မိမိကိုယ်ကို_စောင့်ရှောက်ပါ



ကာယေန_သံဝရော_သာဓု,

ကိုယ်ဖြင့် အနေအထိုင်, အ​ပြုအမူ,စောင့်စည်းခြင်းသည် ကောင်းမြတ်ပါတယ်။

 သာဓု_ဝါစာယ_သံဝရော

နှုတ်ဖြင့် အပြောအဆို စောင့်စည်းခြင်းသည် ကောင်းမြတ်ပါတယ်။

 မနသာ_သံဝရော_သာဓု,

စိတ်ဖြင့် စောင့်စည်းခြင်းသည် ကောင်းမြတ်ပါတယ်။

 သာဓု_သဗ္ဗတ္ထ_သံဝရော

အလုံးစုံသော အကုသိုလ်တို့ကို ပိတ်ပင်ခြင်းသည် ကောင်းမြတ်ပါတယ်။

 သဗ္ဗတ္ထ_သံဝုတော_လဇ္ဇီ,​ ရက္ခိတောတိ_ပဝုစ္စတီ,​တိ။

အလုံးစုံသော အကုသိုလ်တို့ကို ပိတ်ပင် တားဆီးသော သူသည် အရှက်အကြောက်နှင့် ပြည့်စုံသည်ဖြစ်၍ မိမိကိုယ်ကို စောင့်ရှောက်သူဖြစ်ပါတယ်။

 #သံယုတ္တပါဠိတော်


 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ