ကြယ်မိုးရွာခြင်းကို မြန်မာကနေ ဧပြီလ ၂၂ ရက်နေ့ နံနက် အရုဏ်တက်ချိန်မှာ မြင်တွေ့ရနိုင်တယ်လို့ နာဆာပြော

 

ကြယ်မိုးရွာခြင်းကို မြန်မာကနေ ဧပြီလ ၂၂ ရက်နေ့ နံနက် အရုဏ်တက်ချိန်မှာ မြင်တွေ့ရနိုင်တယ်လို့ နာဆာပြော

ကြယ်မိုးရွာခြင်းကို မြန်မာနိုင်ငံကနေ ဧပြီလ ၂၂ ရက်နေ့ နံနက် အရုဏ်တက်ချိန်မှာ မြင်တွေ့ရနိုင်တယ်လို့ နာဆာရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကြယ်မိုးရွာခြင်း (သို့) (Lyrid Meteor Shower)ဖြစ်စဥ် ကို  တစ်ကမ္ဘာလုံး နီးပါး က မြင်တွေ့ရမှာဖြစ်ပြီး ဧပြီ ၁၄ရက် က နေ ၃၀ ရက်အတွင်း မြင်တွေ့ရမှာဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံအနေဖြင့်  ဧပြီလ ၂၂ ရက်နေ့ နံနက် အရုဏ်တက်ချိန် မတိုင်ခင်  မြင်တွေ့နိုင်မယ်လို့ သတင်းမှာ ဖော်ပြထားပြီး ကြယ်မိုးရွာတာကို အများဆုံးတွေ့မြင်နိုင် မှာကတော့တစ်နာရီ မှာ ကြယ်  ၁၈ လုံး အထက် အထိ မြင်တွေ့နိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ကြယ်မိုးရွာတာကို ကြည့်မယ်ဆိုရင်တော့မြို့ပြမီးရောင်များ၊လမ်းမီးများ နှင့် ဝေးကွာသော နေရာကိုရှာပါလို့ နာဆာကအကြံပြုထားပါတယ်။


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ