ဒီနှစ်အတွက် မဟာဘုတ်
နှစ်သစ်ကိုကူးပြောင်းခဲ့ပါပြီ။
ဒီနှစ် မဟာဘုတ် အထက်တန်းစားတွေက ကြာသာပတေး၊ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ အင်္ဂါ .....
မဟာဘုတ်အောက်တန်းမှာနေတာက သောကြာ၊ တနင်္လါ၊ စနေ .....
အင်္ဂါက အဓိပတိ ဆိုတဲ့အတိုင်း အကောင်းဆုံးမှာရှိမယ်။ ငွေကြေး စည်းစိမ် ဘုန်းကံအာဏာ အလုံးစုံပြည့်စုံစေမယ်။
အလွန်နာမည်ကြီးမယ်။ designer မိတ်ကပ်၊ ရွှေခြည်ထိုး၊ အနုပညာဆန်တဲ့အလုပ် လုပ်နေသူဆိုလဲ
အလွန် တိုးတက်ကြီးပွားမယ်။
တတိယက တနင်္ဂနွေ လွယ်လင့်တကူငွေရမယ်။ ဘာမလုပ်နဲ့ဦး၊ သိုက်အိမ်က ကျွေးလို့ အစားကောင်းစားရမယ်။ အိမ်ကောင်းကောင်းပိုင်ရမယ်။
စတုတ္ထက ကြာသာပတေး ကုန်သည်တွေ အလွန်မြတ်စွန်းမယ်။ online shopping၊ ကြာသာပတေးသားသမီးတွေလည်း ရောင်းပန်းဝယ်ပန်း ပွင့်မယ်။ ဒီနှစ်မှာ ကြာသာပတေး သားသမီးတွေ ဝန်ထမ်းလုပ်နေရင်ထွက်ပြီး ကိုယ်ပိုင်လုပ်ငန်း ထူထောင်ရင် အောင်မြင်ချမ်းသာမယ်။ စားသောက်ဆိုင် အထည် အရောင်းအဝယ်လုပ်ပါ။
သောကြာတွေက ကြိုးစားရမယ်။ အဖန်ဖန်အထပ်ထပ် ကြိုးစားရမယ်။ အပျက် အဖျက်တွေကို ဝီရိယ ရယ် ဉာဏ်ရယ် ကျော်လွှားရမယ်။ ဒီနှစ် သောကြာသားသမီးတွေ ကံကိုအားမထားနဲ့။ ကံကို တနှစ်တာမယုံနဲ့။ ကံကို ဖယ်ပြီး ကြိုးစားမှ သောကြာသားသမီးတွေ အောင်မြင်မယ်။
တနင်္လါသားသမီးတွေ ဒီနှစ်လုပ်ငန်းသစ်မထူထောင်နဲ့။ လုပ်ငန်းမတိုးချဲ့နဲ့။ ငွေမချေးနဲ့။ သူတပါးဆီ ငွေ မအပ်နဲ့။ ကြီးကျယ်သော ငွေကြေးထိခိုက်မှု အထူးသတိထားရမယ်။ တနင်္လါသားသမီးတွေ လုပ်ငန်းကို ကျစ်လစ်စွာတည်ဆောက်ပါ။ အသုံးအစွဲ လျှော့ပါ။ အလောင်းကစား လုံးဝ ရှောင်ကြဉ်ပါ။
စနေသားသမီးတွေက ရာထူးအာဏာ ကန့်သတ်ခံရမယ်။ သူများတွေ ရာထူးတိုး လစာကောင်းလည်း ဒီနှစ်တော့မတိုးပဲ ကျန်နေနိုင်တယ်။ စနေတွေက နေရာပြောင်း မြို့ရွာပြောင်း နိုင်ငံပြောင်းရင် တိုးတက်ကြီးပွားမယ်။ လုပ်ငန်းဟောင်းကို စွန့်၊ လုပ်ငန်းသစ်ဆီ ဦးတည်ပါ။ အရာရာကို အသစ်အဆန်းနဲ့ ဘဝကိုတည်ဆောက်ပါ။ အဝတ်အစားဟောင်း စွန့်၊ ထီးဖိနပ် ဟောင်း စွန့်၊ အဝတ်သစ် ဖိနပ်သစ် ထီးအသစ်နဲ့ လုပ်ငန်းသစ်ကို စတင်လုပ်ကိုင်ပါ။ ဒါဆို စနေသားသမီးတွေ အထူးအောင်မြင်မယ်။
ကျန်းမာချမ်းသာကြပါစေ။
Comments
Post a Comment