"ဝိဇ္ဇာဗေဒ" (သို့မဟုတ်) 'ဆုံဆည်းမှု့၏အခိုက်အတန့်'
ဝမ်းရေး အတတ် နှစ်ဋ္ဌာန၌ ၊
ဗေဒပညာ အက္ခရာ တို့ကို ၊ အနက်ပြန်ဆို ၊
ထိုထိုနိမိတ် ပြဆိုဟိတ်ကြောင့် ၊
မထိန့် မသာ မဖြစ်ရာဘူး ။
တည့်မတ်ဖြစ်စဥ် ၊
ကြောင်းရင်း တင်သော် ၊
သဘာဝတရား အရှိသားကား ၊
ဂြိုဟ်သွား ဂြိုလ်လာ လှည့်စဥ်အခိုက် ၊
ဖြစ်ရိုးဖြစ်စဥ် ၊ သွားလာကြုံရှင့် ၊
မှတ်ဖွယ် နက္ခတ် အလိုတည်း ။
ဝိဇ္ဇာအမြင် ၊ ဉာဏ်၌ ယှဥ်သော် ၊
လူတို့စိတ်ထား ကောင်းစုံပွါးက ၊
ဘုံအလိုက် ချမ်းသာ သုခဖြာသည် ၊
အသိမမွဲ စိတ်၌ စွဲလော့ ၊
မှတ်ဖွယ် နက္ခတ် ဖတ်နည်း တည်း ။
ဂြိုဟ်သွား ဂြိုလ်လာ ဖေါက်ပြန်မှု့ကင်း ၊
ညီညွှတ်ခြင်းကြောင့် ၊ဥတုသဖန် ၊
ကောင်းကျိုးမှန်၏ ။
ဂြိုဟ်သွား ဂြိုဟ်လာ ၊ ဖေါက်ပြန်လာသော် ၊
လူ့ပြည်ဌာနေ သောကပွေ၏ ၊
ဥတုမညီ မိုးသည်း လေထန် ၊
ကမ်းပြည့် ရေလျှံ ဖြစ်ကြောင်းနိမိတ် ၊
ကြောင်းရပ်"သုံး"လီ ဖြစ်မြဲစွာတည်း ။
ဆန်း(စ)လမင်း ၊ကြယ်ရောက်ခွင်းသော် ၊
ပြည်ရွှာ အစွန်ဖျား စစ်မက်ပွါး၏ ။
အဓမ္မဖယ်နှုတ် ကုသိုလ်လုပ်လော့ ၊
"ပါပ"ကိုသာ ပြာချရာသည် ၊
"လ"နှင့်ကြယ်နီး ဟောကိန်းပြီး၏။
Comments
Post a Comment