လာဘ်လာဘအလုပ်အကိုင်ပိတ်ဆို့နေတဲ့မိတ်ဆွေများအတွက်
မိမိမွေးနေ့ ၉ နာရီ တွင် ကြွေပုဂံပြားထဲတွင် လက်ဖက် ၉ ပုံ ပုံပါ။
အလယ်တွင် မိမိဓာတ်ပုံကိုထားပါ ထိုဓာတ်ပုံအပေါ်သော့ခလောက်တစ်လုံးကို ပုံပါအတိုင်းဖွင့်၍ တင်ပြီးရင် ထို သောခလောက် ပေါ်မှာ မီးထွန်း၍ အဘ ဘိုးဘိုးအောင်အားတိုင်တည်၍ လှူဒါန်းပြီး ဆုတောင်းပေးပါ။
မကြာခဏ ပြုလုပ်ပေးပါ။ ပိတ်ဆို့နေတဲ့ လာဘ်လာဘတွေ၊ အလုပ်ကိစ္စတွေ ပွင့်လန်းလာပါလိုက်မည် မိတ်ဆွေ။ တစ်ခါလုပ်ရင် ၉ ရက် အနည်းဆုံးပြုလုပ်ပါ။
အဖမ်းခံရခြင်း အမှုပြသာနာကြုံရတဲ့အခါမှာလည်း ပြုလုပ်လို့ရပါတယ်။ ကွာတာက ပိတ်ဆို့နေတာတွေပြုလုပ်တဲ့အခါမှာ လက်ဖက်ခြောက်သွားရင်လဲပေးရပါတယ်။ အမှုကိစ္စအတွက်ပြုလုပ်တဲ့အခါမှာတော့ မိမိအမှုကိစ္စမပြီးမချင်း လက်ဖက်ကိုမရုတ်ရပါဘူး။
ဖယောင်းတိုင်အရောင်အနေနဲ့ အလုပ်ကိစ္စပိတ်ဆို့တဲ့အခါ အဆင်ပြေတဲ့အရောင်အသုံးပြုနိုင်ပြီးတော့ ငွေကြေးကိစ္စပိတ်ဆို့နေတာတွေပွင့်ဖို့အတွက်ဆို အစိမ်းရောင်သုံးပါ။အမှုကိစ္စအတွက်ဆို အနီရောင်သုံးပါ။
(၇) ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာ၍ လိုရာဆန္ဒတွေပြည့်ဝပါစေ...

Comments
Post a Comment