၄၉ရက် အဓိဋ္ဌာန် ဘာကြောင့် ဝင်ကြသလဲ
အကျင့်စခန်းမှာ အဓိဋ္ဌာန်သမား အတော်များများ ၄၉ ရက် အဓိဋ္ဌာန်ဝင်လေ့ ရှိကြပါတယ်။
အဲ့ဒါ ဘာ့ကြောင့်ပါလဲဘုရား ?
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ပြုံးပြုံးအေးအေးနဲ့ ဒီလို အဖြေပေးတော်မူခဲ့ပါတယ်။
ဘုရား အရိယာတို့ မည်သည် ကျင့်ကတည်းက ကိုယ့်အတွက် မဟုတ်ဘူးဗျ။
သတ္တဝါ ဝေနေယျများအတွက် ခုနှစ်ရက်သားသမီးများ အတွက်ဗျ။
ခုနှစ်ရက် သားသမီးများ အတွက်ဆိုတော့ ခွန် ခွန် နှစ်လီ ၄၉ မို့လားဗျ
အဲဒါကြောင့် ၄၉ရက် အဓိဋ္ဌာန် ဝင်ပြီဆိုကတည်းက ခုနှစ်ရက်သားသမီးအတွက် အလုပ်လုပ်ရတယ်။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးက စပြီး ၄၉ ဂဏန်းကို သုံးသွားတာပဲ
ဘုရားအဖြစ် ရောက်တော်မူမည့်နေ့ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့ မနက်စောစော သုဇာတာ သူဌေးသမီးကပ်တဲ့ ဃနာနို့ဆွမ်းကို ဘုဉ်းပေးတာ ဘယ်နှလုတ်လဲဗျ
၄၉ လုတ်ပါဘုရား
အဲ့ဒါ ခုနှစ်ရက် သားသမီးအကျိုး လောကအကျိုး ရည်ညွှန်းတာပဲဗျ။
ဘုရားဖြစ်တော့ကောဗျာ။ ဗောဓိပင်နဲ့ ရွှေပလ္လင်ကစပြီး သတ္တဌာန ခုနှစ်ဌာန သီတင်းသုံးသွားတယ် မဟုတ်လား။
တစ်ဌာန တစ်ဌာနစီမှာလည်း ဘယ်နှစ်ရက် သီတင်းသုံးသွားတာလဲဗျ
ခုနှစ်ရက်ပါ ဘုရား
ခုနှစ်ဌာန ခုနှစ်ရက်စီ ဆိုတော့ ခုနှစ်ရက်သားသမီး ကယ်ချွတ်ဖို့ ရည်ရွယ်တော်မူတာပဲ။ ဒါလည်း ခုနှစ်ဌာန ခုနှစ်ရက်စီဆိုတော့ ၄၉ ပဲမဟုတ်လား။ ဒါကြောင့် နှောင်းခေတ် အဓိဋ္ဌာန်သမား တွေဟာလည်း ဘုရားသာသနာမှာ ဘုရားလမ်းစဉ်လိုက်ပြီး ၄၉ ရက် အဓိဋ္ဌာန်ဝင်ကြလေ့ ရှိတယ်။
ဘုရား အရိယာတို့မည်သည် ကျင့်ကတည်းက ကိုယ့်အတွက် မဟုတ်ဖူးဗျ။
#ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

Comments
Post a Comment