Message for Today (၁၉-၃-၂၀၂၃)ရက်နေ့
ဒီနေ့အတွက် ကျရောက်တဲ့ Tarot ကတ်ကတော့ The Hermit (ရသေ့) ဆိုတဲ့ ကတ်ဖြစ်ပါတယ်။
ရပ်ဝေး
(သို့) ပြည်ပနှင့်ဆက်စပ်သည့် အလုပ်အကိုင်များလုပ်ကိုင်ရမည်။ လက်ရှိလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ရန်စီစဉ်နေမည်။
မိမိထက်ရာထူးကြီးသူ၊ ဂုဏ်ကြီးသူက ကူညီမည်။
ဝင်ငွေရလမ်းကောင်းနေပါသည်။
ရရှိသောငွေများလက်ထဲမမြဲ၊ ပေးကမ်း၊ လှူဒါန်း၊ သုံးစွဲရ၍ ပြန်ထွက်မည်။
ကိုယ်တိုင်လည်း ငွေစုလိုစိတ်နည်းပါးနေသည်။
အခက်အခဲရှိသော်လည်း
ကျော်လွှားနိုင်မည်။ ဖြည်းဖြည်းမှန်မှန် သည်းခံခြင်းဖြင့် အောင်မြင်နိုင်မည်။
ဘဝရည်မှန်းချက်ကို ပညာဖြင့် ကျော်လွှားအောင်မြင်နိုင်သော ကာလဖြစ်သည်။
ပျိုရွယ်သူများ
အချစ်စစ်နှင့် အတုအယောင်ခွဲခြားသိရှိမည်။ ကာလအတန်ကြာ ကွဲကွာနေသောသူနှင့်
ပြန်လည်ဆုံစည်းနိုင်မည်။ ဒါပေမယ့် အခုအချိန်မှာ သီးသန့်နေလိုစိတ်ပြင်းထန်နေမည်။
မေတ္တာကို ဦးစားမပေးလိုသော အနေအထားရှိမည်။
ကိုယ်တိုင်
(သို့) မိသားစု မျက်စိဝေဒနာ ဖြစ်တတ်သည်။ စိုးရိမ်စရာမရှိပါ။
လောလောဆယ်ရည်ရွယ်ထားသည့်
ကိစ္စရှိလျှင် ဆောင်ရွက်အောင်မြင်နိုင်မည်။ ရဲရဲသာလုပ်ပါ။
အကျိုးပေးဂဏန်း
- ၃/၅/၆
ယတြာ
- ငှက်စာကျွေးခြင်း၊ မိဘတို့၏ အဝတ်အစားလျှော်ဖွပ်ပေးခြင်း၊ တောင်ဝှေး၊ ဖိနပ်၊
ပရိက္ခရာ (၈)ပါး လှူဒါန်းခြင်းပြုလုပ်ပါ။
ဒီနေ့အတွက်
ကျရောက်တဲ့ Rune ကတ်ကတော့ The Initiation (အစ၊ ကနဦး) ဆိုတဲ့ ကတ်ဖြစ်ပါတယ်။
အကောင်းအဆိုးရောနေသော
အချိန်ဖြစ်သည်။ စွန့်စားလုပ်ကိုင်ရမည်။ နေရာ၊ အလုပ်အကိုင် အပြောင်းအလဲရှိမည်။
မိတ်ဆွေသစ်၊ ပတ်ဝန်းကျင်သစ်တွေ့မည်။ မမျှော်လင့်သော ငွေဝင်မည်။ မမျှော်လင့်ဘဲလည်း
ငွေကုန်တတ်သော်လည်း အရင်းအနှီးအသစ် ထပ်မံရရှိမည်။ ငွေမချေးပါနဲ့၊
ချေးလျှင်ဆုံးနိုင်သည်။ ထီပေါက်နိုင်သည်။ ထီထိုးပါ။ အချစ်သစ်တွေ့မည်။
မူလရောဂါဝေဒနာ သက်သာပျောက်ကင်းမည်။ နောက်ထပ်ဝေဒနာသစ်မဖြစ်ရန် ဂရုပြုနေထိုင်ပါ။
အကျိုးပေးဂဏန်း
- ၂/၃
ယတြာ
- စာရေးကိရိယာလူဒါန်းပါ။ ခြေလေးချောင်းသတ္တဝါများအစာကျွေးခြင်း၊ ခင်ပွန်းကြီး
(၁၀)ပါး ကန်တော့ခြင်းပြုလုပ်ပါ။
ဒီနေ့အတွက်
ကျရောက်တဲ့ Lenormand
ကတ်ကတော့ Cross (လက်ဝါးကပ်တိုင်) ဆိုတဲ့ ကတ်ဖြစ်ပါတယ်။
ဒီကာလမှာ
တရားအားထုတ်နေခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ကံကြမ္မာညံ့နေသော ကာလဖြစ်ပါသည်။
ကိုယ်ကျင့်တရားအလွန်အရေးကြီးသော အချိန်ဖြစ်သည်။ ကိုယ်ကျင့်တရားပျက်လျှင်
ရေရှည်ဒုက္ခရောက်သွားနိုင်သော ကာလဖြစ်သည်။ ငွေချေးခြင်း၊
အာမခံခြင်းများမလုပ်ပါနဲ့၊ လုပ်မိပါက မိမိပါ ဒုက္ခရောက်တတ်သည်။
အထူးရှောင်ကြဉ်ရန်မှာ အသုဘပို့ခြင်း၊ သင်္ချိုင်းမြေနင်းခြင်းကို ယနေ့မှစ၍
(၅၂)ရက်တိတိ မလုပ်မိပါစေနဲ့။
ယတြာ
- ညောင်ထောက်ခြင်း၊ ရုက္ခစိုးနတ်မင်းအား ပူဇော်ဆုတောင်းခြင်း၊ ခြေသုတ်ခုံ၊
ခြေနင်းပြား၊ ထီးလှူဒါန်းခြင်းတို့ပြုလုပ်ပေးပါ။



Comments
Post a Comment