ စိပ်နိုင်ပါတယ်။

တစ်ရက်ကို ပုတီး ၃ ပတ်ကနေ ၁၀ ပတ်အထိ စိပ်နိုင်ပါတယ်

၁၀၈ လုံး ပုတီးနဲ့ပဲစိပ်စိပ်၊ ၂၇ လုံး ပုတီးနဲ့ပဲစိပ်စိပ်၊ တာလီ ပုတီး နဲ့ပဲစိပ်စိပ် ရပါတယ်။ တာလီနဲ့ဆိုရင် ၁၀၈ခေါက်ကို တစ်ပတ်လို့မှတ်ယူပါနော်။ နေ့စဉ်စိပ်ရပါမယ် ၃ရက် အနည်းဆုံး စိပ်ဖို့လိုပါတယ်။

🗣"အရဟံ သုခံ ဓနံ လာဘံ ဧဟိဧဟိ" ဟူ၍ ပုတီးတစ်လုံးချ စိပ်ရပါမယ်။

🙏ဤပုတီးစိပ်ရခြင်း အကျိုးကျေးဇူးကြောင့် တပည့်တော်မောင်၊ မ ဘယ်သူသည် ငွေဝင်များ၍ လာဘ်ရွှင်ပါစေ ဟု ဆုတောင်းပေးပါ။

🙏ဤပုတီးစိပ်ရခြင်း အကျိုးကျေးဇူးကြောင့် မောင်၊ မ ဘယ်သူကို တပည့်တော်ပေးစရာရှိသော ငွေများ အမြန်ဆုံး ပြန်ပေးနိုင်ပါစေဟု ဆုတောင်းပေးပါ။

🙏ဤပုတီးစိပ်ရခြင်း အကျိုးကြောင့် ငွေများများ ဝင်နိုင်ပါစေ၊ ဈေးရောင်းကောင်းပါစေ၊ ထီပေါက်ပါစေဟု ဆုတောင်းပေးပါ။

အထက်ပါဖော်ပြသော ဆုတောင်းမှု ၃ခုလုံးကို ဆုတောင်း၍ ပုတီးစိပ်ပါ။ လေးလေးနက်နက် ဆုတောင်းပေးပါ။

ဈေးရောင်းနေသူများအတွက်ကတော့ ထိုပုတီးကို ရေခွက်ထဲထား၍ ရေခွက်ထဲကရေဖြင့် "ဥုံ အနိစ္စ ဒုက္ခ အနတ္တ ထွက်" ဟူ၍ ရွတ်ကာ ရောင်းသောပစ္စည်း ဆိုင်ခန်းနေရာများကို တောက်ဖြန်းပေးပါ။

နေ့စဉ်လုပ်ပါ ဈေးပိုမို ရောင်းကောင်းလာစေမှာအမှန်ပါ။


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ