ဗုဒ္ဓဟူးနေ့အတွက် Tarot Message



ဒီနေ့အတွက် ကျရောက်တဲ့ Tarot ကတ်ကတော့ Page of Wands ဆိုတဲ့ ကတ်ဖြစ်ပါတယ်။

Page of Wands သည် ကတိုက်ကရိုက်ခရီးနှင်ရပြီး အထိုင်မကျသေးသည့်သဘောဆောင်ပေမယ့် အကောင်းဘက်များပါသည်။

နယ်မြေဝေးကွာသူနှင့် ချစ်ကြိုက်ရတတ်သည်။ နိုင်ငံခြားထွက်ခြင်း၊ နိုင်ငံခြားအစားအစာများ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့တွင် အဆင်ပြေနိုင်သည်။

လူမှုရေးအနေနဲ့ အခက်ခဲဆုံးအခြေအနေရောက်လာတဲ့အခါမျိုးမှာ အသက်ကြီးသူထံမှဖြစ်စေ၊ တစ်စုံတစ်ယောက်ထံမှဖြစ်စေ အကူအညီရတတ်သည်။

အိမ်ထောင်ရေးတွင် ခွဲခွာနေရခြင်း၊ အထီးကျန်ဆန်ခြင်းတို့ ကြုံရတတ်ပါသည်။
ငွေကြေးအနေနဲ့ အိတ်သွန်ဖာမှောက်ဖြစ်တတ်သည်။ ကံကြမ္မာကောင်းသည့်အခါတွင် မမျှော်လင့်ဘဲ ငွေကြေးပိုက်ဆံဝင်တတ်သည်။

အစာအိမ်ရောဂါ၊ လေနှင့်ပတ်သက်သောရောဂါ၊ လေပြွန်နှင့်ဆိုင်သော ရောဂါများသတိထားရမည်။ အေးလွန်းပူလွန်းစောအစာမျိုးကို သတိထားစားရမည်။ ကျေကျေညက်ညက်ဝါးစားရမည်။

အသက်မွေးဝမ်းကြောင်း ပညာရပ်အနေနဲ့ အကုန်ကောင်းပါသည်။

ယတြာ - ဆိတ်သားဟင်းချက်၍ ကျွေးမွေးလှူဒါန်းပါ။

 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ