ယနေ့ ညနေမှာမြင်ရမယ့် ဂြိုဟ်ပြပွဲ သို့ Planet Parade

 


ယနေ့ မတ်လ ၂၈ ရက်နေ့ ညနေ နေဝင်ပြီးစ အချိန်မှာ အနောက်ဖက်ကောင်းကင်မှာ ကျွန်တော်တို့တွေ ဟာ ဂြိုဟ်တွေ ကို ကောင်းကင်တခြမ်းထဲမှာ တန်းစီ ပြီးမြင်ရမှာဖြစ်ပါတယ်။ နေဝင်ပြီး ၁၅ မိနစ်လောက် အချိန်မှစပြီး ဂျူပီတာ ခေါ် ကြာသပတေးဂြိုဟ်၊ မာကျူရီ ခေါ် ဗုဒ္ဓဟူး ဂြိုဟ် ၊ ဗီးနပ်စ် ခေါ် သောကြာဂြိုဟ် နဲ့ မားစ် ခေါ် အင်္ဂါဂြိုဟ် တို့ကို သာမန် မျက်စိ နဲ့ မြင်ရမှာ ဖြစ်ပါတယ်။ ယူရေးနပ်စ် ဂြိုဟ် ကိုတော့ အားကောင်းတဲ့ မှန်ဘီလူး သို့မဟုတ် တယ်လီစကုတ် အသေးစား တစ်ခု ရှိရင် မြင်နိုင်မှာဖြစ်ပါတယ်။ လခြမ်းကွေးလေး ကိုတော့ မားစ်ဂြိုဟ် နဲ့ ဘေးကပ်ရက် မြင်ရမှာဖြစ်ပြီး ဒီလို ကပ်နေတာကို Lunar-Planetary Conjunction လို့လဲခေါ်ပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင်တော့ အနောက်ဖက်ကောင်းကင် ကို မိုးကုတ်စက်၀ိုင်း အထိမြင်နိုင်တဲ့နေရာကနေကြည့်ဖို့ အကြံပြုလိုပါတယ်။ ဘာလို့လဲဆိုတော့ ဂျူပီတာ ဂြိုဟ် နဲ့ မာကျူရီ ဂြိုဟ်တို့ ဟာ က နေဝင်ပီးစ အချိန် မှာ မိုးကုတ်စက်၀ိုင်းအပေါ်နားလေးမှာ ရှိနေမှာ ဖြစ်တာကြောင့်ပါ။
Planet Parade ဆိုတဲ့ အသုံးအနှုန်းဟာ တရားဝင် သိပ္ပံဆိုင်ရာ အသုံးအနှုန်းတစ်ခု မဟုတ်သေးပေမယ့် နက္ခတ္တဗေဒ ပညာရှင်တွေ ကြားမှာ ယခုလို ဂြိုဟ်တွေ ကို ကောင်းကင် တစ်နေရာမှာ စုစည်းပြီး မြင်ရတဲ့ နက္ခတ္တဗေဒ ဆိုင်ရာ ဖြစ်စဉ် ကို တင်စားပြီး ခေါ်ဝေါ်ကြပါတယ်။
ယခုလို ထူးခြားတဲ့ ကောင်းကင် ဖြစ်စဉ်တွေ ဟာ များသောအားဖြင့် ဘယ်နေ့မှာ ဘယ်ပုံစံ မြင်ရမယ် ဖြစ်ပေါ်မယ်ဆိုတာ ကို သိပ္ပံပညာရှင်တွေ ဟာ အချိန် တော်တော် များများ ကြိုတင် တွက်ချက်လို့ရပါတယ်။ ဒီ ကောင်းကင် ဖြစ်စဉ်တွေ ဟာ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ လူသားတွေ ကြုံတွေ့နေရတဲ့ ဖြစ်ရပ်တွေ နဲ့ လုံး၀ (လုံး၀) သက်ဆိုင်ခြင်းမရှိပဲ သူ့ဘသူ သဘာ၀အတိုင်း ဖြစ်ပေါ်နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေ ကမ္ဘာပေါ်မှာ မရှိခဲ့ရင်တောင် သဘာ၀အတိုင်း ဖြစ်ပေါ် လည်ပတ်နေမှာ ဖြစ်ပါတယ်။

~ MASES / Min Zaw Moe
Photo Crd - Starwalk.

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ