သခွား သကြား လာဘ်တွေပွား ယတြာ
မိတ်ဆွေများအတွက် အခုယတြာက အနှောက်အယှက် အတိုက်ခိုက်တွေ ကင်းရှင်းပြီး စိတ်အေးချမ်းစွာ အိမ်မှာစီးပွားတက်၍ ဝင်ငွေတိုးစေတဲ့ ယတြာအစီရင်ဖြစ်ပါတယ်။
အိမ်ဘုရားစင်သန့်ရှင်းထားပါ။ ဘုရားပန်းအိုးများလဲထားပါ။ ပန်းကန်ပြားတစ်ချပ်မှာ သကြား တစ်ပုံစီ ၃ပုံ ပုံပါ။ တစ်ပုံနှင့် တစ်ပုံ မထိရပါ။ သခွားမွှေးကို ၃ထောင့်ပုံစံ ၃စိပ်စိပ်ပြီး သကြားပုံပေါ်မှာ တစ်စိပ်ဆီ တင်ပါ။ ပြီးရင် ဝင်ငွေတိုးရန်အတွက် ဆုတောင်းပြီး ဘုရားစင်ပေါ် တင်ထားပါ။
ဖယောင်းတိုင်တစ်တိုင်အမွှေးတိုင်တစ်တိုင် ထွန်းပြီးပူဇော်ပါ။ အချိန် ၃နာရီ တင်ထားပြီး ပြန်စွန့်နိုင်ပါတယ်။ သောကြာနေ့ နံက် ၆နာရီ မှ ၇နာရီခွဲအတွင်း လုပ်ရပါမည်။ သောကြာနေ့တိုင်း လုပ်ပါ။
Comments
Post a Comment