ကဆုန်လ မွေးဖွားသူများ၏ စိတ်နေစိတ်ထားနှင့် တစ်သက်တာဟောကိန်း

 

ကဆုန်လ မွေးဖွားသူများ၏ စိတ်နေစိတ်ထားနှင့် တစ်သက်တာဟောကိန်း

ကဆုန်လ မွေးဖွားသူများသည်ပင်ကိုယ်စရိုက်အားဖြင့် တည်ကြည်အေးဆေးသူများဖြစ်သည်။ ဖြောင့်မတ်မယ်အလွန်သစ္စာရှိတယ်၊ အလွန်သံယောဇဉ်ကြီးမားတတ်ကြတယ်။  အနုပညာပါရမီဓါတ်ခံကြီးမယ်။  အလွန် ညှို့ဓါတ်အားကောင်းတယ် တစ်ခုမဟုတ် တစ်ခုဖြင့် လူအများ၏ချစ်ခင်ကြည်ညိုခြင်းကိုခံရတတ်တယ်။

ဘေးလူတွေကချစ်ခင်မယ် စန်းပွင့်မယ် အလှအပ၊ အသန့်အပြန့်ကြိုက်တတ်တယ်၊ စိတ်ကူးယဉ်တတ်မယ်။ အထူးသဖြင့် ဘဝတွင်ကြည်နူးလွမ်းဆွတ်ဖွယ်ရာ အနေအထားများကို များစွာကြုံခဲ့တတ်ကြပါမည်။ အလွမ်းဓါတ်ခံရှိတယ်လူပေါင်းဆန့်မယ်အကောင်းကြိုက်တတ်တယ် ကောင်းပေ့ဆိုသည့် အသုံးအဆောင်များကိုသာသုံးချင်၏တယ် ငွေအသုံးကြမ်းမယ်။ဘယ်ကိစ္စမဆို ဆန်းစစ်လေ့လာကာ ဆုံးဖြတ်ချက် ခိုင်ခိုင်ချပြီးမှ စတင်လုပ်ကိုင်တတ်တယ်။

နူးညံ့သိမ်မွေ့သလောက် ဒေါသထွက်လာကာ ဘာမှ မမြင်တော့လောက်အောင် ကမူးရှူးထိုးလုပ်တတ်တယ်။ ရဲရင့်တည်ကြည်၍ ထက်မြက်မယ်နံနက်စော အရုဏ်ဦးအချိန်တွင် အသိညာဏ်အထူးပွင့်တတ်တယ်။ ထိုအချိန်တွင် စိတ်ကူးကောင်းတွေ ပေါ်တတ်တယ်။ ဆုံးဖြတ်စရာကိစ္စများ ဒီအချိန်တွေမှာလုပ်ပါကအမှားအယွင်းမရှိပဲအောင်မြင်မယ်။ ခံစားချက်ပြင်းထန်တတ်တယ် ဘာမဆို အလေးအနက်ခံစားတတ်တယ်၊ ကိစ္စတစ်ခုကို ဆုံးဖြတ်ပြီးက နောက်မတွန့်တမ်းလုပ်တတ်တဲ့ဉာဉ်ရှိတယ်စည်းကမ်းတကျစနစ်တကျလုပ်တတ်တယ်။

အချိန်နာရီ၊ ကတိသစ္စာကိုအလွန်တန်ဖိုးထားမယ် ဖြောင့်မတ်တယ်။ ကတိပျက်က စိတ်ဆိုးတတ်တယ်။ စိတ်ဆိုးခဲသလောက်စိတ်ဆိုးလာပါကလဲ အသားတွေတဆတ်ဆတ်တုန်လာကာ မျက်ရည်ပင်ကျလာတတ်၏။ အထူးသဖြင့် မိမိအပေါ်လိမ်လည်လှည့်ဖျားလာက လုံးဝခွင့်မလွှတ်တတ်။ သစ္စာမဲ့ခြင်းကို အလွန်ရွံ့မုန်း၏။ စကားပြောဆိုရာတွင် အေးတိအေးစက်နှင့် ချက်ကျကျပြောဆိုတတ်တယ်။ စကားလုံးများဖြင့်နာကျင်ခံခက်ဖြစ်အောင် ပြောဆိုနိုင်စွမ်းတယ်။ တစ်ခါတစ်ရံ ပြောပေါက်ဆိုပေါက် ကပ်ကပ်ဖဲ့ဖဲ့နိုင်တယ်၊ သို့သော် အပေါ်ယံအားဖြင့် မာကျောသယောင်ရှိသော်လည်း အတွင်းစိတ်ကနူးညံ့တယ်ကိုယ့်အပေါ်သိမ်သိမ်မွေ့မွေ့ ဆက်ဆံလာပါက အရာရာကို ခွင့်လွှတ်နိုင်တယ်။ အများအတွက်အနစ်နာခံတတ်တယ်အများကောင်းကျိုးဆောင်ရွက်လိုမယ်လောဘမကြီးဘဲ လုပ်စရာတွေကို ဇွဲဖြင့်တွန်းတိုက်လုပ်တတ်တယ်။ အရာရာအပေါ် ရိုးရိုးရှင်းရှင်းနှင့်နေထိုင်လုပ်ကိုင်တတ်တယ်။

ရှုပ်ရှုပ်ယှက်ယှက်ဘာမှ မကြိုက်၊ သူတစ်ပါးကိစ္စ ဝင်မစွတ်ဖက်တတ်။ ထို့အတူ ကိုယ့်နေရာကို လာပတ်သက်ခြင်းမျိုးကိုလည်း မကြိုက်တတ်ပါသို့သော် မိသားစု သံယောဇဉ်ကြီးမားကြတယ်သွေးရင်းသားရင်း၊ မိတ်ဆွေရင်းတွေအတွက် အမြဲလိုလို ပေးဆပ်နေတတ်တယ် အနစ်နာခံနေရတတ်တယ်တစ်ခါတစ်ရံဆင်ချင်ကင်းစွာမာန်မာနနှင့် ပြုမူမိတတ်တယ်။ ကိုယ့်ကိုယ်ကို အယုံလွန်ပြီး တဇွတ်ထိုးလုပ်မိတတ်တယ် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး မိုက်ရူးရဲလုပ်မိတတ်တယ် မည်သို့ပင်ဖြစ်စေ ဝီရိယကြီးမယ် တိုးတက်ကြီးပွားရန် အမြဲကြံစည်နေတတ်တယ်။ လူချစ်လူခင်များမယ်၊ ကိုယ့်ကိုယ်ကို ရိုသေစွာသန့်သန့်ခန့်ခန့်နေတတ်ခြင်းတို့ကြောင့် အမည်ကျော်ကြား အောင်မြင်ချမ်းသာသူများဖြစ်တတ်ပါသည်။ ဘဝကို သူတစ်ပါးတို့ထက်ပို၍တန်ဖိုးထားသူများဖြစ်မည် ဇွဲကောင်းကောင်းနှင့်ကြိုးစားတတ်တယ်။

အပင်ပန်းခံ၍ကြိုးစားကြ၏ စီးပွားလာဘ်မြင်ပြီးငွေရှာကောင်းတယ်။ ငွေသုံးကြမ်းမယ်၊ မိတ်ကောင်းပေါမယ်၊ လုပ်ငန်းမရွေး လုပ်ဆောင်တတ်တယ်၊ ဘဝတွင်သူတစ်ပါးက နှိမ်၍ဆက်ဆံခံရခြင်းကို မခံချင်စိတ်ဖြင့်ကြိုးစားတတ်တယ်။ ဘဝတွင်ထူးခြားစွာ ပြည့်စုံကြွယ်ဝတတ်ပါသည်။ ကတိသစ္စာတည်ကြည်ခြင်းကြောင့်လည်း စီးပွားဖက်တို့၏ ယုံကြည်ခြင်းကို ခံရတတ်တယ်ဘဝတွင်ဒုတိယအရွယ်နှင့်  တတိအရွယ်တွင်စီးပွားပြည့်စုံတတ်၏။ အကြံညာဏ်ကောင်းများ ပေါ်ထွက်လာတတ်သလို လက်တွေ့အကောင်အထည်ဖေါ်မိ၍လည်း ကြီးပွားချမ်းသာတတ်ပါတယ်

စီးပွားတက်ချိန်တွင် အပျော်အပါးဖက်မိတတ်ပါသည်။ ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုသာလုပ်ပါသူတစ်ပါးလက်အောက်ခံမလုပ်သင့်ပါ။ ကိုယ့်စိတ်ကူးနှင့်သာ ရဲရဲလုပ်ပါ။ မည်သည့်အလုပ်မဆို စွဲစွဲမြဲမြဲလုပ်ပါ။ အလုပ်အမျိုးမျိုးပြောင်းလုပ်ခြင်းကိုရှောင်ပါ။ အထူးသဖြင့် စီးပွားရေးတွင် အားနာခြင်း၊ အာမခံခြင်း၊ ဆွေမျိုးများနှင့် ဆက်စပ်လုပ်ကိုင်ခြင်းတို့ကို အထူးရှောင်ပါ။ စာပေလုပ်ငန်းဖြင့် အထူးကောင်းကျိုးပေး၏။ အနုပညာလုပ်ငန်း၊ စာရေးဆရာ၊ နတ္ခတ်ဗေဒင်ပညာရှင်၊ ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်လုပ်ငန်းများကို လုပ်ကိုင်၍ ကြီးပွားနိုင်၏။ ထို့အပြင် စစ်ဘက်၊ သူနာပြု ပန်းအလှစိုက်ပျိုးရောင်းချခြင်းတို့ဖြင့် အကျိုးအထူးပေးမည်အထူးသဖြင့် အနုပညာလုပ်ငန်း၊ အလှအပဆိုင်ရာလုပ်ငန်းတို့ဖြင့် အထူးအောင်မြင်တတ်ပါသည်။

အချစ်ရေး အိမ်ထောင်ရေး နှလုံးသားခံစားမှုပြင်းထန်တယ် ကဗျာဆန်တယ်အထူးသဖြင့် အလွမ်းတေးသီချင်း၊ ကဗျာစာပေတို့ကို နှစ်သက်၏။ သံယောဇဉ်ကြီး၏။အထူးသဖြင့် အလွမ်းသမားများဖြစ်တယ်။ ဘဝတွင် သံယောဇဉ်ကြီးမားသူတို့ကို ခွဲခွာပြီး လွမ်းနေတတ်ကြရ၏။ ပထမပိုင်းတွင် ချစ်ကံခေပြီး နောက်ပိုင်းမှကောင်းတတ်၏။ တစ်ရွာသူတစ်နယ်သားတို့နှင့် ချစ်ကြိုးသွယ်မိတတ်၏။ အရူးအမူးချစ်တတ်ကြ၏။ တသသလွမ်းဆွေးနေတတ်ကြရ၏။ သို့သော်အိမ်ထောင်ပြုပြီးသောအချိန်တွင် စိတ်ချမ်းသာကြရတတ်ပါသည်။ ဘဝတွင်တစိမ့်စိမ့်ပြန်တွေးပြီး တသသ ကြည်နူးမဆုံး၊ လွမ်းမဆုံးအဖြစ်အပျက်လေးများစွာ ကြုံကြရတတ်သူများဖြစ်ပါတယ်။ အချစ်ရေးတွင် ကြားလူအနှောက်အယှက် အမြဲကြုံရတတ်၏။ ထို့အတူအိမ်ထောင်ရေးတွင်လည်း သွေးဆောင်ဖြားယောင်းခြင်းခံရတတ်၏။

ဒီလမွေးဖွားသူတို့သည် သစ္စာကြီးမားသူများဖြစ်၍ အိမ်ထောင်သာယာတတ်ပါသည်။ ကိုယ်ကိုယ်တိုင် ရုပ်ဆင်းတင့်တယ်၍ သပ်ရပ်ခန့်ငြားသူဖြစ်သလို အသားလတ်လတ်နှင့် လှပပြေပြစ်သူနှင့် ဖူးစာဆုံရတတ်ပါတယ်မျက်နှာတွင် ထင်ရှားသောမှဲ့အမှတ်အသားပါသူနှင့် ဖူးစာဆုံတတ်တယ်။ အိမ်ထောင်ဖက်အပေါ်တွင်အစစ ကိုယ်က အနစ်နာခံ၍ အနွံတာခံ၍ ပေါင်းဖော်ရတတ်၏။ အထူးသတိပေးလိုသည်မှာ ချစ်သူထားချိန်တွင်လည်းကောင်း၊ အိမ်ထောင်ပြုချိန်တွင်လည်းကောင်း၊ ခေါင်းအေးအေးနှင့် စဉ်းစားပြီးမှ လက်ခံဆုံးဖြတ်ပါ။ အထူးသဖြင့် မိန်းကလေးများ တဇွတ်ထိုးဆုံးဖြတ်ကာ အရှက်တကွဲ အကျိုးနည်းဖြစ်တတ်သည်။ အထူးသတိထားပါ။ ဘာပဲဖြစ်ဖြစ် အစပိုင်းညံ့ပြီး နောက်ပိုင်းတွင် ကောင်းကျိုးခံစားရပါမည်။

ကဆုန်လမွေးဖွားသူများသည် စိတ်ထက်၍ ဇွဲကောင်းသူများဖြစ်ပြီး လူအပင်ပန်းခံနိုင်သော်လည်း ခန္ဓာကိုယ်တွင် မကြာခဏဝေဒနာဖြစ်တတ်၏။ အဓိကအားဖြင့် အဆစ်အမြစ်များ မကြာခဏနာကျင်ကိုက်ခဲတတ်သည်။ လေထိုး၊ လေအောင့်၊ ဝမ်းနာရောပါတို့လည်း မကြာခဏဖြစ်တတ်တယ် လည်ချောင်းနာ၊ အသံဝင်၊ ရင်ကြပ်ရောဂါများမှာ အနည်းဆုံး တစ်နှစ် တစ်ကြိမ်မျှဖြစ်တတ်တယ် တော်ရုံတန်ရုံ ရောဂါလောက်ဖြင့် ဆရာဝန်ပြခြင်း၊ ဆေးစားခြင်းမပြုဘဲ ဝေဒနာကိုကြိတ်မှိတ်ခံစားနေတတ်သည်။ ထို့ကြောင့်ပင် မလိုလားအပ်ဘဲ ရောဂါကြီးမားသွားတတ်သည် အမျိုးသမီးများ သားအိမ်အားနည်းတတ်သည်။ အမျိုးသားများ ဆီးကျောက်တည်ခြင်း၊ ဆီးကျိတ်ရောင်ခြင်းဖြစ်တတ်သည်။

ဘာမှမလုပ်ဘဲ ငြိမ်နေလျှင် ကျန်းမာရေးညံ့တတ်၏။ အငြိမ်မနေဘဲ အလုပ်များကို ဇယ်ဆက်သလို ဆက်တိုက်လုပ်နေက၊ လှုပ်ရှားနေက ပိူ၍ကျန်းမာတတ်သည်။ အသေးအဖွဲဇက်ကြောတက်၊ ခေါင်းမူး၊ခေါင်းကိုက်ရောဂါများဖြစ်တတ်တယ်။ အသီးအရွက်များများစားပေးပါ။ ကဆုန်လဖွား အမျိုးသမီးများသည် ရင်သားတွင် အနာဖြစ်ခြင်းမျိုး ဖြစ်တတ်သဖြင့် ဂရုပြုသင့်သည်။ သတိပြုစရာ ဘေးဥပဒ်အန္တရာယ်များကတော့ မျက်နှာတွင် ရုတ်တရက်ထိခိုက်ဒဏ်ရာရတတ်သည်။ တောင်ပြိုခြင်း၊ မြေပြိုခြင်းစသော သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ရတတ်၏။ စက်မှုလက်မှုလုပ်ငန်းလုပ်သူများမှာ မတော်တဆထိခိုက်မှုများဖြစ်တတ်သည်။အထူးသဖြင့်လက်နက်ပေါက်ကွဲခြင်း ဖြစ်တတ်၍ သတိပြုသင့်သည်။ သို့သော် အသက်အိုးအိမ်ထိခိုက်လောက်အောင် ဘေးအန္တရာယ်မရှိတတ်ပါ။

ဒီလအတွင်းမွေးဖွားသူများ ဦးနှောက်သွေးကြောထိခိုက်ခြင်း ရုတ်တရက်ဖြစ်တတ်သောကြောင့် သတိထားသင့်ပါ၏။ ထို့ပြင် သူတစ်ပါးအတွက် အနစ်နာခံရသော ဇာတာပါ၏ အဓိကဆင်ခြင် သတိပြုသင့်ပါသည်။ဘဝတွင် ဒုတိယအရွယ်နှင့်တတိယအရွယ်တို့တွင်အထူးကောင်းစားတတ်၏။ အမွေရသလိုမျိုးရုတ်တရက်ကြီးပွားပြီး အောင်မြင်မှုရတတ်၏အကြီးအမှူးနေရာကို ရတတ်သည်။ အလှူအတန်းများစွာပြုရတတ်တယ်ကဆုန်လမွေးဖွားသူတို့သည် သံယောဇဉ်ကြီး၍ အနစ်နာခံရသော ဘဝပိုင်ရှင်များဖြစ်တတ်ပါတယ်။ ပေးဆပ်မှု၊ အနစ်နာခံမှုနှောင်ကြိုးတည်းခံရမှု၊ ဖိနှိပ်ချုပ်ချယ်မှုတို့ကိုအမြဲခံရတတ်ပါတယ်။

ဆွေမျိုးများနှင့် ဝေးဝေးနေသင့်၏။ သီးသန့်ခွဲထွက်သင့်၏။ သို့သော် မည်သည့်နေရာတွင် နေသည်ဖြစ်စေ ကိုယ်ကျိုးကိုမငဲ့ဘဲ စေတနာ အဓိကထား၍ လုပ်ဆောင်က သူမတူအောင်ကြီးပွားတတ်၏။ စွမ်းအားထည့်၍လုပ်ဆောင်က သူတစ်ပါးထက် ထူးကဲစွာ အောင်မြင်တတ်၏။ သို့သော် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်နည်းက မယုံမရဲစိတ်ဖြင့် လုပ်တတ်သဖြင့် နစ်နာတတ်၏။ ဒါ့ကြောင့် သံယောဇဉ်ကြီးခြင်း၊ အလွန်အမင်း အနစ်နာခံခြင်း၊ မယုံမရဲလုပ်ခြင်းတို့ကိုရှောင်ပါ။ စိတ်မြန်ခြင်း၊ စိတ်ကြီးခြင်း၊ စကားပြောကြမ်းခြင်းကိုရှောင်ပါ။ ပင်ကိုယ်ရုပ်ရည်၊ ပင်ကိုယ်ဟန်အမူအရာအထူးကောင်းသလောက် ကိုယ့်ကိုကိုယ်ထင်ရှားအောင် မနေတတ်မဝတ်တတ်၊ မလုပ်တတ်ဘဲရှိနေတတ်ကြတယ်ထူးခြားသော ဆွဲဆောင်မှုရှိသူများဖြစ်ကြပါသည်။ အေးဆေးတည်ငြိမ်စွာ သွားလာနေထိုင်ပါလက်ဝတ်ရတနာတို့ကို ရှိတိုင်းမဝတ်သင့်ပါ အကောင်းဆုံးအဆောင်မှာ (မြ) ကျောက်ဖြစ်ပါသည်။


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ