လူတော်တော်များများမသိသေးတဲ့_ရွှေတိဂုံဘုရားရင်ပြင်တော်ကအကြပ်အတည်းပြေပျောက်ဘုရား

 လူတော်တော်များများမသိသေးတဲ့_ရွှေတိဂုံဘုရားရင်ပြင်တော်ကအကြပ်အတည်းပြေပျောက်ဘုရား

ရွှေတိဂုံဘုရားကို အခေါက်ပေါင်းများစွာရောက်ဖူးကြပေမယ့် လူသိနည်းပါးသော ဘုရားစေတီပုထိုးများစွာရှိသေးတယ်ဆိုတာ ဒီတစ်ခေါက်ဖူးရတဲ့ ဘုရားတစ်ဆူက သက်သေခံပါတယ်။
အဝင်ကျဉ်းအဝကျယ်ဘုရားလို့လည်းခေါ်ကြတယ်။ အကြပ်အတည်းပြေဘုရားလို့လည်းခေါ်ကြတယ်။ ကျနော်လည်း တစ်ခါမှမရောက်ဖူးတာနဲ့ ဘုရားဖူးမိတ်ဆွေတစ်ဦးပြောပြလို့ သွားကြည့်ပြီးဖူးဖြစ်ခဲ့ပါတယ်။
တောင်ဘက်မုခ်ဓာတ်လှေခါးနဲ့တက်ပြီးရင် မြင်မြင်ချင်းအာရုံခံတန်ဆောင်းကနေ ၄/၅ ခြေလှမ်းလောက်ပဲလှမ်းကြည့်လိုက်တာနဲ့ ဘုရားအမှတ် ၁၃၃ နဲ့ ၁၃၁ အကြားမှာ လူတစ်ကိုယ်စာလေး ဝင်ပေါက်လွတ်နေတာကိုတွေ့ရမယ်။
အဲ့ဒီကနေဝင်ပြီး ဘုရားဖူးရပါတယ်။ ဝတဲ့လူဆိုရင်တော့ နည်းနည်းဝင်ရကြပ်မယ့်အနေအထားပါ။ ဝင်ပြီးတာနဲ့ ဆင်းတုတော်အရှေ့ကို တန်းရောက်ပါတယ်။ ပုဂံ မြင်းကပါအရပ်က မနူဟာဘုရားကို ဖူးရသလိုပါပဲ။ လူတစ်ကိုယ်စာလေးပဲ ထိုင်ဖူးရပါတယ်။
ဖူးပြီးလို့ ထထွက်ရင်ဘယ်ဘက်ကို one way အတိုင်းထွက်ရပါတယ်။ အထွက်လမ်းပေါက်ကတော့ ကျယ်ပါတယ်။
ကျနော့်မိတ်ဆွေများလည်း ရွှေတိဂုံဘုရားကို အရောက်အပေါက်များပေမယ့် အခုလိုထူးခြားတဲ့ဘုရားမျိုးတွေ မဖူးရ မရှိရလေအောင် အောက်မှာပုံနဲ့တကွ လမ်းညွှန်ပြသပေးကာ ကုသိုလ်ယူမှတ်တမ်းတင်လိုက်ရပါတယ်။

                                            

ဘုရားအမှတ် ၁၃၃ နှင့် ၁၃၁ အကြားရှိ အဝင်ကျဥ်းအထွက်ကျယ် အကျဥ်းအကြပ်ပြေပျောက်ဘုရား

အဝင်ပေါက်က လူတစ်ကိုယ်စာလေးပဲရှိတယ်။ ဘုရားအမှတ် ၁၃၁ ဘေးနားလေးကနေ ဝင်ရပါတယ်
ကန်တော့ရင်လည်း တစ်ယောက်တည်းသားနေရာရှိတာမို့ တစ်ယောက်ချင်းကန်တော့ရပါတယ်
အထွက်ပေါက်ကတော့ကျယ်ပါတယ် ။ အဝင်နဲ့အထွက် one way ပါ

လူတစ်ကိုယ်စာလေးပဲဝင်လို့ရမယ်။ တစ်ယောက်ချင်းပဲ ပူဇော်လို့ရတယ် ၊ နှစ်ယောက်ဝင်မရပါဘူး
အခက်အခဲများပြေပျောက်စေရန် အကြပ်အတည်းများ အောင်မြင်စေရန် လိုရာဆုတောင်းနိုင်သော အကြပ်အတည်းပြေဘုရား လို့သိရပါတယ်


တောင်ဘက် ဓာတ်လှေကားမှတက်လာလျှင် မြင်မြင်ချင်းတွေ့ရမယ့် အာရုံခံတန်ဆောင်း









Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ