သောကြာနေ့အတွက် Tarot Message
ဒီနေ့အတွက် ကျရောက်တဲ့ Tarot ကတ်ကတော့ Six of Cups ဆိုတဲ့ ကတ်ဖြစ်ပါတယ်။
Six of Cups သည် အချိန်ကာလကိုစောင့်ဆိုင်းဖို့လိုအပ်ကြောင်း အသိပေးသောကတ်ဖြစ်သည်။
အချစ်ရေးမှာ အထီးကျန်ဆန်ပြီး ဝမ်းနည်းကြေကွဲရတတ်သည်။ နေရာခွဲခွာရခြင်း၊ ကွဲကွာခြင်းကြုံရတတ်သည်။
အပေါင်းအသင်းရှားတတ်သည်။ စီးပွားရေးတွင် စပ်တူ၊ ဖက်စပ်လုပ်၍မရပါ။ တစ်ဦးတည်းလုပ်ပြီး ဘာသာရေးပါတွဲလုပ်လျှင်ပိုကောင်းသည်။
တစ်ယောက်တည်းနေလိုစိတ်ဖြစ်နေတတ်သည်။
အိမ်သူအိမ်သားတို့နှင့်ဝေးရာတွင် တစ်ကိုယ်တည်း အနေများသော ကာလဖြစ်ပါသည်။
ခြေဖျားလက်ဖျားကျဉ်ခြင်း၊ အေးခြင်းမှလွဲ၍ ကျန်းမာရေးကောင်းပါသည်။ ငွေကြေးကံလည်းကောင်းပါသည်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ကောင်းလာတတ်ပါသည်။
စုဆောင်းတတ်သူတို့မှာ ကြွယ်ဝပြီးငွေကြေးတည်မြဲတတ်ပါသည်။
ယတြာ - အိမ်ကဘုရားကို၊ ပန်းကပ်လှူခြင်း၊ ရေချမ်းကပ်လှူခြင်း၊ ရေသပ္ပာယ်ခြင်းတို့ပြုလုပ်ပါ။

Comments
Post a Comment