ပုဗ္ဗဏှသုတ်များများရွတ်ပေးပါ။
၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဗုဒ္ဓါနုဘာဝေန ဝိနသ မေန္တု။
၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဓမ္မာ နုဘာဝေန ဝိနာသ မေန္တု။
၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊
ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
သံဃာနုဘာဝေန ဝိနာသ မေန္တု။
၄။ ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊
ဘယပ္ပတ္တာ စ နိဗ္ဘယာ။
သောကပ္ပတ္တာ စ နိသောကာ၊
ဟောန္တု သဗ္ဗေပိ ပါဏိနော။
၅။ ဧတ္တာဝတာ စ အမှေဟိ၊
သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါ နုမောဒန္တု၊
သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။
၆။ ဒါနံ ဒဒန္တု သဒ္ဓါယ၊
သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊
ဂစ္ဆန္တု ဒေဝတာ ဂတာ။
၇။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊
ပစ္စေကာနဉ္စ ယံ ဗလံ။
အရဟန္တာနဉ္စ တေဇေန၊
ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
၈။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၉။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၀။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁၁။ ဘဝတု သဗ္ဗမင်္ဂလံ၊
ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊
သဒါ သုခီ ဘဝန္တု တေ
၁၂။ ဘဝတု သဗ္ဗမင်္ဂလံ၊
ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗ ဓမ္မာ နုဘာဝေန၊
သဒါ သုခီ ဘဝန္တု တေ
၁၃။ ဘဝတု သဗ္ဗမင်္ဂလံ၊
ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗ သံဃာ နုဘာဝေန၊
သဒါ သုခီ ဘဝန္တု တေ။
၁၄။ မဟာကာရုဏိကော နာထော၊
ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊
ပတ္တော သမ္မောဓိ မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊
သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၁၅။ ဇယန္တော ဗောဓိယာ မူလေ၊
သကျာနံ နန္ဒိဝဎ္ဍနော။
ဧဝမေဝ ဇယော ဟောတု၊
ဇယဿု ဇယမင်္ဂလေ။
၁၆။ အပရာဇိတပလ္လင်္ကေ၊
သီသေ ပုထု ဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊
အဂ္ဂပ္ပတ္တော ပမောဒတိ။
၁၇။ သုနက္ခတ္ကံ သုမင်္ဂလံ၊
သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊
သုယိဋ္ဌံ ဗြဟ္မစာရိသု။
၁၈။ ပဒက္ခိဏံ ကာယကမ္မံ၊
ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္မံ၊
ပဏီဓိ တေ ပဒက္ခိဏေ။
၁၉။ ပဒက္ခိဏာနိ ကတွာန၊
လဘန္တတ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊
ဝိရုဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊
သဟ သဗ္ဗေဟိ ဉာတိဘိ။
* ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။ *
================
၁။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊
မနှစ်သက်ဖွယ် ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာ
အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက်
ကင်းပျောက်ပါစေသတည်း။
၂။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊
မနှစ်သက်ဖွယ် ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာ
အိပ်မက်ဆိုး စသည်တို့သည် တရားတော်မြတ်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက်
ကင်းပျောက်ပါစေသတည်း။
၃။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊
မနှစ်သက်ဖွယ် ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်း၊ မနှစ်သက်စရာ
အိပ်မက်ဆိုး စသည်တို့သည် သံဃာတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။
၄။ ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊
ဘေးတွေ့နေကြသူအားလုံးသည်လည်း ထိုဘေးအန္တရာယ်တို့မှ လွတ်ကင်းကြပါစေ၊
စိုးရိမ်ပူပန်သောကဖြစ်နေကြသူအားလုံး စိုးရိမ်သောက ကင်းဝေးကြပါစေ။
၅။ အထက်တွင် ဖော်ပြခဲ့ပြီးသော စကားစဉ်ဖြင့်
ကျွန်ုပ်တို့သည် ကောင်းမှုကို ဆည်းပူးခဲ့ကြသည်။ ဤသည်ကို နတ်အပေါင်းတို့က
ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်ကြပါကုန်။
၆။ အရာရာပြည့်စုံမှု ချမ်းသာမှု ရှိလာအောင်
ယုံယုံကြည်ကြည်ဖြင့် လှူဒါန်းကြပါ၊ အကျင့်သီလ စောင့်ထိန်းကြပါ။ ကမ္မဋ္ဌာန်းဘာဝနာ
ပွားများကြပါ၊ ယခုအခါ၌ တရားနာ ရောက်နေကြသော နတ်အပေါင်းတို့ ပြန်သွားနိုင်ကြပါပြီ။
၇။ အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူကြကုန်သော
မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါဘုရားငယ်၊ ရဟန္တာအရှင်သူမြတ်တို့၏ ဉာဏဗလစွမ်းရည်
တန်ခိုးဖြင့် အရပ်ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ဖွဲ့ပါ၏။
၈။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော
ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် ဘုရားရတနာသည်သာလျှင်
ပို၍ မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။
၉။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊
နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက်
တရားရတနာသည်သာလျှင် ပို၍ မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ
ချမ်းသာကြပါစေသတည်း။
၁၀။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊
နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက်
သံဃာရတနာသည်သာလျှင် ပို၍ မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ
ချမ်းသာကြပါစေသတည်း။
၁၁။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊
နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော်
အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
၁၂။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊
နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော တရားတော်တို့၏ တန်ခိုးတေဇော်
အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
၁၃။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊
နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ၊ အားလုံးသော သံဃာတော်တို့၏ တန်ခိုးတေဇော်
အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
၁၄။ မဟာကရုဏာရှင် မြတ်စွာဘုရားသည် ကမ္ဘာသူ
ကမ္ဘာသားအပေါင်း၏ အကျိုးစီးပွားအလို့ငှာ ပါရမီတော်ကို ဖြည့်ကျင့်တော်မူခဲ့သဖြင့်
မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူခဲ့လေပြီ၊ ထိုသို့
မှန်သောသစ္စာစကားကို ဆိုရသောကြောင့် သင့်အား စီးပွားချမ်းသာ
တိုးတက်ဖြစ်ထွန်းပါစေသတည်း။
၁၅။ သာကီဝင် မင်းအပေါင်းတို့၏
နှစ်သက်ဝမ်းမြောက်ခြင်းကို တိုးပွားစေသော မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌
မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင့်အား အောင်မြင်ခြင်း
ဖြစ်စေသတည်း၊ အောင်သင့်အောင်အပ်သော မင်္ဂလာဟူသမျှ သင့်အား အောင်မြင်
ရရှိပါစေသတည်း။
၁၆။ သဗ္ဗညူဘုရားအဆူဆူတို့ ဗုဒ္ဓါဘိသေကမင်္ဂလာ
ခံယူရာလည်းဖြစ်သော ကမ္ဘာမြေအပြင်၌ အထူးတင့်တယ်၍ မြေတကာတို့၏ အဦးအထိပ်လည်း ဖြစ်သော
အပရာဇိတပလ္လင်တော်၌ မြတ်စွာဘုရားသည် လူသုံးပါးတို့ထက် မြတ်သော ဘုရားအဖြစ်သို့
ရောက်သဖြင့် ဝမ်းမြောက်တော်မူခဲ့လေပြီ။
၁၇။ ဤနည်းအတူ သင့်အားလည်း
နက္ခတ်ကောင်းကြုံပါစေ၊ မင်္ဂလာကောင်း ရှိပါစေ၊ ချမ်းမြေ့စွာ နံနက်မိုးသောက်
အလင်းရောက်ပါစေ၊ ကောင်းစွာတိုးတက်ပါစေ၊ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း
ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့် ပြည့်စုံပါစေ၊ အကျင့်မြတ်ကို မပြတ်ကျင့်ကြံနေသော
သူတော်ကောင်းတို့အား ကောင်းစွာ ပူဇော်ခြင်း ဖြစ်ပါစေသတည်း။
၁၈။ မြတ်သော ကိုယ်အမှု၊ မြတ်သောနှုတ်အမှု၊
မြတ်သော စိတ်အမှု ကိစ္စတို့ကို ဆောင်ရွက်ကြသည့်အတွက် မြတ်သော အကျိုးတရားတို့ကို
ရကြကုန်၏၊ မြတ်သော အကျိုးတရားကို ရရှိသော သူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏၊
ထိုသူတို့သည် ဘုရားသာသနာ၌ ကြီးပွားတိုးတက်လာကြကုန်၏။ ထိုသူတို့သည် မိမိတို့
အဆွေအမျိုးတို့နှင့်အတူ ကျန်းမာချမ်းသာကြပါစေကုန်သော်။
၁၉။ လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့သည် မြတ်သော
အမှုကိစ္စတို့ကို ဆောင်ရွက်ကြသည့်အတွက် မြတ်သော အကျိုးတရားတို့ကို ရကြကုန်၏။
မြတ်သော အကျိုးတရားတို့ကို ရရှိသော သူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏။
ထိုသူတို့သည် ဘုရားသာသနာ၌ ကြီးပွားတိုးတက်လာကြကုန်၏။ ထိုသူတို့သည် မိမိတို့
အဆွေအမျိုးတို့နှင့်အတူ ကျန်းမာချမ်းသာကြပါစေကုန်သော်။
==============
ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့
ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နံနက်ခင်း, နေ့လည်, ညနေခင်းတို့၌ သုစရိုက်တရား ဆယ်ပါးကို
ကျင့်သုံးကြသောသူတို့သည် “သုပုဗ္ဗဏှ, သုမဇ္ဈနှိက,
သုသာယနှ-ဖြစ်ကုန်၏ဟု ရဟန်းတို့အား ဘုရားရှင်
ဟောကြားတော်မူသည့်သုတ်။
အဋ္ဌကထာ၌ ဖွင့်ဆိုချက်များရှိပါသည်။
ဤသုတ်တော်၌ ဟောတော်မူအပ်ကုန်သော “သုနက္ခတ္တံ
... သဟ သဗ္ဗေဟိ ဉာတိဘိ” ဟူသော ဂါထာတို့ကိုမူတည်၍ သင့်လျော်သော ဂါထာတို့ကို
ဖြည့်စွက်၍ ပရိတ်ကြီး ၁၁-သုတ်၌ “ပုဗ္ဗဏှသုတ်” ပရိတ်တော်ကို ရှေးဆရာတော်ကြီး များက
စီစဉ်ထားခြင်းဖြစ်ပါသည်။
Comments
Post a Comment