အခက်အခဲ အကျပ်အတည်းတွေ့နေသူများအတွက်

 

'အခက်အခဲ အကျပ်အတည်းတစ်ခုတွေ့ရင် တိတ်ဆိတ်ငြိမ်သက် တဲ့နေရာမှာ စိတ်ကိုလျှော့ပြီးထိုင်ရတယ်၊ အင်္ကျီအဝတ်အစားတွေ လည်း ကျပ်နေအောင် ဝတ်မထားရဘူး၊ ပြီးတော့ စိတ်ကိုလျှော့ပြီး အကြောအခြင်တွေလျော့အောင် အာရုံပြုပြီး ငြိမ်ငြိမ်ကလေးထိုင် နေရတယ်၊ ပြီးတော့မှ တောနက်ကြီးတစ်ခုကို စိတ်ကူးရတယ်၊ တော နက်ကြီးကို စိတ်ကူးလို့ အာရုံပေါ်လာရင် အဲဒီတောနက်ကြီးထဲက ရေကန်ကို အာရုံပြုရတယ်၊ ရေကန်ကို စိတ်ကူးလို့ ပြတ်ပြတ်ထင် ထင်ပေါ်လာရင် အဲဒီရေကန်မှာက အရည်အချင်းသုံးရပ်ရှိတယ်၊ အဲဒီအရည်အချင်း ၃ ရပ်တွင် သစ်ပင်ကြီးတွေအုပ်နေတဲ့အတွက် ရေကန်ကရေဟာ နေရောင်မတွေ့ ရလို့ အေးတယ်၊ လေတိုက်မခံရ လို့ လှိုင်းမထဘူး၊ ငြိမ်တယ်၊ ပြီးတော့ နက်ရှိုင်းတယ်၊ အလွယ်ပြော ရရင် အေးငြိမ်းနက်ရှိုင်းပေါ့ဗျာ၊ အဲဒီ ၃ ခုအနက်မှာ နက်ရှိုင်းကို ဖြုတ်ပစ်လိုက်၊ အေးတာနဲ့ ငြိမ်တာကိုပဲ အာရုံပြုရတယ်၊ အဲဒီအေး တာနဲ့ငြိမ်တာကို ပါးစပ်က တိုးတိုးရွတ်လို့ဖြစ်စေ၊ စိတ်ထဲက ရွတ်လို့ ဖြစ်စေ ရွတ်နေရမယ်၊ အေးတယ်၊ ငြိမ်တယ်၊ အေးတယ်၊ ငြိမ်တယ်၊ အဲဒီလိုမလုပ်ခင်မှာ ပြောဖို့တစ်ခုကျန်နေတယ်၊ ကိုယ့်အရှေ့မှာ ဖန်ခွက်ကြီးကြီးတစ်လုံးနဲ့ ရေအပြည့်ထည့်ထားရမယ်” အနည်းဆုံး ပုတီးတစ်ပတ်လောက်ရွတ်ရင် ကောင်းပါတယ်ဗျာ၊ အမှန်ကတော့ ပူလောင်နေတဲ့ ကိုယ့်စိတ်ဟာ အေးသွားတဲ့အထိရွတ်ရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ အဲဒီလို ရွတ်ရင်း ရွတ်ရင်း အာရုံထဲက အေးတဲ့ ငြိမ်တဲ့ဓာတ်ဟာ ကိုယ့်ရဲ့မနောအိမ်ကိုကူးလာပြီး ကိုယ့်မနောပါ အေးလာတဲ့အခါမှာ ပထမအလုပ်ပြီးပြီ၊

 

ဒုတိယအလုပ်ကို စရတော့မယ်၊ ဒုတိယအလုပ်ကတော့ တိမ်တိုက်ထဲအဖွဲ့ တိုးထွက်နေတဲ့ တောင်ကြီးတစ်တောင်ကို အာရုံပြုရမယ်၊ ပြီးတော့ အဲဒီတိမ်တိုက်ထဲဝင်နေတဲ့ တောင်ထိပ်ကို ကိုယ်ရောက်နေတယ်လို့ အာရုံယူရမယ်၊ အာရုံထဲမှာ ပြတ်ပြတ်သားသားထင်ပြီဆိုရင် ပြီ၊ငါဟာမြင့်တဲ့နေရာကိုရောက်နေပြီ၊ ဒါကြောင့် မြင့်နေပြီ'လို့ ပါးစပ်က တိုးတိုးရွတ်. . . ရွတ်၊ မချွတ်ချင် စိတ်ထဲက ရွတ်. . . ရွတ်ရမယ်၊ တစ်ခါတစ်ခါလည်း ဘယ်လိုအာရုံပြု ဆိုတော့ အမြင့်ကနေ အောက်ကိုငုံ့ကြည့်လိုက်လို့ မြင့်ရတဲ့ မြင်ကွင်း မျိုး အာရုံပြုထားရမယ်၊ ဥပမာဆို တဲလေးတွေဟာ အပေါ်စီးက မြင်ရလို့ ပြားနေမယ်၊ အလွန်မြင့်တဲ့ သစ်ပင်တွေတောင် မြေကြီးမှာ ကပ်ပြီး ပြားနေလိမ့်မယ်၊ အဲဒီလို အာရုံမှာ ထင်ရှားလာပြီဆိုရင် စောစောက မြင့်နေပြီ. . . မြင့်နေပြီ ရွတ်ဆိုနေတာကို ရပ်လိုက် ရမယ်၊ ဒုတိယအလုပ် ပြီးသွားပြီ၊

 

တတိယအလုပ်ကို အာရုံပြုမှ တော့မယ်တတိယ အဆင့်က ဒုတိယအဆင့်ကိုပြီးတာနဲ့ တစ်ပြိုင်နက် ဘာမှ ရွတ်ဆိုခြင်း မလုပ်ဘဲ ငြိမ်လိုက်ရတယ်၊ အဲဒီလို ငြိမ်လိုက်ပြီးတာနဲ့ စိတ်ထဲကနေ အာရုံညွတ်လိုက်ရမယ်၊ ငါ့အခက်အခဲကို ပြေပျောက် စေမယ့် နည်းလမ်း ကောင်းတစ်ခုရပြီလို့ စိတ်မှာ ထင်မှတ်ပြီး မျှော်လင့်ခြင်းကြီးစွာ နဲ့ ငြိမ်နေရမယ်၊ အဲဒီလို ငြိမ်နတဲ့အခိုက်မှာပဲ တစ်စုံတစ်ခု အာရုံ ထဲမှာ ပေါ်တာနဲ့ ‘ရပြီဟေး’လို့ အော်ရမယ်၊ အဲလို အော်ပြီးတာနဲ့ ရှေ့မှာချထားတဲ့ ဖန်ခွက်ထဲကရေကို သောက်ရမယ်၊ အဲဒီရေနဲ့ မျက်နှာသစ်ရမယ်၊ ဖြစ်နိုင်ရင် ခေါင်းကို လောင်းချိုး လိုက်ရမယ်"

#မင်းသိင်္ခ

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ