သင့်နာမည်ကောင်းမကောင်း သင်သိပြီလား
နာမည်ကောင်းတစ်ခုတိုင်းစီတွင် 'ဗျည်း၊သရ' တို့ဖြင့်တည်ဆောက်ထားပြီး ၎င်း 'ဗျည်း၊သရ' တို့တွင် ဂဏန်းတန်ဖိုးများ သတ်မှတ်ထားရှိ၏။ဗျည်းသရတို့၏ တန်ဖိုးကိုအောက်ပါအတိုင်းဖော်ပြထား၏။
နာမည်တစ်ခု၏ 'ဗျည်း၊သရ' တန်ဖိုးအားလုံးပေါင်းလိုက်ခြင်းအားဖြင့် နာမည်တစ်ခု၏
စုစုပေါင်းဂဏန်းတန်ဖိုးကိုရရှိမည်ဖြစ်သည်။ရရှိလာသောစုစုပေါင်းဂဏန်းကို (၈)
ဂဏန်းဖြင့် စားခြင်းဖြင့် အကြွင်းရရှိမည်ဖြစ်သည်။ ရရှိလာသောအကြွင်းအပေါ်မူတည်၍ နာမည်အဟောများရှိပါသည်။သင့်နာမည်ကောင်း
မကောင်းတွက်ကြည့်နိုင်ပါသည်။
အကြွင်း(၁) တံခွန် (တံခွန်နာမည်အဟော)
'တံခွန်' နာမည်ခေါ်တွင်ခံရသူများသည် ကြော်ကြားအောင်မြင်သူများဖြစ်မည်။ အနုပညာဖြင့် အောင်မြင်လိမ့်မည်။ လူအများနှင့်ဆက်နွယ်ပတ်သက်နေပြီး အများကိုကြီးကြပ်ကွပ်ကဲ အုပ်ချုပ်လုပ်ကိုင်ရသူဖြစ်မည်။ တစ်ခုထက်မကသောအလုပ်များကို တစ်ပြိုင်ထဲ လုပ်ကိုင်နိုင်သူဖြစ်မည်။ သေလျှင်သော်မှနာမည်ကျန်ရစ်မည်။'တံခွန်'နာမည်သည် အတိုက်အခံနှင့်ယှဉ်၍အောင်မြင်၏။
အကြွင်း (၂) အခိုး (အခိုးနာမည်အဟော)
'အခိုး' နာမည်သည်တန်ခိုးအာဏာတည်တတ်၏။ ဘ၀တစ်လျှောက်လုံးတိုးတက်သည် ထက်တိုးတက်အောင်စနစ်တကျလုပ်တတ်၏။ လူအများနှင့်ပတ်သက်သော အလုပ်များကိုလုပ်တတ်၏။ လုပ်ချင်သည့်လုပ်ငန်းကိစ္စများကို မဖြစ်မနေလုပ်တတ်သည်။
အကြွင်း(၃) ခြင်္သေ့ (ခြင်္သေ့ နာမည်အဟော)
'ခြင်္သေ့' နာမည်သည်လူသိများမည်။ နေရာမရ ရအောင်ကြိုးစားမည်။ ထင်ပေါ်ကျော်ကြားလူသိများမည်။ အာဏာတန်ခိုးကြီးမည်။ ထိပ်ဆုံရောက်ပြီး ပြန်ဆင်းတတ်သည်။
အကြွင်း(၄)ကျား (ကျားနာမည်အဟော)
'ကျား'နာမည်သည် အတက်အကျမြန်တတ်၏။ ကံ၏ကောင်းကျိုးဆိုးကျိုးကို လျင်မြန်စွာခံစားရမည့် နာမည်ဖြစ်သည်။ အတိုက်အခံနှင့်ယှဉ်၍အကျိုးပေးသည်။စိတ်ကူးကိုအကောင်အထည်ဖော်တတ်၏။
အကြွင်း(၅)နွား (နွားနာမည်အဟော)
'နွား' နာမည်သည် လူအများ၏အသုံးချခြင်းကို ခံရတတ်သည်။ အများအတွက် အနစ်နာခံရမည်။ အခွင့်အလမ်းကောင်းတွေ့မည်။ ရန်သူ၏တိုက်ခိုက်ခြင်း ခံရတတ်သည်။
အကြွင်း(၆)မြင်း (မြင်းနာမည်အဟော)
'မြင်း'နာမည်သည် အလုပ်အမျိုးမျိုးတို့ကိုလုပ်ရမည်။ လှုပ်ရှားမှုများမည်။ အတက်အကျအမြဲရှိတတ်သည်။ သေးငယ်သောပြဿနာမှ ကြီးသောအမှုထိဖြစ်တတ်သည်။
အကြွင်း(၇)ဆင် (ဆင်နာမည်အဟော)
ဆင်နာမည်သည် ရေရှည်စီမံကိန်းချပြီးလုပ်ကိုင်ရသောလုပ်ငန်းများတွင်အောင်မြင်အကျိုးပေးမည်။ ဘ၀ကိုတည်ငြိမ်အေးချမ်းစွာလျှောက်လှမ်းရမည်။ဖျော်ဖြေမှု အနုပညာလုပ်ငန်းတွင်အကျိုးပေးသည်။
အကြွင်း(၈ သို့ ၀)လင်းတ (လင်းတနာမည်အဟော)
လင်းတနာမည်သည် ငုပ်လိုက်ပေါ်လိုက်ဖြစ်နေမည်။ ကိုယ့်အကြံအစည်ကိုသူများကလုပြီး လုပ်ခြင်းခံရတတ်သည်။ အရှက်တကွဲဖြစ်ဖို့လွယ်မည်။ စိတ်မတည်မငြိမ်ဖြစ်နေတတ်သည်။ ဆရာသမား လူကြီးများအတွက်အနစ်နာခံရတတ်သည်။

Comments
Post a Comment