ကံမြင့်၊ ကံဆင့်၊ လာဘ်ပွင့် ယတြာများ…
ကံမြင့်၊ ကံဆင့်၊ လာဘ်ပွင့် ယတြာများ…
(သက်ရောက် ယတြာများ)
မိမိရောက်ဆဲ အသက်မှန်ကိုတည် (၇) ဖြင့်စားပါ။
ဥပမာ မိမိအသက် ၃၀ နှစ် ဆိုပါဆို့။
၃၀ ÷ ၇ = ၂ ကြွင်း ဖြစ်ပါတယ်။ ၂ ကြွင်း ယတြာကို ချေလိုက်ယုံပါပဲ။
(၁) ကြွင်းခဲ့ပါက လူသွားလမ်းကို အုတ်ခဲ ၆ ခဲ ခင်းပါ။ ဝက်များကို အစာကျွေးပါ
ရှောက်ယို၊ ဆီမီး/ဖယောင်းတိုင်၊ ရေ၊ ယပ်တောင် တို့ကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
(၂) ကြွင်းခဲ့ပါက ဘုရားရင်ပြင်ပေါ် သန့်ရှင်းရေးလုပ်ပါ။ မျောက်များကို အစာကျွေးပါ။
ပဲဆွမ်း၊ ရေ၊ ယပ်တောင်၊ ဆီမီး/ဖယောင်းတိုင်များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
(၃) ကြွင်းခဲ့ပါက ဘုန်းကြီးကုဋီ သန့်ရှင်းရေးလုပ်ပါ။ ကျန်းမာရေး မကောင်းသောသောကြာသားသမီးများကို သစ်သီးလှူပါ။
သီးစုံဆွမ်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင်များကို မွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
(၄) ကြွင်းခဲ့ပါက ကိုယ်လတ်အင်္ဂါ ချို့ယွင်းသူကို ဒါနပြုပါ။ နွားများကို အစာကျွေးပါ။
နို့ထမင်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင်များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
(၅) ကြွင်းခဲ့ပါက မိမိမိတ်ဆွေ၏ ကံမ ကောင်းသော အိမ်တွင်းရေး ရင်ဖွင့်သံများကို နားထောင်ပေးလိုက်ပါ။
မိမိအိမ်တွင်းကို သန့်ရှင်းရေးလုပ်ပါ။ အုန်းဆွမ်း၊ ရေ၊ ယပ်တောင်။ အလင်းတိုင်များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
(၆) ကြွင်းခဲ့ပါက မိမိ၏ ကြီးဒေါ် ကြီးအား ငွေကြေး ၆၀၀ကျပ် ဒါနပြုပါ။ ခွေးများကိုအစာကျွေးပါ။
ကြံသကာ ဆွမ်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင် များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
(ဝ) ကြွင်းခဲ့ပါက စိတ်မကျန်းမာသူကို ဒါနပြုပါ။ ဆရာသမားတစ်ဦးဦးကို ထီးလက်ဆောင်ပေးလိုက်ပါ။
ဆီထမင်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင်များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။
ထိုယတြာ ချေပေးခြင်းဖြင့် မိမိမှာ ကျရောက်မည့် ဂြိုဟ်ဆိုး ဂြိုဟ်ညံ့များနှင့် ဘေးဒုက္ခ အပေါင်းတို့မှ ကင်းလွတ်ကြပါစေ။
စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေသော်
Comments
Post a Comment