Message for Today (5-3-2023)
ဒီနေ့အတွက်
ကျရောက်တဲ့ Tarot ကတ်ကတော့ The Hamged Man ဆိုတဲ့ ကတ်ဖြစ်ပါတယ်။
ကံအညံ့ဝင်နေသည့်အချိန်
ကျတတ်သည့် ကတ်ဖြစ်ပါသည်။ သို့သော် ကတ်ပြားအတည့်မဟုတ်ဘဲ ပြောင်းပြန်ဖြစ်နေတဲ့အတွက်
အဆိုးကြီဂတော့မဟုတ်ပါ။
ရည်မှန်းထားသည်နှင့်
လက်တွေ့ကွာမည်။ စိတ်အနှောင့်အယှက်များမည်။ ထို့နောက် ကောင်းသောဘက်သို့
ပြန်လည်ဦးတည်သွားမည်။ အခက်အခဲများကြားမှ မိမိလိုလားသည်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်။
အနစ်နာခံခြင်း၊ အနွံတာခံခြင်းဖြင့် ဘဝတိုးတက်မှုကို ရရှိနိုင်သော ကာလဖြစ်သည်။
ကံကောင်းစေသော
ဂဏန်း - ၁,၉
ဆန်သက်စေ့ပုံပြီး
ငှက်စာကျွေးပါ။
ဒီနေ့အတွက်
ကျရောက်တဲ့ Rune ကတ်ကတော့ Movement (ရွေ့လျားခြင်း) ဆိုတဲ့ ကတ်ဖြစ်ပါတယ်။
အပြောင်းအလဲတစ်ခု၊
ရှေ့သို့တိုးတက်ရွေ့လျားသော သဘောကို ပြသည်။ အပြုသဘော၊ အကောင်းသဘောကို အဓီကပြသည်။ နေရာသစ်၊
အလုပ်အကိုင်သစ်များကို ရောက်ရှိသောသဘောကိုပြသသည်။ ပိုမိုတိုးတက်သော အခြေအနေတစ်ရပ်ကိုတွေ့မြင်ရမည်။
သတိပြုရန်မှာ
လိုအပ်သော ပဲ့ကိုင်ထိန်းချုပ်မှုဖြစ်သည်။ မိမိကိုယ်မိမိဆင်ခြင်တုံတရားဖြင့်
ထိန်းချုပ်ဆောင်ရွက်မှသာ ပိုမိုကောင်းမွန်သော နေရာအသစ်ကိုရောက်ရှိမည်ဖြစ်သည်။
အစစ
အရာရာ ပြောင်းလဲပြီး ပိုမိုတိုးတက်မှုရှိမည်။ လုပ်ငန်းများ ရှေ့တိုးဆောင်ရွက်ရမည်။
ပြည်ပခရီး (မျှော်မှန်းထားပါက) သွားရမည်။ အပန်းဖြေခရီးလည်း ဖြစ်နိုင်သည်။
အိုးအိမ်လုပ်ငန်း အသစ်ရရှိတတ်သည် (ပြင်ဆင်ဆောက်လုပ်ခြင်းလည်းဖြစ်နိုင်သည်)။ ဝင်ငွေတိုးမည်။
ကံကောင်းစေသော
ဂဏန်း - ၃,၈,၉
ကံကောင်းစေသော
အရောင် - အဖြူ၊ ပိတောက်ခြောက်ရောင်
နေအိမ်ရှိ
ထီး၊ ဖိနပ်အဟောင်းများကို စနေနေ့ ညနေပိုင်းတွင် စွန့်ပစ်ပါ။
ဒီနေ့အတွက်
ကျရောက်တဲ့ Lenormand
ကတ်ကတော့ Rider ဆိုတဲ့ ကတ်ဖြစ်ပါတယ်။
ကူးသန်းရောင်းဝယ်ခြင်း၊
စွန့်စားလုပ်ကိုင်ခြင်းတို့မှာ အောင်မြင်တတ်သည်။ တစ်နေရာတည်း ကျောက်ချရပ်နေလျှင် မအောင်မြင်တတ်ပါ။
ရှာနိုင်သလောက် သုံးနိုင်သူလည်းဖြစ်သည်။ အကျိုးရှိသော ရင်းနှီးမြှုပ်နှံမှုတို့ကို
ကြံဖန်ရှာဖွေပြီး ရင်းနှီးမြှုပ်နှံတတ်သည်။ မည်သည့်ကိစ္စမဆို အောင်မြင်မည့်နိမိတ်ဖြစ်သည်။
ကံကောင်းစေသော
ဂဏန်း - ၉
ကံကောင်းစေသော
အရောင် - အဖြူ
ပေါင်မုန့်ကပ်လှူပူဇော်ပါ။



Comments
Post a Comment