ထိခိုက်ပျက်စီးစေသော အိမ်၊ ဆိုင်၊ အလုပ်ရုံ မျက်နှာလှည့်များ
အခုတင်ပြပေးမဲ့အကြောင်းအရာက (၇)ရက်သားသမီးများအတွက်နေအိမ်၊ ရုံးခန်း၊အလုပ်စားပွဲ၊ ဈေးဆိုင်စတဲ့အရာတွေ ရာသက်ပန်မျက်နှာမလှည့်သင့်တဲ့အရပ်မျက်နှာလှည့်မိရင် ဆုံးရှုံးပျက်စီးမဲ့အရပ်မျက်နှာကို သိရှိရှောင်နိုင်အောင်တင်ပြပေးမှာဖြစ်ပါတယ်။
နေ့သားသမီးအလိုက်ဘုမ္မိအရပ်ဆိုတာ ရှိနေကြပါတယ်။ အဲဒီ့ဘုမ္မိကျတဲ့အရပ်ကို ကိုယ့်နေမယ့်နေအိမ်၊ ဆိုင်၊ အလုပ်ခန်းမျက်နှာအလှည့်မကောင်းဘူး အခိုက်အညံ့တွေဖြစ်စေတတ်ပါတယ်။
ဘုမ္မိအရပ်နှင့်မရဏအရပ်တူညီနေသောနေ့သားသမီးများအလိုက်အရပ်မျက်နှာများ
တနင်္ဂနွသေားသမီးများ မိမိမြန်မာမွေးခုနှစ်ကိုတည် ၇စား၊ (၁)ကြွင်းလျှင် တောင်ဘက်မျက်နှာစာအလှည့်အိ မ်ဆိုင်အလုပ်ရုံများကိုရှောင်
တနင်္လာသားသမီးများ မိမိမြန်မာမွေးခုနှစ်တည် ၇စား၊ (၄)ခုကြွင်းလျှင် အနောက်တောင်ထောင့်ကျသော အိမ်ဆိုင်အလုပ်ရုံအလုပ်ခန်းမျက်နာစာအလှည့်ကိုရှောင်
အင်္ဂါသားသမီးများ မိမိမြန်မာမွေးသက္ကရာဇ်တည် ၇စား၊ (၂)ခုကြွင်းလျှင် အနောက်အရပ်ကျသောအိ မ်ဆိုင်အလုပ်ရုံအလုပ်ခန်းမျက်နှာစာအလှည့်ကိုရှောင်
ဗုဒ္ဓဟူးသားသမီးများ မိမိမြန်မာမွေးသက္ကရာဇ်ကိုတည် ၇စား၊ (၁)ကြွင်းလျှင် အနောက်မြောက်ထောင့်ကျသော အိမ်ဈေးဆိုင်အလုပ်ရုံမျက်နှာစာအလှည့်ကိုရှောင်
ကြာသပတေးသားသမီးများ မိမိမွေးမြန်မာသက္ကရာဇ်ကိုတည် ၇စား၊ (၅)ကြွင်းသော် အရှေ့မြောက်ထောင့်ကျသော အိမ်ဆိုင်အလုပ်ခန်းမျက်နာစာအလှည့်ကိုရှောင်
သောကြာသားသမီးများ မိမိမြန်မာမွေးသက္ကရာဇ်ကိုတည် ၇စား၊ (ဝ)ကြွင်းသော် အရှေ့တောင်ထောင့်ကျသော အိမ်အလုပ်ခန်းဆိုင်မျက်နှာစာအလှည့်ကိုရှောင်
စနေသားသမီးများ မိမိမြန်မာမွေးသက္ကရာဇ်ကိုတည် ၇စား၊ (၃)ကြွင်းသော် မြောက်အရပ်ကျသော အိမ်ဆိုင်အလုပ်မျက်နှာစာအလှည့်ရှောင်
ရာဟုသားသမီးများ မိမိမြန်မာမွေးသက္ကရာဇ်တည် ၇စား၊ (၆)ကြွင်းသော် အရှေ့အရပ်ကျသောအိမ်ဆိုင်အလုပ်ရုံမျက်စာအလှည့်ကိုရှောင်
မှတ်ချက်အကြွင်းမတူသောနေ့သားသမီးများအတွက်ရာသက်ပန်ရှောင်ရမယ့်အရပ်မရှိ

Comments
Post a Comment