ကံဘာလို့ ညံ့တာလဲ ညံ့နေသောကံများ တဖြည်းဖြည်းပြန်လည် ကံမြင့်လာစေသောနည်းများ
ကံဘာလို့ ညံ့တာလဲ ညံ့နေသောကံများ တဖြည်းဖြည်းပြန်လည် ကံမြင့်လာစေသောနည်းများ
၁။ ဘုရားကျောင်းဆောင်
သန့်ရှင်းပါ။
၂။ ပဌာန်းတော် ပရိတ်တော် နေ့စဥ်ဖွင့်ပါ။
၃။ ဆွမ်း ပန်း ရေချမ်း ဆီမီး နေ့စဉ်ကပ်ပါ။
၄။ဘုရား တရား သံဃာ
ဂုဏ်တော် နေ့စဥ်ပွားပါ။
၅။လမ်းပေါ်ရှိ
အမှိုက်သရိုက် ဆူးများမရှိအောင်
လှည်းကျင်းပါ။
၆။စေတီပရဝုဏ်
တံမြက်လှည်းကုသိုလ်ယူပါ။
၇။ဘုန်းကြီးကျောင်း
ကုဋီသန့်ရှင်းရေးလုပ်ပါ။
၈။ ရေကန်ဆယ်ပါ။
၉။ ရေတွင်း ရေကန် ရေ
အလှူပြုပါ။
၁၀။ လမ်းမှာ
အမှတ်တမဲ့တွေ့ရတဲ့
ဆာလောင်နေသူ
လူ/တိရိစ္ဆာန်တို့ကို ဒါနပြုပါ။
၁၁။သစ်ပင်စိုက်ပါ။
၁၂။အရိပ်လှူပါ။
၁၃။လေလွင့်တိရိစ္ဆာန်
များကို ဒါနပြုပါ။
၁၄။ အရူးကျွေးပါ။
၁၅။ တံတားထိုးပါ၊
လှူပါ။
၁၆။ ရဟန်းဒကာ ခံယူပါ။
၁၇။ရေနစ်တိရိစ္ဆာန်လေးများအား
ဆယ်ပါ။
၁၈။ ကံငါးပါး လုံပါ။
၁၉။
စိတ်ကောင်းမွေးပါ။
၂၀။ ဝစီဒုစရိုက်
ရှောင်ပါ။
၂၁။
သူတစ်ပါးကျေးဇူးကို သိတတ်ပါ။
၂၂။သူတော်ကောင်းတရား(၇)ပါးကို
ကျင့်သုံးပါ။
၂၃။တရားထိုင်ပါ။
အထက်ပါအလုပ်တွေကို
ဘာပဲလုပ်လုပ် ပြီးပြီးရော မလုပ်ပါနဲ့။ သဒ္ဓါ ပီတိလေးပွားပြီး ရအောင်လုပ်ပါ။
မုချ ကံမြင့်လာမှာပါ။

Comments
Post a Comment