ဗားမဲ့ဆရာတော်၏ ဓာတ်ကြီးလေးပါး ကံပြင်နည်း

 

ဗားမဲ့ဆရာတော်၏ ဓာတ်ကြီးလေးပါး ကံပြင်နည်း

မီးဓာတ်
ဖယောင်းတိုင်အကြီးပေါ်မှာ ဖယောင်းတိုင်အသေး ဆင့်ပြီးတော့ ဘုရားမှာ မီးပူဇော်ပါ။

မြေဓာတ်
ရေကန်ဘောင်ပေါ်ကို မြေနည်းနည်းသယ်သွားပြီး မြေဖို့ပေးပါ။

လေဓာတ်
ထီးအရိုးတစ်ချောင်းတည်းမှာ အပေါ်ကို အဆင့်တင်ထားတာ (၃) ဆင့်၊ (၅)ဆင့်၊ (၇) ဆင့်၊ (၉) ဆင့် ဆိုပြီး မဂဏန်းပဲဆင့်ရမယ်။ ရာထူးအလိုက်၊စီးပွားရေးအလိုက်လုပ်ရတယ်၊ ရာထူးဌာနန္တရ ကြီးကဲသူ မင်းစိုးရာဇာဆိုရင် (၉) ဆင့်၊ ကုန်သည်ကြီး၊ကုမ္မဏီအကြီးကြီးတွေဆိုရင် (၇) ဆင့်၊ အလတ်စား စီးပွားရေးလုပ်သူဆိုရင် (၅) ဆင့်၊ အခြေခံလူတန်စားဆိုရင် (၃)ဆင့် စသဖြင့် ထီးဖြူ ကို ဘုရားမှာလှူပါ။

ရေဓာတ်
ရေကန်အသေးထဲမှရေကို ရေဘူးတစ်ခုထဲမှာထည့်သွားပြီး ရေကန်ကြီးမှာ သွားသွန်ပါ။

ထိုကဲ့သို့ ရေ၊မြေ၊လေ၊မီး စုံအောင် ဓာတ်ကြီး (၄) ပါး ကံဆင့်နည်း နဲ့ လုပ်လိုက်ရင် ဘယ်လိုပဲညံ့ညံ့ ပြန်ပြီး ဦးမော့လာပါမည်။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ