ဘုရားကိုးကွယ်ခြင်း အကျိုး ( ၄ ) မျိုး
ဘုရားကိုးကွယ်ခြင်းကြောင့် ( ၄ ) မျိုးသောအကျိုး ရရှိစေတယ်...။
( ၁ ) ဘုရားရှင်သည် ဉာဏ်အကောင်းဆုံးဖြစ်သောကြောင့် ယုံကြည်ကိုးကွယ် ဆည်းကပ်အာရုံပြု သူမှာလဲ
ဉာဏ်ကြီးစေတယ်...။ နောက်ဘဝအထိ မစောင့်ပါ..၊ ပစ္စု ပ္ပန်ဘဝမှာလဲ ဉာဏ်ကြီးစေပါတယ်...။
( ၂ ) ဘုရားရှင်သည် အပူခပ်သိမ်း၊ ငြိမ်းပြီးပြီဖြစ်သောကြောင့် အန္တရာယ်ခပ်သိမ်း လွတ်ငြိမ်းပြီးပြီဖြစ်သောကြောင့် ဘုရားဂုဏ်တော်ကိုအာရုံပြု သူအားလုံးမှာလည်း အန္တရာယ်မျိုးစုံ၊ အပူမျိုးစုံကင်းပါတယ်...။ အနှောက်အယှက်မျိုးစုံကင်းပါတယ်...။
( ၃ ) ဘုရားရှင်သည် တန်ခိုးအရှိန်အဝါ အကြီးဆုံးဖြစ်သောကြောင့် ဘုရားကိုးကွယ်သူတွေလဲ တန်ခိုးအရှိန်အဝါ ကြီးပါတယ်...။ အကြံအစည်ကောင်းတွေ အောင်မြင်ကြပါတယ်...။ လုပ်သလို ဖြစ်ကြပါတယ်...။
( ၄ ) ဘုရားရှင်သည် ရုပ်အဆင်း အသပ္ပါယ်ဆုံး..၊ အလှဆုံး..၊ ကျက်သရေအရှိဆုံး ဖြစ်သောကြောင့် ဘုရားဂုဏ်တော်ပွားသူ..၊ ကိုးကွယ်သူတွေမှာလဲ ရုပ်လှ၍ ဂုဏ်ကျက်သရေမျိုးစုံတိုးကာ..၊ အေးချမ်းခြင်းအကျိုး ရရှိကြပါတယ်...။
လူ့ဘဝရောက်ချိန်လေးမှာ အေးချမ်းစွာနေဖို့ ဆိုတာ စိတ်သန့်စင်မှ ရကြပါတယ်...။ ဒါကြောင့်.. ဘုရားဆိုတာ
ကိုးကွယ်ရုံသက်သက်မဟုတ်..၊ ဒို့တတွေ ဗုဒ္ဓဘာသာလို့အမည်ခံရုံလေး ပေါ်လာတဲ့အရာလဲမဟုတ်...။ လက်တွေ့ကျင့်ကြံ ကြိုးကုတ်အားထုတ်ဖို့ မှန်ကန်တဲ့အသိဖြင့်..၊ ဘဝနဲ့၊ ခန္ဓာနဲ့၊ ပစ္စည်းနဲ့ အခွင့်အရေးများကို
အကွက်စေ့အောင် သုံးတတ်ဖို့ ဘုရားပွင့်လာတာ..၊ တရားပေါ်လာတာ...။ ကြွားဖို့မဟုတ်..၊ နာမည်ပေးရုံမျှ သာ ပေါ်လာခြင်းလည်းမဟုတ်...။
* တိပိဋကဓရ { ယော } ဆရာတော်ဘုရားကြီး
Comments
Post a Comment