န၀ရတ်ကိုးပါး ၏ အစွမ်းသတ္တိများ

န၀ရတ်ကိုးပါး ၏ အစွမ်းသတ္တိများ

၁။ ပတ္တမြား (ဘုန်းကြီးခြင်း)🌹
အရောင်းအဝယ် ပြုသူများ၊ ကုန်စည် ကူးသန်းသူများ အတွက် ပတ္တမြားဟာ မရှိမဖြစ် လာဘ်ပွင့် စေတဲ့ အဆောင်ကျောက်ဖြစ်ပါတယ်။ အလုပ်စီးပွားအတွက် ခရီးထွက် လှုပ်ရှားတဲ့အခါ လူနဲ့အတူ သယ်ဆောင်သွားပါက အလိုရှိရာ ပြည့်စုံခြင်း၊ အောင်မြင်ခြင်း အစွမ်းသတ္တိရှိပါတယ်။

၂။ မြ (အေးချမ်းမှုရှိခြင်း)🌹
နေနဲ့လ၊ ရွှေနဲ့မြ ဆိုသကဲ့သို့ လိုက်ဖက်ညီထွေရှိပြီး အေးချမ်းတဲ့ အစွမ်းသတ္တိကို ဆောင်လို့ မြန်မာလူမျိုးတို့ အလွန်တန်ဖိုးထားတဲ့ ရတနာတစ်ပါး ဖြစ်ပါတယ်။

၃။ စိန် (ဂုဏ်ပညာမြင့်မားခြင်း)🌹
စိန်ကို ကျောက်မျက်တို့၏ ဘုရင်ဟုပင် ခေါ်သည်။ကျောက်မျက်အမျိုးပေါင်း ၁၂၀-ခန့်ရှိသည့်အနက် စိန်သည် အမာဆုံးသော ကျောက်မျက်ဖြစ်သည်။စိန်သည် အောင်မြင်သူ တစ်ဦးဖြစ်ကြောင်း ကြွေးကြော် အောင်ပွဲခံခြင်း အစွမ်းသတ္တိရှိသည်။ ကမ္ဘာတစ်ဝန်းရှိ ဂမ္ဘီရ ပညာရှင်များသည် စိန်ကို ချစ်ခြင်း မေတ္တာရဲ့ သင်္ကေတ (symbol of love) ဟုလည်း ခေါ်ဆိုခဲ့ကြသည်။

၄။ နီလာ – မဏိမေတ္တာကဲချုပ်🌹
နီလာကျောက်သည် သူတပါး၏မေတ္တာကို ရရှိသည်။ လူတို့၏ ချစ်ခင်မြတ်နိုးမှုကို ရရှိသည်။ ရန်အပေါင်းမှ ကာကွယ်နိုင်သည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။

၅။ ဂေါ်မုတ် – ခွန်အား🌹
ဂေါ်မုတ်ကျောက်သည် ခွန်အားကြီးခြင်း၊ ကျန်းမာခြင်း၊ ရန်သူကို အောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။

၆။ ဥဿဖယား -(ကျန်းမာ)🌹
ဥဿဖယားကျောက်သည် ကျန်းမာရေး ကောင်းမွန်မှုကို ပေးစွမ်းနိုင်ခြင်း၊ စိတ်ချမ်းသာခြင်း၊ စီးပွားလာဘ်လာဘ ကောင်းခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။

၇။ သန္တာ (ကြီးကဲ)🌹
သန္တာကျောက်သည် အကြီးအကဲဖြစ်ခြင်း၊ ခေါင်းဆောင်ဖြစ်ခြင်း၊ သူတပါးအကျိုးကို ဆောင်ရွက်နိုင်ခြင်း၊ ရန်သူကို အောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။

ဂ။ ကြောင် (သိဒ္ဓိ)🌹
။ကြောင်ကျောက်သည် သိဒ္ဓိပြီးမြောက်သည်၊ အောင်မြင်သည်၊ တန်ခိုးရှိသည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။

၉။ ပုလဲ ( ကျက်သရေ)🌹
ပုလဲရတနာသည် ကျက်သရေရှိခြင်း၊ လူ၊ နတ်၊ ချစ်ခင်ခြင်း၊ ကျန်းမာခြင်း၊ အန္တရာယ်ကင်းခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။လူတစ်ဦး တစ်ယောက် ကြုံတွေ့ရမယ့် လောကဓံ အဆိုးများကို လျော့ပါး ပြေပျောက်စေတယ်။ ပုလဲမှာ အကြင်နာ၊ မေတ္တာ၊သနား၊ဂရုဏာ၊ စာနာနားလည်မှု၊ ရိုင်းပင်းမှု တို့ကို ဖြစ်ပေါ်စေတဲ့ ဓာတ်သဘာဝနှင့် အစွမ်းသတ္တိများ ခိုအောင်းနေပါတယ်။

နဝရတ် ကိုးပါး လက်စွပ်က ကျန်းမာရေးကိုပါ အထောက်အကူပြု

နဝရတ်ကိုးပါး လက်စွပ်တွင် ပါဝင်သော ကျောက်များသည် ဝတ်ဆင်သူ၏ ကျန်းမာရေးဆိုင်ရာ အကျိုး ကျေးဇူးများကို ပေးစွမ်းနိုင်ကြောင်း သိရသည်။ “ကျောက်တစ်မျိုးချင်းစီရဲ့ အရည်အသွေးများမှာ “စိန်” ကို ဝတ်ဆင်ခြင်းဖြင့် ရေဖျဉ်းစွဲခြင်း၊ ကာမ အားနည်းခြင်း၊ ဂရင်ဂျီနာ၊ လေဖြတ်ခြင်းကို ကာကွယ်ပေးသလို “ပတ္တမြား” ဆိုရင်လဲ သွေးအားနည်းရောဂါ၊ ကယောင်ကတမ်း ဖြစ်ခြင်း၊ အရေပြား ရောဂါတို့ကို ကာကွယ်ပေးပါတယ်။ “ပုလဲ” က အဆုတ်ရောင်၊ လည်ပင်းကြီး၊ ဆီးနဲ့ ကိုယ်ခံအားနည်းခြင်း တို့ကို ကာကွယ်ပေးပါတယ်” ဟု တိုင်းရင်းဆေးဆရာများက ပြောသည်။ ထို့ပြင် “ဥဿဖရား” ကို ဝတ်ဆင်ခြင်းဖြင့် မြင်းသရိုက်နာ၊ အဆိပ်သင့်၊ ဆေးလိပ်စွဲ အရက်စွဲ၊ အာရုံစုစည်းမှု အားနည်းခြင်းတို့ကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။ “နီလာပြာ” ကျောက်သည် ပန်းနာ၊ ရက်ခြားဖျားနာ၊ မှတ်ဉာဏ်အားနည်း မပျော်ရွှင်ခြင်းတို့မှ ကာကွယ်နိုင်ကြောင်း၊ “မြ” ကျောက်သည် သန္ဓေ မအောင်ခြင်း၊ ဖျော့တော့နာ၊ နာကျင်ခံစား အဖျားနာများအတွက် အကျိုးကျေးဇူးများ ရရှိကြောင်း၊ “ကြောင်” ကျောက်သည် မီးယပ်ဖြူ ဆင်းခြင်း၊ ပန်းသေခြင်း၊ အဝလွန်၊ မျက်စိရောဂါ အမျိုးမျိုး တို့အတွက် အကျိုးသက်ရောက်မှု ရှိကြောင်း၊ “သန္တာ” ကျောက်မှာ သွေးအားနည်း၊ သွေးအန်၊ သွေးရောဂါ၊ လိပ်ခေါင်း ရောဂါများအတွက် ဝတ်ဆင်သင့်ကြောင်း၊ “ဂေါ်မုတ်” ကျောက်သည် အင်အား အလွန်နည်းခြင်း၊ ချောင်းဆိုး နှုတ်မမြိန်ခြင်း၊ ဖျော့တော့နာတို့အတွက် များစွာ အကျိုးကျေးဇူးရကြောင်း သိရသည်။

crd


 

Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ