ဟင်္သာတာရာ နှင့် ဟင်္သာစလုတ်ကြယ်

 

​ရှေးမြန်မာနက္ခတ်ပညာရှင်များဟာ ဟင်္သာတာရာ နဲ့ ဟင်္သာစလုတ်ကို အမြဲလိုလို ​စောင့်ကြည့်​လေ့လာခဲ့ကြပါတယ်။ ဟင်္သာစလုတ်ကြယ် ထွန်းလင်း​တောက်ပတဲ့အခါ မြန်မာနိုင်ငံမှာ ဆန်​ရေစပါး ​ပေါကြွယ်ဝပြီး..၊ ဟင်္သာစလုတ် ​မှေးမှိန်ခဲ့လျှင် ဆင်းရဲ ပင်ပန်းတတ်တယ်လို့ ​ရှေးအယူရှိခဲ့ကြပါတယ်။ ယခုရက်ပိုင်းမှာ လသွားလမ်း​ကြောင်း (တနည်း) လအနီးနားမှာ အဝါ​ရောင်ပြပြ​လေး လင်းလက်​နေတဲ့ ဟင်္သာစလုတ်ကြယ် (Capella) ကို ရှာ​ဖွေကြည့်ရှုနိုင်ပါတယ်။
ဒုတိယပုံမှာပြထားသလို လသွားတဲ့ လမ်း​ကြောင်းမှာ တည်ရှိ​နေတဲ့ ကြယ်စုများဟာ နက္ခတ်များ ဖြစ်ကြပါတယ်။ စုစု​ပေါင်း ၂၇ လုံးရှိပါတယ်။ တာရာဆိုတာက​တော့ အဆိုပါ နက္ခတ်များနဲ့ အစဉ်လိုက် ယှဉ်တွဲ​နေတဲ့ ကြယ်စုများ ဖြစ်ကြပါတယ်။ ကျီးတာရာ၊ ဟင်္သာတာရာ၊ ပုဇွန်၊ ချိန်၊ ဆံကျင်၊ တံငါ၊ ဆင်၊ မြင်း၊ ဗျိုင်း စသည်ဖြင့် တာရာ(ကြီး) ၉လုံးရှိပါတယ်။

၄င်းတို့ထဲမှာမှ ဟင်္သာတာရာဟာ ​ရောဟဏီနက္ခတ် (Aldebaran)၊ မိဂသီ နက္ခတ် (Orion)၊ အဒြနက္ခတ် (Betelgeuse) တို့အပါအဝင် ဟင်္သာရုပ်ပုံစံ ကြယ်အစုအ​ဝေးတစ်ခုဖြစ်ပါတယ်။ Capella ကြယ်ဟာ ဟင်္သာစလုတ် ​နေရာမှာရှိတဲ့ အဝါ​ရောင် ကြယ်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၄၂ နှစ်​ကျော် အကွာအ​ဝေးမှာ တည်ရှိပြီး ​သေချာစွာ ​လေ့လာကြည့်လိုက်တဲ့အခါ ကြယ် ၄ လုံး ပါဝင်လှည့်ပါတ်​နေတဲ့ စနစ်တစ်ခု ဖြစ်​နေပါတယ်။

အဓိက ပါဝင်ကြတဲ့ ကြယ်များက​တော့ ပုံမှာ​တွေ့ရတဲ့ ​နေနှင့် အမျိုးအစားတူ အဝါ​ရောင် (G အမျိုးအစား) ကြယ်နှစ်စင်း (Aa နှင့် Ab) ဖြစ်ပါတယ်။ ကျ​နော်တို့ ​နေထက်​တော့ ပိုမိုကြီးမားပြီး ​တောက်ပကြပါတယ်။ ၄င်းကြယ်နှစ်ခုကို တဖန်ပြန်လှည့်ပတ်​နေတဲ့ ကြယ်ပု​လေး နှစ်လုံးလည်း ရှိ​နေပါတယ်။ အဝါ​ရောင် ကြယ်နှစ်စင်းဟာ တစ်ခုနှင့် တစ်ခု ၁၀၄ ရက်လျှင် တစ်ပါတ်နှုန်းဖြင့် လှည့်ပတ်​နေကြပါတယ်။ ထို့အတွက်​ကြောင့် ကမ္ဘာမှကြည့်တဲ့အခါ နှစ်ခုပူးကပ်​နေချိန်ဆိုလျှင် လင်းလက်စွာ မြင်ရပြီး.. နှစ်ခု​ဝေးကွာချိန်မှာ အ​ရောင်မှိန်ရခြင်း ဖြစ်ပါတယ်။
အာကာသကို စိတ်ပါဝင်စားသူများအ​နေနဲ့ ယခုရက်ပိုင်း လ ဖြတ်သွားမည့် လမ်း​ကြောင်းအနီးမှာ ဟင်္သာတာရာ နဲ့ ဟင်္သာစလုတ်ကြယ်​ပြောင်ကို လွယ်ကူစွာ ရှာ​ဖွေကြည့်နိုင်ကြပါတယ်။

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)






Comments

Popular posts from this blog

ထီပေါက်ကံကိုမြှင်ပေးနိုင်သလို ဘယ်လောက်ပင်ဆိုးနေတဲ့ကံဖြစ်နေပါစေ ကံပွင့် လာဘ်ရွှင်စေတဲ့ ဘုရားရှိခိုးနည်း

အိမ်မြှောင် စုတ်ထိုးနိမိတ်

၂၀၂၃-ခုနှစ် (၄)လပိုင်းအတွက် (၇)ရက်သားသမီးများ၏ တစ်လစာ ဟောစာတမ်းများ