အဘိုးသံရဲ့ သြဝါဒ စကားများ
"အဘိုးသံရဲ့ သြဝါဒ စကားများ"
“သူများချည်း အားမကိုးကြနဲ့၊ကိုယ့်ကိုယ်ကို အားကိုး။
တရားလဲ မပြတ် အားထုတ်၊မျှတတဲ့ အလှူလဲ လုပ်” “ပုတီး စိပ်တဲ့အခါ ရေတွက်တာကို အဓိက မထားနဲ့။
အာရုံတည်နေဖိုက အရေးကြီးတယ်။
ဖယောင်းတစ်တိုင် ငြိမ်းရုံမျှပဲဖြစ်ဖြစ်၊ မရေတွက်ဘဲ စိတ်တည်ငြိမ်စေတဲ့ အထိရောက်နေဖို ဂရုစိုက်ကြ”
“ဘုရား၊ တရား၊ သံဃာရတနာ သုံးပါး မမေ့နဲ့ ကြားလား။
အခက်အခဲရှိရင် ဆိုင်ရာနတ်မင်းကြီးတွေ၊ ဘိုးဘိုးကြီးတွေဆီ အကူအညီ တောင်းလို ရနိုင်တယ်။
အကူအညီရဖိုက ကိုယ်ကလဲ သူတော်ကောင်း၊ ဓာတ်ကောင်း၊ မနောကောင်းရှိအောင်ကြိုးစား အားထုတ်ရမယ်။
ဒါမှလဲ သူတော်ချင်းချင်း၊ သတင်းလွေ့လွေ့၊ ပေါင်းဖက် တွေ့လို့ အကြံအစည် ဟူသရွေ့ အောင်မြင်နိုင်တော့မှာပေါ့”

Comments
Post a Comment