တနင်္လာနေ့အတွက် Tarot Messsage
ဒီနေ့အတွက် ကျရောက်တဲ့ Tarot ကတ်ကတော့ Two of Swords ဆိုတဲ့ ကတ်ဖြစ်ပါတယ်။
မိသားစုတွင် ကံကြမ္မာအညံ့နှင့် ကြုံနေရချိန်ဖြစ်ပါသည်။ စိတ်ဖိစီးမှုများပြီး လမ်းပျောက်သလို ဖြစ်နေတတ်သည်။ တရားထိုင်သင့်ပါသည်။
လူမှုရေးတွင် ရန်တုရန်ပြိုင်ဖြစ်ပြီး ကုန်းချောစကားများ ကြားရတတ်သည်။ လုပ်ငန်းစီးပွားအသစ်စရန် မကောင်းသေးဘဲ ကံအညံ့ဝင်နေသော ကာလဖြစ်ပါသည်။
အာရုံကြောအားနည်းခြင်း၊ ထိခိုက်ရှနာဖြင့် အနာတရဖြစ်တတ်သည်။
ငွေကြေးအနေဖြင့် ပေးစရာရှိသလို ရစရာလည်းရှိနေတတ်သည်။ ငွေကြေးကို ပူပင်သောကနှင့် ရတတ်သည်။
ယတြာ - တရားထိုင်ခြင်း၊ ပရိတ်ပဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ပေးပါ။
Comments
Post a Comment