Message for Today (၁၂-၃-၂၀၂၃)ရက်နေ့

ဒီနေ့အတွက် ကျရောက်တဲ့ Tarot ကတ်ကတော့ Ace of Swords ဆိုတဲ့ ကတ်ဖြစ်ပါတယ်။

မည်သည့်ကိစ္စမဆို တိတိကျကျလုပ်တတ်ပြီး သည်းမခံတတ်သူဖြစ်သည်။ စည်းကမ်းနှင့်အညီ နေထိုင်ကျင့်သုံးသူဖြစ်သည်။ Strong ဖြစ်အောင်ကြိုးစားပြီး မည်သည့်အရေးကိစ္စမဆို Ready ဖြစ်နေတတ်သည်။ တစ်ခုခုဆိုလျှင် လေသံမာတတ်သည်။ ကောက်ပင်ရိတ်သိမ်းနည်းဖြင့် စကားးပြောတတ်သည်။

စွဲစွဲလန်းလန်းနှင့် လှေနံဓားထစ်အချစ်မျိုးဖြင့် ချစ်တတ်သူဖြစ်သည်။ မိမိထက် ငယ်ငယ်ကြီးကြီး မိမိကချစ်ရလျှင်ပြီးရောဆိုသည့် စိတ်မျိုးရှိသည်။ သစ္စာအဖောက်ခံရပါက ရင်ခွင်ထဲထည့်သိပ်ပြီး ဓားနှင့်ထိုးရဲသည့် စိတ်ရှိသူမျိုးဖြစ်သည်။

စီးပွားရေးတွင် ရိုးသားမှုကိုအခြေခံပြီး ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့် နှင့် မည်သည့်လုပ်ငန်းကိုမဆို သစီမံခန့်ခွဲနိုင်သူဖြစ်သည်။ အစာမကြေခြင်း၊ လေထိုးလေအောင့်ခြင်း၊ ခေါင်းကိုက်ခြင်းစသည့် ကျန်းမာရေးအညံ့များ ရှိတတ်သည်။ သူငယ်အိမ်စောင်းပြီး မျက်မှန်တတ်ရတတ်သူဖြစ်သည်။ ငွေကြေးနှင့်ပတ်သက်၍ ပူပင်သောကရောက်စရာတို့ရှိနေသည်။ အမွေကိစ္စများတွင်လည်း အမှုဖြစ်ပြီးမှ အမွေရတတ်သည်။ ငွေကြေးတွင် ပဋိပက္ခပြဿနာပေါင်းစုံ အမြဲဒွန်တွဲနေတတ်သည်။ ပညာရေးကောင်းပါသည်။

အကျိုးပေးဂဏန်း - ၁/၅

ယတြာ - ဘုရားတွင်သန့်ရှင်းရေးလုပ်ခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ ယပ်ခတ်ပေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။


ဒီနေ့အတွက် ကျရောက်တဲ့ Rune ကတ်ကတော့ The Self (မိမိ၊ အတ္တ၊ ကိုယ်တိုင်ပြုလုပ်ခြင်း) ဆိုတဲ့ ကတ်ဖြစ်ပါတယ်။

ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရတော့မည်။ ပင်ပန်းမှ အောင်မြင်မည်။ ငွေကြေးကုန်ကျမှုများ၍ နောင်တရနေမည်။ မိရိုးဖလာ၊ နတ်၊ အစောင့်အရှောက်များ၊ ရိုးရာကိုးကွယ်ပသမှုပြုနေသူများ အဆင်ပြေမည်။ ကုန်ပစ္စည်း၊ လုပ်ငန်းပုံစံသစ်တွေ့ပြီး ဝင်ငွေတိုးမည်။ ဝင်ငွေတိုးလာသည်နှင့်အမျှ ပင်ပန်းမည်။ ရပ်ဝေးမှ သတင်းကောင်းကြားရမည်။ (ပြောင်းရွှေ့လိုပါက) ပြောင်းရွှေ့ရမည်။ ကျန်းမာရေးကောင်းပါသည်။ ရောဂါထွေထွေထူးထူးမရှိပါ။




 ဒီနေ့အတွက် ကျရောက်တဲ့ Lenormand ကတ်ကတော့ Coffin (ခေါင်းတလား) ဆိုတဲ့ ကတ်ဖြစ်ပါတယ်။

မည်သည့်ကိစ္စရပ်မဆိုအလွန်ညံ့နေပါတယ်။ ကျန်းမာရေးအတွက်လည်းမကောင်းပါ။

မတ်စေ့ (၈)စေ့ပေါ်တွင် ဖယောင်းတိုင် (၈)တိုင်ထွန်း၍ ဆုတောင်းပါ။

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ