စနေနေ့အတွက် Tarot Message
ဒီနေ့အတွက် ကျရောက်တဲ့ Tarot ကတ်ကတော့ Five of Cups ဆိုတဲ့ ကတ်ဖြစ်ပါတယ်။
စိတ်ဓာတ်ကျခြင်း၊ စိတ်ရှုပ်ထွေးနောက်ကျိခြင်း၊ နောင်တရခြင်းစသည်တို့ ခံစားနေရသော ကာလဖြစ်သည်။
အချစ်ရေးကံမကောင်းသေးသော ကာလဖြစ်သည်။
လူမှုရေးတွင် လူတကာတို့နှင့် မဆက်ဆံလို၍ ဘာသိဘာသာနေရင်း အထီးကျန်ဆန်နေရသော ကာလဖြစ်သည်။
စီးပွားရေးတွင် လုပ်သမျှသဲထဲရေသွန်ဖြစ်ခြင်း၊ အမှားအယွင်းကြုံရခြင်း ပြဿနာများဖြစ်တတ်သည်။
သွေးအားနည်းခြင်း၊ အိပ်မပျော်ခြင်းများဖြစ်တတ်သည်။ ဆီပူလောင်တတ်သည်။
ငွေကြေးတွင် အကုန်အကျများပြီး ကံမကောင်းနိုင်ပါ။ ငွေကြေးပြဿနာနှင့် ကြုံရသည့်နိမိတ်ဖြစ်၍ သံသယစိတ်ကို ဖျောက်ဖို့လိုအပ်ပါသည်။
ယတြာ - အိမ်မှဘုရားကျောင်းဆောင် ဘုရားတို့ကို ရေသပ္ပာယ်ပါ။ ရေချိုးခန်း၊ အိမ်သာ ဆေးကြောခြင်း၊ အိပ်ရာခင်း၊ ခြင်ထောင်၊ ခေါင်းအုံးတို့ကို လျှော်ဖွပ်လဲလှယ်ခြင်းများ ပြုလုပ်ပါ။

Comments
Post a Comment