ရှင်လျက်နဲ့ မကွဲစေတဲ့ "ရှင်မကွဲဘုရား"
ရှင်လျက်နဲ့ မကွဲစေတဲ့ "ရှင်မကွဲဘုရား"
ဒီနေ့ဝေမျှပေးချင်တဲ့ အကြောင်းအရာလေးကတော့ ရွှေတိဂုံဘုရားမှာ ရှိတဲ့ "ရှင်မကွဲ" ဘုရားအကြောင်းပါပဲ။
ရွှေတိဂုံဘုရားရဲ့ အင်္ဂါထောင့် မျက်စောင်းထိုး၊ ဗြမာသားပိုက် ရဲ့ မျက်နှာချင်းဆိုင်ဘက်မှာရှိတဲ့ ဘုရားအမှတ် (၁၂၇) ဟာဆ်ိုရင် ထူးခြားတဲ့ ဘုရားတစ်ဆူပါပဲ ။ လူသိလည်း နည်းပါတယ်။ထိုဘုရားရဲ့ ဘွဲ့တော်ကတော့ " ရှင်မကွဲ " ဘုရားပါ။
"ရှင်မကွဲ" ဘုရားဟာ ဘွဲ့အမည်လိုပဲ သမီးရည်းစားကိစ္စ ၊ အိမ်ထောင်ရေးကိစ္စတွေမှာ အလွန်ထူးခြားစွာနဲ့ ဆောင်မပေးနိုင်တဲ့ တန်ခိုးရှိပါတယ်။ အိမ်ထောင်ရေးအရဆိုရင် ရှင်နေရက်နဲ့ နှစ်ဦးသား လမ်းခွဲရတာမျိုးတွေမရှိအောင် ဆောင်မပေးနိုင်တဲ့အပြင် အမှန်တကယ်လဲ မှန်ကန်ကြောင်း ထောက်ခံကြပါတယ်။
"ရှင်မကွဲ" ဘုရားမှာ အဓိဌာန်ပြုရင် နှစ် ဦးနှစ် ဖက်စုံညီမှရတာဖြစ်ပြီး တယောက်ထဲသွားအဓိဌာန်လို့မရပါဘူး။
အဓိဌာန်ပြုတဲ့အခါမှာလည်း မှန် ၃ မှန်နဲ့လဲညီဖို့လိုအပ်ပါတယ်။
မေတ္တာစစ်မှန်ရပါတယ်။
အတွဲစစ်မှန်ရပါတယ်။
သစ္စာစစ်မှန် ရပါတယ်။
ထိုကဲ့သို့မှန် ၃ မှန်ရှိ အတွဲညီညီ သွားအဓိဌာန်ရင်တော့ ပြန်ပျက်ဖို့ ခက်ခဲတယ်လို့ဆိုကြပါတယ်။

Comments
Post a Comment