ဆုတောင်းတိုင်းပြည့်ဖို့ အရေးကြီးဆုံး အင်္ဂါ (၅)ချက်….

 


ဆုတောင်းတွေက…ဆုတောင်းတိုင်း မပြည့်ပါဘူး။မြတ်စွာဘုရား ဟောကြားထားတဲ့ အင်္ဂါ(၅)ချက်နဲ့ပြည့်စုံမှသာ ဆုတောင်းပြည့်တာပါ။တကယ်လို့ ဘဝမှာ လိုအပ်ချက် တစ်ခုခုရှိလို့ ဆုတောင်းတော့မယ်ဆိုရင်အင်္ဂါ(၅) ချက်ကို ပြည့်စုံအောင် လုပ်ရပါမယ်။

မြတ်စွာဘုရားရှင်က…သဒ္ဓါ သီလ သုတ စာဂ ပညာထိုအင်္ဂါ (၅)ချက်နဲ့ ပြည့်စုံရင် နောက်ဘဝအတွက်လိုချင်တာ ဆုတောင်းရင်ပြည့်စုံပါတယ်လို့ ဟောကြားခဲ့ပါတယ်။

အင်္ဂါ (၅)ချက်ကတော့

၁။ သဒ္ဓါဆိုတာက=ရတနာသုံးပါးရယ် ကံရယ် ကံရဲ့အကျိုးရယ်ကို ယုံကြည်တာပါ။

၂။ သီလဆိုတာက=အောက်ထစ်ဆုံး ငါးပါး သီလဆို အဆင်ပြေပါတယ်။

၃။ သုတဆိုတာက=အကြားအမြင် ဗဟုသုတပါ။စာတွေ ဖတ်လို့ပဲ ဖြစ်ဖြစ် တရားတွေ နာလို့ပဲ ဖြစ်ဖြစ်အချင်းချင်း ပြောပြလို့ပဲ ဖြစ်ဖြစ် သိတဲ့ ဗဟုသုတပါ။

၄။ စာဂဆိုတာက=ပေးကမ်း စွန့်ကြဲမှု ဒါန ကုသိုလ်ပါ။

၅။ ပညာဆိုတာက=အကြောင်းအကျိုး အကောင်း အဆိုးကုသိုလ် အကုသိုလ်ကိုခွဲခြားသိတဲ့ ပညာပါ။

တကယ်လို့များ…ဘဝမှာ လိုအပ်ချက် တစ်ခုခု ရှိရင်ဆုတောင်းတော့မယ် ဆိုရင်အထက်ပါ အင်္ဂါ(၅)ချက်ကို အရင်ဆုံး ပြည့်စုံအောင် ကြိုးစားပါ။ြ ပည့်စုံပြီ ဆိုရင်တော့ ဆုတောင်းတွေ ပြည့်ပါပြီ။

ဘာပဲပြောပြော လိုချင်တဲ့ ဆုပဲ တောင်းတောင်းမလိုချင်တဲ့ ဆုပဲ တောင်းတောင်း အင်္ဂါ(၅)ချက်ပြည့်စုံနေဖို့ပါပဲ။ဆုတောင်း တိုင်း ပြည့်စုံနိုင်ကြပါစေ…

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ