စကားကြီး ၃ ခွန်း

 

စကားကြီး ၃ ခွန်း

 

♠မြစ်ကြီးလည်းမခမ်းပါစေနဲ့။

♠သစ်ပင် ကြီးလည်း မလဲပါစေနဲ့။

♠ထုံးအိုးကြီးလည်းမကွဲပါစေနဲ့။

 

♦မြစ်ကြီးမခမ်းပါစေနဲ့

မြစ်ကြီးမခမ်းပါစေနဲ့ ဆိုတာ အေးမြတဲ့  စမ်းရေလို ကြည်ကြည်လင်လင် တသွင်သွင်စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီးကို ဆိုလိုတာလေ။ လူလူချင်းမေတ္တာထားကြ၊ မေတ္တာတရားတွေ ပွားများကြ မေတ္တာတွေ မခမ်းကြစေနဲ့ ဆိုတဲ့အဓိပ္ပါယ်ပဲ။

♦သစ်ပင်ကြီးလည်းမလဲပါစေနဲ့ ။

သစ်ပင် ကြီးဟာ အခက်အလက် အရွက်တွေ ဝေဝေဆာဆာနဲ့ အရိပ် အာဝါသကိုပေးတယ်။ ထို့အတူပဲ ဘုရားတရားသံဃာ ရတနာသုံးပါးရဲ့အရိပ် အာဝါသကောင်းကို ခိုလုံရလို့လည်း ကြီးပွားချမ်းသာခြင်းကိုရတယ်။ ဒီအရိပ် အာဝါသတွေကို အမိအရခိုလှုံဘို့လိုသလို အရိပ်အာဝါသတွေကိုမဖျက်ဆီးမိဘို့၊ ကျေးဇူးမကန်းမိဘို့ သတိထားရလိမ့်မယ်။ သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာရောက်တာပဲ။ ဒါကြောင့် သစ်ပင်ကြီးမလဲအောင် ကြိုးစားထိမ်းသိမ်းကြ။

♦ထုံးအိုးကြီးလည်း မကွဲပါစေနဲ့

ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ဆိုတာကတော့ ရိုးရာ ဓလေ့ ထုံးစံတွေကိုပြောတာပါ။ မိဘဘိုးဘွားလက်ထက်ကတည်းက လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ ကောင်းတွေ မပျောက်ပျက်ရအောင် ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ။

- ရွှေဥမင်ဆရာတော် ဘုရားကြီး

 


Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ