၇ရက်သားသမီးများ “ကျန်းမာရေးမကောင်းရင် လုပ်ရမည့်ယတြာ”

အမြန်ဆုံးနေကောင်းသက်သာစေတဲ့ ယတြာဖြစ်ပါတယ်။

အသက်ကိုစောင့်သော ကလျာဏီနတ် ကျန်းမာချမ်းသာပါစေလို့ ၃၇ ခေါက်ကို မနက်တိုင်း ရွတ်ပြီး မေတ္တာပို့ပေးပါ။ အသက်ကို စောင့်ရှောက်တဲ့အတွက် သေဘေးကြုံရင် ကယ်တင်နိုင်ပါတယ်။

အညွှန့်တွေ ရှာရခက်တယ် မလွယ်ဘူးဆိုရင် တော့ လွယ်တဲ့ ယတြာလုပ်လို့ရပါတယ်။ အဲဒါကတော့ ခေါင်းရင်း၊ ခါးလယ်၊ ခြေရင်းမှာ ဆန်နို့ဆီဗူးတစ်ဗူးစီ ထားပြီး ညအိပ်ပါ။ မနက်မှာ ခေါင်းရင်းက ဆန်ကို ထမင်းချက်တဲ့ထဲ ထည့်ပြီး ဆွမ်းတော်ကပ်ပါ။ ခါးလယ်က ဆန်ကို သက်ကြီးသူ၊ တွေကို အခြားကို လှူပါ။ ခြေရင်းက ဆန်ကို ကျီး၊ ငှက် အစာကျွေးပါ။ နေပြန်ကောင်းလာသည်အထိ ရက်ဆက်လုပ်ပေးပါ။

အညွှန့်ရှာနိုင်မယ်ဆိုရင်တော့ လူမမာနံရဲ့တြိရန်းရွက်ညွှန့်ကို ခေါင်းရင်းမှာ ထားပြီး ခြေရင်းမှာတော့ စတုရန်းရွက်ညွှန့်ကို ထားရတဲ့ ယတြာကိုလုပ်ပါ။

(၁)တနင်္ဂနွေသား နေမကောင်းရင်

ဗုန္ဓဟူးနေ့ (နံနက် ၉နာရီကနေ ၁၀ း ၃၀အတွင်း) ၊အင်္ဂါနေ့ (ညနေ ၃ နာရီကနေ ၄း ၃၀ အတွင်း )ယတြာချေပါ။ပေးထားတဲ့ နေ့ ၂ နေ့လုံးရဲ့ ပေးထားတဲ့ အချိန်အတွင်းအတိအကျ ချေပါ။

လုပ်ရမှာက လူမမာနံရဲ့ တြိရန်းညွှန့်ဖြစ်တဲ့ ဆီးညွှန့်သက်စေ့ကို ခေါင်းရင်းမှာ ထားပါ။ ခြေရင်းမှာတော့ စတုရန်းရွက်ညွှန့်ဖြစ်တဲ့ ဝါးညွှန့်ကို ထားပါ။နောက်တစ်နေ့မှာ မနက် ၉နာရီမှာ လုပ်ခဲ့ရင် ၉နာရီမှာ ပြန်စွန့်ပါ။ ဒါဆိုရင် ရပါတယ်။

(၂)တနင်္လာ သားနေမကောင်းရင်

ကြာသပတေးနေ့ (နံနက် ၉နာရီကနေ ၁၀ း ၃၀အတွင်း) ၊ဗုန္ဒဟူးနေ့ (ညနေ ၃ နာရီကနေ ၄း ၃၀ အတွင်း) ယတြာချေပါ။ပေးထားတဲ့ နေ့ ၂ နေ့လုံးရဲ့ ပေးထားတဲ့ အချိန်အတွင်းအတိအကျ ချေပါ။

လုပ်ရမှာက လူမမာနံရဲ့ တြိရန်းရွက်ညွှန့် ဖြစ်တဲ့ ရဲယိုညွန့် သက်စေ့ကို ခေါင်းရင်းမှာထားပြီး စတုရန်းရွက်ညွှန့်ဖြစ်တဲ့ ပေါက်ညွှန့်သက်စေ့ကို ခြေရင်းမှာ ထားပါ။ နောက်တစ်နေ့ တင်တဲ့အချိန်မှာ ပြန်စွန့်ပါ။

(၃)အင်္ဂါသားနေမကောင်းရင်

သောကြာနေ့ (နံနက် ၉နာရီကနေ ၁၀ း ၃၀အတွင်း) ၊ကြာသပတေးနေ့ (ညနေ ၃ နာရီကနေ ၄း ၃၀ အတွင်း) ယတြာချေပါ။ပေးထားတဲ့ နေ့ ၂ နေ့လုံးရဲ့ ပေးထားတဲ့ အချိန်အတွင်းအတိအကျ ချေပါ။

လုပ်ရမှာက ပျဉ်းမ(သို့) ဘူးညွှန့် သက်စေ့ကို ခေါင်းရင်းမှာထားပြီး သီဟိုဋ္ဌ်ညွှန့်သက်စေ့ကို ခြေရင်းမှာ ထားပါ။ နောက်တစ်နေ့ တင်တဲ့အချိန်မှာ ပြန်စွန့်ပါ။

(၄)ဗုဒ္ဓဟူးသားနေမကောင်းရင်

စနေနေ့ (နံနက် ၉နာရီကနေ ၁၀ း ၃၀အတွင်း) ၊သောကြာနေ့ (ညနေ ၃ နာရီကနေ ၄း ၃၀ အတွင်း )ယတြာချေပါ။ပေးထားတဲ့ နေ့ ၂ နေ့လုံးရဲ့ ပေးထားတဲ့ အချိန်အတွင်းအတိအကျ ချေပါ။

လုပ်ရမှာက သီဟိုဋ္ဌ်ညွှန့်သက်စေ့ကို ခေါင်းရင်းမှာထားပြီး ထန်းညွှန့်သက်စေ့ကို ခြေရင်းမှာ ထားပါ။ နောက်တစ်နေ့ တင်တဲ့အချိန်မှာ ပြန်စွန့်ပါ။

(၅)ကြာသပတေးသားနေမကောင်းရင်

တနင်္ဂနွေနေ့ (နံနက် ၉နာရီကနေ ၁၀ း ၃၀အတွင်း) ၊စနေနေ့ (ညနေ ၃ နာရီကနေ ၄း ၃၀ အတွင်း) ယတြာချေပါ။ ပေးထားတဲ့ နေ့ ၂ နေ့လုံးရဲ့ ပေးထားတဲ့ အချိန်အတွင်းအတိအကျ ချေပါ။

လုပ်ရမှာက ဒန်းညွန့် သက်စေ့ကို ခေါင်းရင်းမှာထားပြီး အုန်းညွှန့်သက်စေ့ကို ခြေရင်းမှာ ထားပါ။ နောက်တစ်နေ့ တင်တဲ့အချိန်မှာ ပြန်စွန့်ပါ။

(၆)သောကြာသားနေမကောင်းရင်

တနင်္လာနေ့ (နံနက် ၉နာရီကနေ ၁၀ း ၃၀အတွင်း) ၊ တနင်္ဂနွေနေ့ (ညနေ ၃ နာရီကနေ ၄း ၃၀ အတွင်း) ယတြာချေပါ။ပေးထားတဲ့ နေ့ ၂ နေ့လုံးရဲ့ ပေးထားတဲ့ အချိန်အတွင်းအတိအကျ ချေပါ။

လုပ်ရမှာက အုန်းညွန့် သက်စေ့ကို ခေါင်းရင်းမှာထားပြီး ကံေ့ကာ်ညွှန့်သက်စေ့ကို ခြေရင်းမှာ ထားပါ။ နောက်တစ်နေ့ တင်တဲ့အချိန်မှာ ပြန်စွန့်ပါ။

(၇)စနေသားနေမကောင်းရင်

အင်္ဂါနေ့ (နံနက် ၉နာရီကနေ ၁၀ း ၃၀အတွင်း) ၊ တနင်္လာနေ့ (ညနေ ၃ နာရီကနေ ၄း ၃၀ အတွင်း )ယတြာချေပါ။ပေးထားတဲ့ နေ့ ၂ နေ့လုံးရဲ့ ပေးထားတဲ့ အချိန်အတွင်းအတိအကျ ချေပါ။

လုပ်ရမှာက လူနာနံရဲ့ တြိရန်းညွှန့်ဖြစ်တဲ့ ကံ့ကော်ညွန့် သက်စေ့ကို ခေါင်းရင်းမှာထားပြီး စတုရန်းညွှန့်ဖြစ်တဲ့ ဆီးညွှန့်သက်စေ့ကို ခြေရင်းမှာ ထားပါ။ နောက်တစ်နေ့ တင်တဲ့အချိန်မှာ ပြန်စွန့်ပါ။

ဘေးကင်းကျန်းမာကြပါစေ

 


 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ