တပေါင်းလပြည့်နေ့ (သို့မဟုတ်) ဓါတ်ပေါင်း လပြည့်နေ့
"တပေါင်းလပြည့်နေ့ (သို့မဟုတ်) ဓါတ်ပေါင်း လပြည့်နေ့"![]()
![]()
![]()
![]()
![]()
![]()
ထီး(တပေါင်း) ကန်(ကဆုန်) ဘုရားစေတီ ပုထိုးတို့ကို တပေါင်းလပြည့်နေ့၌ ထီးတော်တင်လှူခြင်း ကုသိုလ်တို့ကိုပြုလုပ်လေ၏။ (ရေတွင်း)ရေကန်အလှူတို့ကို ကဆုန်လပြည့်နေ့၌ ပြုလုပ်လေ၏။ ဓါတ်၏သဘော ဓါတ်၏အပြော ဓါတ်၏မနော၌ တပေါင်းလကို (ဓါတ်ပေါင်းလ)ဟု ခေါ်လေ၏။ (ပညတ်သွားရာဓါတ်သက်ပါလိုခြင်း) ဖြစ်ပါသည်။
ကဆုန်လကို (ကံဆုံ) လဟု ခေါ်ဆိုလေ၏။ ပညတ်၏ အကြီးအမှူးတို့ကို ရယူခြင်းဖြစ်ပါသည်။ ဓါတ်ပုဂ္ဂိုလ်ဟူသမျှတို့သည် အပေါင်းလက္ခဏာသို့သာ ရှေးရှု၍ ပေါင်းစပ်လေ၏။ အနှုတ်လက္ခဏာ ဟူသမျှတို့ကို ရှောင်ကျဥ်လေ၏။ ကောင်းခြင်းဟူသမျှတို့ကို ဆောင်ထားလေ၏။ မကောင်းခြင်း ဟူသမျှတို့ကို ရှောင်ရှားလေ၏။ အပေါင်းကြောင့် ဂုဏ်တက်ခြင်းဟူသော အစီအမံတို့ကို ကြံစည်၍
လုပ်ကိုင်လေ၏။ အပေါင်းကြောင့်
ဂုဏ်ပျက်ခြင်း ဟူသမျှတို့ကို ကြံစည်ခြင်းပင် မပြုမူ၍ ရှောင်ကျဥ်လေ၏။
ဓါတ်ပေါင်းလ၌ဓါတ်ပုဂ္ဂိုလ်တို့သည် (ဝိဇ္ဇာတို့၏) (စက်အတတ်ပညာဖြင့်) မဟာမြိုင်ဝင်္ဂဘာအရပ်မှ လူတို့၏ ဋ္ဌာနေသို့ (မြေကြောရွံ့၍) ပြည်ဝင်လေ၏။ အကျိုးဆက်၊ အကြောင်းဆက်၊ ပါရမီဆက်၊ ပဋ္ဌာန်းဆက်၊ ဆွေဆက်၊ မျိုးဆက်၊ ဆရာဆက်၊ တပည့်ဆက်ဟူသော
အဆက်အနွယ်အားလုံးသို့ အကြောင်းခံ၍ မိမိသည်
ဝိဇ္ဇာတစ်ပါးအဖြစ်သို့ရု ပ်လုံးမပေါမီ၌
မိမိ၏ပါရမီတို့ကို ကူညီ၍ဖြည့်စည်းဖူးခဲ့သော၊ ကျေးဇူးရှိခဲ့ဖူးသူတို့အတွက် ရည်စူးကာသဲပုံစေတီတည်ထား၍
သာသနာပန္နက် ဓါတ်ပန္နက်ဖြင့် ကုသိုလ်ကောင်းမှု့ ပြုလုပ်ခြင်း ဟူသော
ဓါတ်ပေါင်းခြင်း အစီအမံနှင့် အစီအရင်တို့ကို ဝေနေယျများစွာတို့၏
အကျိုးစီးပွါးအလို့ငှာ သဗ္ဗေသတ္တာ
သတ္တဝါအပေါင်းတို့၏ အကျိုးစီးပွါး အလို့ငှာအဓိဋ္ဌာန်ပြု၍
ဓါတ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်တို့နှင့် ပါတ်သက်သူ ဆက်နွယ်သူ(အားလုံးသို့) ရှေးရှုလျက် ဓါတ်ပေါင်းလ အခါသမယ၌
ဓါတ်ပေါင်းခြင်းဖြင့် ကျေးဇူတရားတို့ကို
တုန့်ပြန်လေ့ ရှိလေ၏။
လူတို့၏ဋ္ဌာနေ၌ တပေါင်းလ သဲပုံစေတီပွဲဟူ၍ ရှေးအခါမှသည် ယနေ့တိုင် ကျင်းပကာ သဲပုံစေတီတို့ကို
တည်ကြလေ၏။ ဝိဇ္ဇာပုဂ္ဂိုလ်တို့သည်ကား
ဓါတ်ပေါင်းလ၌ ဓါတ်ပေါင်းစု (သဲပုံစေတီတို့ကို တည်ကြကုန်၏)။ ဝိဇ္ဇာပုဂ္ဂိုလ်ဟူသမျှသည် တစ်ပါးသူတို့၏ ပြုခဲ့ဖူးသောကျေးဇူးတရားတို့ကို အခွင့်သာသည်နှင့် ပြန်လည်၍ ပေးဆပ်မြဲသာ ဖြစ်ပါသည်။ ဝိဇ္ဇာပုဂ္ဂိုလ်တို့၏ ကျေးဇူးဆပ်ခြင်းဟူသည်မှာ အမှောင်မှသည် အလင်းသို့ နိုမ့်ပါးခြင်းမှသည် မြင့်မားခြင်းသို့ (နာမ်ဓါတ်ဖြင့်) စီးဝင်၍ ကူညီခြင်းဖြစ်လေ၏။
ဝိဇ္ဇာပုဂ္ဂိုလ်တို့၏ အကူအညီ အစောင့်အရှောက်တို့ကို
(ဓါတ်ပေါင်းလအခါသမယမှသည်) နောင်ကာလများစွာသို့တိုင် လူတိုင်းကိုယ်စီကိုယ်ငှရရှိနိုင်ပါစေသတည်း။

Comments
Post a Comment