တစ်ပတ်တာ Tarot Message (၂၁-၃-၂၀၂၃ မှ ၂၇-၃-၂၀၂၃ အထိ)


တနင်္ဂနွေသမီးများအတွက်ကျရောက်တဲ့ Tarot  ကတ်ကတော့ King of Cups ဆိုတဲ့ ကတ်ဖြစ်ပါတယ်

King of Cups သည် ကဗျာဆရာ၊ စာရေးဆရာ၊ တိုင်းရင်းဆေးဆရာတို့ကို ကိုယ်စားပြုပါသည်။

အချစ်ရေးတွင် စန်းပွင့်ပါသည်။ ချစ်သူခင်သူပေါပါသည်။ Romantic ဆန်ဆန်ချစ်တတ်သူဖြစ်သည်။

လူမှုရေး - ချစ်သူခင်သူပေါသော်လည်း ကိုယ့် feeling နှင့် ကိုယ်နေတတ်သူဖြစ်သည်။

စီးပွားရေးတွင် ရွပ်ရွပ်ချွံချွံမကြိုးစားဘဲ ရေသာခိုလိုက်တတ်သည်။ အလုပ်နှင့်ပတ်သက်လာလျှင် အေးအေးဆေးဆေးလုပ်တတ်သည်။

အိမ်ထောင်ရေး - ချောမောလှပသူနှင့် ဖူးစာဆုံတတ်သည်။ သေကွဲ ကွဲတတ်သည့် ဖြစ်စဉ်လည်း ကြုံရတတ်သည်။

သီးခြားကျန်းမာရေးအညံ့မရှိပါ။ စိတ်ဝေဒနာအချို့၊ အလွမ်းအဆွေးဒဏ်ရာအချို့တော့ ခံစားရတတ်ပါသည်။

ငွေကြေး - မရှိမရှား၊ ရှိမရှားအခြေအနေမျိုးဖြစ်ပြီး ငွေကြေးနှင့်ပတ်သက်၍ ပူပင်ကြောင့်ကြမှုမရှိပါ။ ငွေရာရဖွေရလွယ်ကူသော သူမျိုးဖြစ်သည်။

ပညာရေးကောင်းပါသည်။ ခံစားချက်နှင့်ပတ်သက်၍ အရမ်းကြီးမခံစားဖို့လိုပါသည်။

ယတြာ - ရေနှင့်ပတ်သက်သော အလှူဒါနပြုလုပ်ပေးရပါမည်။

တနင်္လာသားသမီးများအတွက်ကျရောက်တဲ့ Tarot  ကတ်ကတော့ Knight of Pentacles ဆိုတဲ့ ကတ်ဖြစ်ပါတယ်

Positive ဘက်များပါသည်။ ရန်အဆတိုက်အခံတို့ကို ဖြေရှင်းပြီးမှ အောင်မြင်မည့်နိမိတ်ဖြစ်ပါသည်။

အချစ်ရေးကို စိတ်မဝင်စားဘဲ ဘဝအရေးကိုပဲ ပိုတွေးနေတတ်သည်။ အချစ်ရေးဘက် စိတ်အရောက်များပါက ကျရှုံးတတ်သည်။

လူမှုရေးကောင်းပါသည်။ ပြဿနာအခက်အခဲကြုံလျှင် ဝင်ဖြေရှင်းပေးတတ်သည်။ ဂုဏ်ပြု ချီးမြှောက်ခံရတတ်သည်။

စီးပွားရေးတွင် အောင်မြင်နိုင်ပါသည်။ မုတ်ဆိတ်ပျားစွဲသော ဖြစ်စဉ်မျိုးကြုံရတတ်သည်။

အိမ်ထောင်ရေးကံကောင်းပါသည်။ အလုပ်ကိစ္စကြောင့် ခွဲခွာပြီးနေရတတ်ပါသည်။

ကျန်းမာရေးကောင်းပါသည်။ အညံ့ရှိပါက ကုသစရာဆေးတွေ့နိုင်ပါသည်။

ငွေကြေးကိစ္စလည်းကောင်းပါသည်။ ငွေကိုစေခိုင်းနိုင်သူဖြစ်ပါသည်။

အကျိုးပေးဂဏန်း - ၆/၁

အကျိုးပေးအရောင် - အနီရောင်/ပန်းရောင်

ဆန်စပါး၊ ပြောင်းစသည်တို့လှူဒါန်းပေးခြင်း၊ ပန်းပင်၊ အရိပ်ရအပင်များ စိုက်ပျိုးပေးခြင်းတို့ ပြုလုပ်ပါ။ (မြင်သာသောနေရာတွင် အစိမ်းရောင်ကပ်ထားပေးပါက ကံပိုမိုကောင်းစေနိုင်ပါသည်။)


အင်္ဂါသားသမီးများအတွက်ကျရောက်တဲ့ Tarot  ကတ်ကတော့ Queen of Swords ဆိုတဲ့ ကတ်ဖြစ်ပါတယ်

ခေါင်းမာသော အမျိုးသမီးကို ကိုယ်စားပြုသည်။ မည်သူ့စကားမျှနားမထောင်ဘဲ ခေါင်းမာတတ်သည့် အချိန်ကာလဖြစ်သည်။

အပေါက်ဆိုးပြီး ဘုဂလန့်လုပ်တတ်သည်။ လူမှုရေးနှင့် ပတ်သက်လျှင် ဖြည့်တွေးပေးဖို့လိုသည့်အချိန်ဖြစ်သည်။ တိုးတက်မှုအပေါ် မနာလိုသူများပေါ်လာတတ်သည်။

ဆင်ကန်းတောတိုးလုပ်တတ်သည့် အချိန်ဖြစ်သည့်အတွက် စီးပွားပျက်တတ်သည်။ လူယုံသတ်၍ သေရတတ်သည်။ ဇွဲရှိခြင်းအဟုတ်ဘဲ တစ်လွဲမာနဖြစ်တတ်သည်။

အမျိုးသားတို့တွင် ဆီး၊ သွေးစသည်တို့နှင့် ပတ်သက်သောအရာများ၊ အမျိုူသမီးတို့တွင် သွေးသားကိစ္စအညံ့များ ဖြစ်ပေါ်တတ်သည်။‌

ငွေကိုရအောင်ရှာတတ်ပြီး အကျိုးမဲ့သည့်ကိစ္စများတွင် သုံးစွဲတတ်သည်။ တည့်အောင်ပေါင်းလျှင် ရက်ရောတတ်ပြီး မတည့်လျှင် လုံးဝကူညီတတ်သူမဟုတ်ပါ။ ငွေ(သို့) ပစ္စည်းပျောက်တတ်သည်။ သူခိုး ခိုးခံရတတ်သည်။

အကျိုးပေးဂဏန်း - ၂/၆

အကျိုးပေးအရောင် - အဖြူရောင်/ပန်းရောင်/ငွေရောင်/အနီရောင်

ယတြာ - မိမိမွေးနေ့တွင် တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ရေချိုးပြုလုပ်ပါ။


ဗုဒ္ဓဟူးသားသမီးများအတွက်ကျရောက်တဲ့ Tarot  ကတ်ကတော့ Nine of Swords ဆိုတဲ့ ကတ်ဖြစ်ပါတယ်

ကံညံ့ကံဆိုးခြင်းဖြစ်နေသည့် အခြေအနေကို ဖော်ညွှန်းပါသည်။ ကိုယ်မကြားချင် မကြုံချင်သော ကိစ္စရပ်တို့ကို ကြုံတွေ့ကြားသိနေရသည့်ကာလဖြစ်ပါသည်။

မလိုတမာ သွေးခွဲချောက်ချစကားတို့ကို ကြားရတတ်ပါသည်။ ခြိမ်းခြောက်အကြပ်ကိုင်မှု ကြုံရတတ်သည်။

ကိုယ့်ကိုစိတ်အနှောင့်အယှက်ပေးသော ပတ်ဝန်းကျင်တွင် နေထိုင်ရတတ်သည်။ မိမိပြိုင်ဘက်များအချင်းချင်း ပူးပေါင်းကြံစည်ခြင်းကြုံရပြီး မိမိကိုစွန့်ခွာသွားကြလိမ့်မည်။

စီးပွားရေးတွင် ကံအညံ့ကြုံနေရသော ကာလဖြစ်သည်။ လုပ်ငန်းခွင်တွင် အမှားများပြုလုပ်မိတတ်သည်။

စိတ်ဖိစီးစရာကြုံရတတ်သည်။ ကျိန်စာသင့်နေသော ဖြစ်စဉ်မျိုးရှိတတ်သည်။

အာရုံကြောရောဂါများ၊ အိပ်ရေးပျက်ခြင်း၊ သွေးလေခြောက်ခြားခြင်း၊ အိပ်မက်ဆိုးများ မြင်မက်တတ်သည်။

ငွေကြေးတွင် ကြားဝင်မိရာက ကတိကဝတ်လွဲမှားခြင်း၊ အရှုပ်အထွေးဖြစ်ခြင်းများ ကြုံရတတ်သည်။ ဗီဇအကျင့်စရိုက်မကောင်းသူကို သတိထားရမည်။

ပညာရေးတွင် မှတ်ဉာဏ်ကောင်းပါသော်လည်း မမှတ်သင့်သည်ကို လျှောက်မှတ်နေ၍ တစ်လွဲမှတ်ဉာဏ်ပိုင်ရှင်ဖြစ်သည်။

Nine of Swords သည် အဆိုးဆုံးနိမိတ်ကို အများဆုံးကြုံရမည့် သဘောဆောင်ပါသည်။ ဝဋ်ကြွေးရှိတာကို ကြေအောင်ဆပ်ရမည်။ ဘဝနာခဲ့ဖူးသူများ ပိုအောင်မြင်တတ်သည်ကို သတိရပါ။

ယတြာ - မေတ္တာပို့ခြင်း၊ တရားနာခြင်း၊ ဂုဏ်တော်ရွတ်ပူဇော်ခြင်း၊ တရားဓမ္မတို့ကို လှူဒါန်းပေးခြင်း၊ နာကြားခြင်း၊ မျှဝေခြင်းတို့ ပြုလုပ်ရန်လိုအပ်ပါသည်။


ကြာသပတေးသားသမီးများအတွက်ကျရောက်တဲ့ Tarot  ကတ်ကတော့ Nine of Pentacles ဆိုတဲ့ ကတ်ဖြစ်ပါတယ်

အကောင်းဘက်ကိုဆောင်သော ကတ်ဖြစ်သည်။

ဂုဏ်မောက်ပြီး မာနကြီးသူနှင့် ချစ်သူအဖြစ်ဆုံရတတ်သည်။

ကြွယ်ဝချမ်းသာမှုကိုပြကာ ပေါင်းသင်းဆက်ဆံတတ်ပြီး ပါးနပ်သူဖြစ်သည်။

စီးပွားရေးအကွက်မြင်ပြီး စီးပွားရေးကိုအကွက်ကျကျလုပ်တတ်သည်။ စီးပွားရေးသမားကောင်းဖြစ်နိုင်ပါသည်။

အိမ်ထောင်ရေးတွင် အားလုံးပြည့်စုံအောင် ပေးကမ်းတတ်သူဖြစ်သည်။ အမျိုးအဆွေတို့ကိုလည်း ထောက်ပံ့ပေးကမ်းတတ်သူဖြစ်သည်။

ကျန်းမာရေးအညံ့မရှိဘဲ ကောင်းပါသည်။ မျိုးရိုးလိုက်ရောဂါများ၊ သွေးတိုး၊ ဆီးချိုစသည့်ရောဂါတို့ကို သတိထားရန်လိုအပ်ပါသည်။

စုစုဆောင်းဆောင်းလုပ်တတ်သဖြင့် ငွေကြေးချမ်းသားကြွယ်ဝပါသည်။ အိုဇာတာကောင်းပါသည်။

ပညာရေးကောင်းပါသည်။ စာကြိုးစားလိုစိတ်ရှိသူ ဖြစ်ပါသည်။

ယတြာ - မိမိပိုင်ဆိုင်သည့်အထဲမှ အသုံးမလိုပိုလျှံနေသည်များကို မွန်မြတ်သည့်စိတ်နှင့် ပေးကမ်းစွန့်ကြဲရပါမည်။


သောကြာသားသမီးများအတွက်ကျရောက်တဲ့ Tarot  ကတ်ကတော့ The Emperor ဆိုတဲ့ ကတ်ဖြစ်ပါတယ်

ချစ်သူမရှိပါက ချစ်သူတွေ့မည်။ ချစ်သူရှိပါက လက်ထပ်ရမည်။ အတူကြံစည်ထားသော အကြံအစည်ကောင်းတစ်ခုလည်း အောင်မြင်မည်။

လုပ်ငန်းသစ်လုပ်ခြင်း၊ ဆိုင်သစ်ဖွင့်ခြင်းတို့အတွက် အကောင်းဆုံးအချိန်ဖြစ်သည်။ နေအိမ်သို့ ပန်းပင်/ပန်းအိုးများ ရောက်လာပါက စီးပွားရေးအတွက်နိမိတ်ကောင်း၊ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းတိုးတက်ကိန်းရှိသည်။

အိမ်ထောင်ရေးအညံ့မရှိပါ။ နေအိမ်သို့ စက်ပစ္စည်းဝင်လာပါက အိမ်ထောင်ရေးပို၍ သာယာမည်။

ကျန်းမာရေးတွင် အထိုင်များ၍ အဆီစုခြင်း၊ အာရုံကြောအားနည်းသည့်ရောဂါ၊ ဆီးချုပ်၊ ဝမ်းချုပ်စသည့် ကျန်းမာရေးအညံ့ရှိတတ်သည်။ ကျန်းမာရေးအညံ့ကြုံပါက ပြန်ကောင်းမည်။

အတန်းပညာထက်စာလျှင် အတတ်ပညာက်ုဦးစားပေးသောကတ်ဖြစ်သည်။ စီးပွားရေးတွင် ပိုစိတ်အားထက်သန်သည်။

အကျိုးပေးဂဏန်း - ၄/၇/၈

အကျိုးပေးအရောင် - အပြာ/အနီ

ယတြာ - ငှက်စာကျွေးခြင်း၊ ထိုင်ခုံလှူခြင်း၊ လှေကားအတက်အဆင်းမီးများ၊ လမ်းမီးများလှူဒါန်းပေးပါ


စနေသားသမီးများအတွက်ကျရောက်တဲ့ Tarot  ကတ်ကတော့ Five of Swords ဆိုတဲ့ ကတ်ဖြစ်ပါတယ်

Five of Sword ကျသည့်အခါ မဖြစ်မနေလုပ်ရမည်ဟု အမိန့်ပေးခံရတတ်သည်။

ဆရာကြီးလုပ်လွန်းသူနှင့် ချစ်သူအဖြစ်ဆုံရတတ်သည်။  အပေါင်းအသင်းတို့မှ ချောက်တွန်းနားချခြင်း၊ တားမြစ်ပိတ်ပင်ခြင်းများကြုံရမည်။

လူမှုရေးတွင် ဆရာကောင်း သမားကောင်းတို့၏လမ်းညွှန်ခြင်းကြုံရတတ်သည်။ လူကြီးသူမတို့က မိမိအပေါ်ကောင်း၍ ငယ်ရွယ်သူတို့က မိမိအပေါ်မကောင်းတတ်ပါ။

စီးပွားရေးတွင် မိမိဆန္ဒမပါသောလုပ်ငန်း၊ ဖိစီးမှုများသောလုပ်ငန်းတို့ကို လုပ်ရတတ်သည်။

အိမ်ထောင်ရေးတွင် သဘောထားမတိုက်ဆိုင်မှုများ မကြာခဏဖြစ်ရတတ်သည်။

ကျန်းမာရေးတွင် မတည့်စာစားမိ၍ ဓာတ်မတည့်သောပြဿနာရှိတတ်သည်။

ငွေကြေးမပြေလည်တတ်ပါ။ ရသလောက်၊ ရှိသလောက်နှင့် လောက်အောင်သုံးဖို့လိုသည့် ကာလဖြစ်သည်။

ပညာရေးတွင် မိမိမနှစ်သက်သော ဝါသနာမပါသော ပညာရပ်ကိုသင်ယူရန် ဖိအားပေးခြင်းခံရတတ်သည်။

ယတြာ - လူကြီးမိဘစကားကိုနားထောင်ရမည်။ ဓမ္မစာပေလှူဒါန်းခြင်း ကောင်းမှုပြုလုပ်ပေးရမည်။


 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ